တိ/ေမြးကု ဆရာဝန္ ဆင္းနင္းခံရ၍ ေသဆုံး


ယခုေဖာ္ျပထားသည့္ ဓါတ္ပုံ မွာ နမူနာဓါတ္ပုံသာ ျဖစ္ပါ
ပင္လည္ဘူးl ဇြန္-၂၅

ပင္လည္ဘူးၿမဳိ႕နယ္တြင္ ဇြန္လ ၂၄ ရက္ နံနက္ပုိင္းက တိ/ေမြးကု ဆရာဝန္တစ္ဦး ဆင္းနင္းခံရၿပီး ယင္းေနရာတြင္ပင္ ေသဆုံး သြားေၾကာင္း သိရသည္။

ပင္လည္ဘူးၿမဳိ႕နယ္ l မုိးဘာရြာအနီးl ဒုိးႏြယ္ေတာတြင္ ျဖစ္ပြားခဲ႔ရာ ေသဆုံးသူမွာ ဟုမၼလင္းသစ္ထုတ္လုပ္ေရးလုပ္ကြက္မွ အသက္ ၄၃ ႏွစ္ရွိ တိေမြးကုဆရာဝန္တစ္ဦး ျဖစ္သည္။

''ေအာင္ေဇယ်'' အမည္ရွိ အရပ္ (၈) ေပခန္႔ ဆင္ထီးကုိ အဆုိပါ ဆရာဝန္က ေမ႔ေဆးေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးစဥ္ လူဆီ ေျပးလာကာ ႏွာေမာင္းျဖင့္ရစ္ပတ္ ကုိင္ေပါက္ တက္နင္းရာတြင္ အရုိးမ်ားက်ဳိးၿပီး ျပင္းထန္ဒဏ္ရာမ်ား ႏွင့္ ေသဆုံးေၾကာင္း ရဲမွတ္တမ္း၌ပါရွိသည္။

Monywa Gazette
https://www.facebook.com/chindwingazet
.......


ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါ
ပင်လည်ဘူးl ဇွန်-၂၅

ပင်လည်ဘူးမြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက တိ/မွေးကု ဆရာဝန်တစ်ဦး ဆင်းနင်းခံရပြီး ယင်းနေရာတွင်ပင် သေဆုံး သွားကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ် l မိုးဘာရွာအနီးl ဒိုးနွယ်တောတွင် ဖြစ်ပွားခဲ့ရာ သေဆုံးသူမှာ ဟုမ္မလင်းသစ်ထုတ်လုပ်ရေးလုပ်ကွက်မှ အသက် ၄၃ နှစ်ရှိ တိမွေးကုဆရာဝန်တစ်ဦး ဖြစ်သည်။

''အောင်ဇေယျ'' အမည်ရှိ အရပ် (၈) ပေခန့် ဆင်ထီးကို အဆိုပါ ဆရာဝန်က မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် လူဆီ ပြေးလာကာ နှာမောင်းဖြင့်ရစ်ပတ် ကိုင်ပေါက် တက်နင်းရာတွင် အရိုးများကျိုးပြီး ပြင်းထန်ဒဏ်ရာများ နှင့် သေဆုံးကြောင်း ရဲမှတ်တမ်း၌ပါရှိသည်။

Monywa Gazette
https://www.facebook.com/chindwingazet
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)