ပဲတီစိမ္းခင္းကို ပိုးသတ္ေဆးဖ်န္းစဥ္ အမ်ဳိးသမီးတစ္ဦး အဆိပ္သင္႕၍ လဲက်ေသဆံုး


ယခုေဖာ္ျပထားသည့္ ဓါတ္ပုံ မွာ နမူနာဓါတ္ပုံသာ ျဖစ္ပါတယ္။
ၿမိဳ႕သစ္ၿမိဳ႕နယ္ သံုးခြတဲတုိက္တြင္ အမ်ဳိးသမီးတစ္ဦး ပိုးသတ္ေဆးဖ်န္းစဥ္ အဆိပ္သင့္၍ လဲက်ေသဆံုးခဲ့မႈ ဇြန္၁၇ရက္က ျဖစ္ပြားခဲ့ေၾကာင္း နယ္ေျမရဲစခန္းမွသိရသည္။

ဇြန္၁၇ရက္ နံနက္၁နာရီ၄၅ မိနစ္က ၿမိဳ႕သစ္ျပည္သူ႔ေဆး႐ံုမွ အဆိပ္သင့္၍ ေသဆံုးေနေသာ အမ်ဳိးသမီးအေလာင္း ေရာက္ရွိေၾကာင္း သတင္းေပးခ်က္အရ ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္မင္းမင္းစိုး သြားေရာက္စစ္ေဆးခဲ့သည္။

ထိုသို႔စစ္ေဆးစဥ္ ေသဆံုးသူ မွာ မစိုးသံုးခြတဲတိုက္ အင္ရြာႀကီးအုပ္စု ၿမိဳ႕သစ္ၿမိဳ႕နယ္ေနသူျဖစ္ၿပီး ၄င္းသည္ ဇြန္ ၁၆ရက္ ညေန ၃နာရီခြဲက ပိုးသတ္ေဆးပံုးကုိ ေနာက္ေက်ာတြင္ လြယ္ၿပီး ၄င္းပိုင္ ပဲတီစိမ္းခင္းကုိ ေဆးသြားဖ်န္းရာမွ ညေန ၅နာရီထိ တဲတိုက္ေနအိမ္သုိ႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိ၍ မစိုး၏ မိခင္ျဖစ္သူ ေဒၚဆယ္ရင္က သြားေရာက္ရွာေဖြရာ ပဲတီစိမ္း ခင္းအလယ္တြင္ ေဆးဖ်န္းပံုးကို လြယ္လ်က္ တေစာင္းအေနအထားျဖင့္ ပါးစပ္မွ အန္ဖတ္မ်ားထြက္ လ်က္လဲက်ေနသည္ကို ေတြ႕ရွိရသျဖင့္ တဲတိုက္သို႔ျပန္လည္ေခၚ ေဆာင္လာၿပီး ၿမိဳ႕သစ္ေဆး႐ံုသုိ႔ ပို႔ေဆာင္စဥ္ လမ္းခရီး၌ ေသဆံုး သြားခဲ့ျခင္းျဖစ္ေၾကာင္း အမႈစစ္၏ စစ္ေဆးခ်က္အရ သိရသည္။

 ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲအုပ္ မင္းမင္းစိုးက တရားလိုျပဳတုိင္တန္း ခဲ့ေသာေၾကာင့္ ၿမိဳ႕သစ္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၇/၂ဝ၁၆ျဖင့္ အမႈဖြင့္ ထားေၾကာင္း သတင္းရရွိသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
............


ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။
မြို့သစ်မြို့နယ် သုံးခွတဲတိုက်တွင် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးဖျန်းစဉ် အဆိပ်သင့်၍ လဲကျသေဆုံးခဲ့မှု ဇွန်၁၇ရက်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေရဲစခန်းမှသိရသည်။

ဇွန်၁၇ရက် နံနက်၁နာရီ၄၅ မိနစ်က မြို့သစ်ပြည်သူ့ဆေးရုံမှ အဆိပ်သင့်၍ သေဆုံးနေသော အမျိုးသမီးအလောင်း ရောက်ရှိကြောင်း သတင်းပေးချက်အရ မြို့သစ်မြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းစိုး သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် သေဆုံးသူ မှာ မစိုးသုံးခွတဲတိုက် အင်ရွာကြီးအုပ်စု မြို့သစ်မြို့နယ်နေသူဖြစ်ပြီး ၄င်းသည် ဇွန် ၁၆ရက် ညနေ ၃နာရီခွဲက ပိုးသတ်ဆေးပုံးကို နောက်ကျောတွင် လွယ်ပြီး ၄င်းပိုင် ပဲတီစိမ်းခင်းကို ဆေးသွားဖျန်းရာမှ ညနေ ၅နာရီထိ တဲတိုက်နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မစိုး၏ မိခင်ဖြစ်သူ ဒေါ်ဆယ်ရင်က သွားရောက်ရှာဖွေရာ ပဲတီစိမ်း ခင်းအလယ်တွင် ဆေးဖျန်းပုံးကို လွယ်လျက် တစောင်းအနေအထားဖြင့် ပါးစပ်မှ အန်ဖတ်များထွက် လျက်လဲကျနေသည်ကို တွေ့ရှိရသဖြင့် တဲတိုက်သို့ပြန်လည်ခေါ် ဆောင်လာပြီး မြို့သစ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရ သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ် မင်းမင်းစိုးက တရားလိုပြုတိုင်တန်း ခဲ့သောကြောင့် မြို့သစ်မြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ရ/၂ဝ၁၆ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)