ရွှေဆွဲကြိုး လုယက်ထွက်ပြေးသူနှစ်ဦးကို ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်း ဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန် ၃၀

၃၀.၆.၂၀၁၆ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်နေ ဒေါ်--- သည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် မြဂန္ဓမာဈေးရှေ့အရောက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်း၏လည်ပင်းတွင် ဆွဲထားသော အလေးချိန်၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအား လုယူထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းခံခဲ့ပါသည်။

ပတ်ဝန်းကျင်ရှိပြည်သူများမှ ၎င်းအမျိုးသားနှင့် အမျိုးသမီးတို့အား ၀ိုင်းဝန်း ဖမ်းဆီးထားရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်း ကြားခဲ့၍ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်မေးခဲ့ရာ ၎င်းတို့မှာ လှိုင်သာယာမြို့နယ်နေ အေးမင်း၊ (၄၉)နှစ်နှင့် မတင်ထွေး၊ (၄၉)နှစ်တို့ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ထံမှ သက်သေခံရွှေဆွဲကြိုးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။


Yangon Police
.....

ရန်ကုန်၊ ဇွန် ၃၀

၃၀.၆.၂၀၁၆ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်နေ ဒေါ်--- သည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် မြဂန္ဓမာစျေးရှေ့အရောက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်း၏လည်ပင်းတွင် ဆွဲထားသော အလေးချိန်၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးအား လုယူထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းခံခဲ့ပါသည်။

ပတ်ဝန်းကျင်ရှိပြည်သူများမှ ၎င်းအမျိုးသားနှင့် အမျိုးသမီးတို့အား ၀ုိင်းဝန်း ဖမ်းဆီးထားရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်း ကြားခဲ့၍ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်မေးခဲ့ရာ ၎င်းတို့မှာ လှိုင်သာယာမြို့နယ်နေ အေးမင်း၊ (၄၉)နှစ်နှင့် မတင်ထွေး၊ (၄၉)နှစ်တို့ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ထံမှ သက်သေခံရွှေဆွဲကြိုးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ယင်းသို့ကျူးလွန်သူ အေးမင်းနှင့် မတင်ထွေးတို့(၂)ဦးကို ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် (ပ)၄၈၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)