ေက်ာက္စိမ္းလုပ္ငန္းၾကပ္မတ္တဲ့ ႀကီးၾကပ္ေရးအဖဲြ႔ကို ဖဲြ႔စည္း

ကခ်င္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦး H လေအာင္ ကို ၂ဝ၁၆ ခုႏွစ္ ဇြန္လ ၂ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Myo Min/RFA
ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ေက်ာက္တူးေဖာ္ေရးလုပ္ငန္းေတြကို စိစစ္ၾကပ္မတ္ဖို႔အတြက္ လံုးခင္း-ဖားကန္႔ ရတနာေျမ ေက်ာက္စိမ္းတူးေဖာ္မႈႀကီးၾကပ္ေရးအဖြဲ႔ကို ျပည္နယ္အစိုးရအဖဲြ႔က ဖြဲ႔စည္းလိုက္ ပါတယ္။

ေက်ာက္စိမ္းတူးေဖာ္မႈႀကီးၾကပ္ေရးအဖြဲ႔ကို စီမံခ်က္တစ္ရပ္အေနနဲ႔ ဖြဲ႔စည္းလိုက္တာျဖစ္တာလို႔ ကခ်င္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦး H လေအာင္က ေျပာပါတယ္။

အဲ့ဒီအဖြဲ႔ကို ဖားကန္႔ၿမိဳ႕နယ္ ေက်ာက္စိမ္းတူးေဖာ္ေရးဌာနက ဦးေဆာင္တာျဖစ္ၿပီး သစ္ေတာ၊ အုပ္ခ်ဳပ္ေရး႒ာန စတဲ့အဖြဲ႔ေတြက ပူးေပါင္းေဆာင္ရြက္မွာျဖစ္ပါတယ္။

ဒါ႔အျပင္ ေက်ာက္စိမ္း တူးေဖာ္ေရးေတြလုပ္ကိုင္တဲ႔အခါ ေက်ာက္ေတာင္ေတြ ၿဖိဳရာမွာ အသံုးျပဳတဲ႔ ယမ္းဘီလူး ေခၚ ဒိုင္းနမိုက္ေတြကို ကုမၸဏီေတြက ဖားကန္႔ကို သယ္ယူခြင့္ေပးတာကို ျပည္ေထာင္စုအစိုးရအေနနဲ႔ ျပည္နယ္ အစိုးရအဖြဲ႔ထံ အသိေပးသင့္ေၾကာင္း ဝန္ႀကီးက ေျပာပါတယ္။

ဖားကန္႔ၿမိဳ႕နယ္က လံုးခင္း၊ ေမွာ္စီစာ၊ ေဝွခါ၊ ေမွာ္သစ္ကုန္း၊ ဆိပ္မူ စတဲ႔ ေမွာ္ရြာတဝိုက္မွာ ကုမၸဏီလုပ္ကြက္ေပါင္း ရွစ္ေထာင္နီးပါး ရွိၿပီး စက္ယႏၱရားေတြနဲ႔ ေက်ာက္စိမ္းတူးေဖာ္လုပ္ကိုင္ ေနၾကတာျဖစ္ပါတယ္။

မိုးတြင္းကာလျဖစ္တဲ့ ေမလကုန္ပိုင္းကစၿပီး ယႏၱရားေတြနဲ႔ ေက်ာက္တူးေဖာ္မႈေတြကို ငါးလၾကာ ရပ္နားထားၿပီျဖစ္ ပါတယ္။

RFA Burmese
http://www.rfa.org/burmese/
......

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကို စိစစ်ကြပ်မတ်ဖို့အတွက် လုံးခင်း-ဖားကန့် ရတနာမြေ ကျောက်စိမ်းတူးဖော်မှုကြီးကြပ်ရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းလိုက် ပါတယ်။

ကျောက်စိမ်းတူးဖော်မှုကြီးကြပ်ရေးအဖွဲ့ကို စီမံချက်တစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တာလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ပြောပါတယ်။

အဲ့ဒီအဖွဲ့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းတူးဖော်ရေးဌာနက ဦးဆောင်တာဖြစ်ပြီး သစ်တော၊ အုပ်ချုပ်ရေးဋ္ဌာန စတဲ့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်စိမ်း တူးဖော်ရေးတွေလုပ်ကိုင်တဲ့အခါ ကျောက်တောင်တွေ ဖြိုရာမှာ အသုံးပြုတဲ့ ယမ်းဘီလူး ခေါ် ဒိုင်းနမိုက်တွေကို ကုမ္ပဏီတွေက ဖားကန့်ကို သယ်ယူခွင့်ပေးတာကို ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ် အစိုးရအဖွဲ့ထံ အသိပေးသင့်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ်က လုံးခင်း၊ မှော်စီစာ၊ ဝှေခါ၊ မှော်သစ်ကုန်း၊ ဆိပ်မူ စတဲ့ မှော်ရွာတဝိုက်မှာ ကုမ္ပဏီလုပ်ကွက်ပေါင်း ရှစ်ထောင်နီးပါး ရှိပြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တဲ့ မေလကုန်ပိုင်းကစပြီး ယန္တရားတွေနဲ့ ကျောက်တူးဖော်မှုတွေကို ငါးလကြာ ရပ်နားထားပြီဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)