တရုတ္ရဲ ႔ စည္းရံုးေရး လႈပ္ရွားမႈ

ဂၽြန္လ ၄ရက္ေန႕က ကခ်င္ျပည္နယ္သို႕ လာေရာက္ေသာ တရုတ္ သံအမတ္ကို ျမစ္ဆံုဆည္တည္ေဆာက္ရန္ ႀကိဳးပမ္းမႈမ်ား ရပ္ဆိုင္းရန္ ေတာင္းဆိုဆႏၵျပေနေသာ ျမစ္ႀကီးနား ေဒသခံမ်ား။ ဓါတ္ပံု (EPA/MYITKYINA NEWS JOURNAL)
ဇြန္လဆန္းပိုင္းက တရုတ္သံအမတ္ ဟုန္လ်န္နဲ႔အဖြဲ႔ ကခ်င္ျပည္နယ္ကို ခ်စ္ၾကည္ေရးခရီးထြက္ၾကၿပီး ျမစ္ဆံုဆည္ စီမံကိန္းျပန္စႏိုင္ေရးအတြက္ စည္းရံုးေရး ဆင္းၾကပါတယ္။ ျမစ္ဆံုစီမံကိန္းကို ကခ်င္ျပည္နယ္အစိုးရက ရပ္ဆိုင္းတာမဟုတ္ဘဲ ျပည္သူ႔ဆႏၵအရ ျပည္ေထာင္စုအစိုးရက ရပ္ဆိုင္းတာျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ရွင္းျပပါတယ္။ တရုတ္ကုမၸဏီ လာဘ္ထိုးေကာင္းမႈေၾကာင့္ ဗိုလ္သန္းေရႊအစိုးရက ခြင့္ျပဳခဲ့တဲ့ စီမံကိန္းကို ျပည္သူ႔ဆႏၵအရ ဦးသိန္းစိန္အစိုးရက ရပ္ဆိုင္းတာျဖစ္တဲ့အတြက္ ျပည္သူက သေဘာတူရင္ ျပန္စႏုိင္မယ့္ သေဘာရွိတယ္လို႔ တရုတ္ဘက္က ယူဆပံုရပါတယ္။

ဇြန္လ (၈) ရက္ေန႔ေရာက္ေတာ့ တရုတ္-ျမန္မာ ေဆြမ်ဳိးေပါက္ေဖာ္ ခ်စ္ၾကည္ေရး ေဖာင္ေဒးရွင္းကို တည္ေထာင္ပါတယ္။ တရုတ္-ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရးကို ျမွင့္တင္ဖုိ႔ အဓိက ရည္ရြယ္ပါတယ္။ ျမန္မာ့အသက္ေမြးဝမ္းေက်ာင္း ပညာကို ကူညီေရး၊ တရုတ္-ျမန္မာ ပညာသင္ေက်ာင္း ကြန္ရက္ဖြဲ႔စည္းေရး (၂) ႏိုင္ငံ လူငယ္မ်ား နားလည္မႈ ရရွိေရး၊ အခမဲ့မ်က္စိ ကုသေပးေရး၊ ေဆးရံုႏွစ္ရံု တည္ေဆာက္ေရး စတာေတြဟာ ေဆြမ်ဳိးေပါက္ေဖာ္အဖြဲ႔ရဲ ႔ လတ္တေလာ ဦးတည္ခ်က္ေတြ ျဖစ္ပါတယ္။ ဇြန္လ (၁၁) ရက္ေန႔ေရာက္ေတာ့ တရုတ္-ျမန္မာ ေမာ္ေတာ္ယာဥ္တန္းရဲ ႔ ခရီးစဥ္ကို တရုတ္သံရံုးက ေၾကညာပါတယ္။

လာမယ့္ ေအာက္တိုဘာလမွာ ျမန္မာျပည္ထဲ စတင္ဝင္ေရာက္မယ့္ ေဆြမ်ဳိးေပါက္ေဖာ္ ခ်စ္ၾကည္ေရး ေမာ္ေတာ္ယာဥ္တန္း ခရီးစဥ္အတြင္းမွာ အခမဲ့ေဆးကုသမႈ၊ ဆင္းရဲႏြမ္းပါးတဲ့ ေဒသကို လွဳဒါန္းမႈ၊ စာသင္ေက်ာင္း ေဆာက္လုပ္ေပးမႈ၊ ဘုန္းႀကီးသင္ ပရဟိတ မိဘမဲ့ေက်ာင္းနဲ႔ ဆင္းရဲႏြမ္းပါးတဲ့ေက်ာင္းေတြကို ကူညီေထာက္ပံ့မႈ စတာေတြ ေဆာင္ရြက္မယ္လို႔ ဆိုပါတယ္။ အားကစားၿပိဳင္ပြဲေတြျဖစ္တဲ့ လက္ေဝွ႔ပြဲ၊ ေဘာလံုးပြဲ၊ ေဘာလီေဘာပြဲေတြအျပင္ ခ်စ္ၾကည္ေရးပေဒသာကပြဲ နဲ႔ ပန္းခ်ီပြဲေတြကို က်င္းပဖုိ႔လည္း စီစဥ္ထားေၾကာင္း သိရွိရပါတယ္။ အႏွစ္ (၂၀) ေက်ာ္ စစ္အစိုးရကို အႀကိဳက္ေပးၿပီး သယံဇာတ ထုတ္ယူဖုိ႔သာ အာရံုစိုက္ခဲ့တဲ့ တရုတ္ဟာ NLD အစိုးရလက္ထက္မွာ ျပည္သူလူထုကို စည္းရံုးသိမ္းသြင္းဖို႔ ႀကိဳးစားလာပါတယ္။ ျပည္သူ႔အက်ဳိး သယ္ပိုးတဲ့ ေဆြမ်ဳိးေပါက္ေဖာ္အျဖစ္ ျမင္လာေအာင္ ႀကိဳးစားေနပံုရပါတယ္။

ဇြန္လ (၁၈) ရက္ေန႔မွာ စြမ္းအင္ဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲတက္ဖို႔ တရုတ္ျပည္သြားမယ့္ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းကို ေလဆိပ္လိုက္ပို႔ရင္း လူသားအရင္းအျမစ္ ဖြံ႔ၿဖိဳးတိုးတက္ဖို႔ ကူညီမယ့္ အစီအစဥ္ေတြကို တရုတ္သံမွဴး မစၥတာရွဲ ႔ေကာရွန္း က ရွင္းျပေၾကာင္း (၂၅) ရက္ေန႔ထုတ္ ရွင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။ ျမန္မာျပည္ဟာ အေရးပါတဲ့ အိမ္နီးခ်င္းႏုိင္ငံ ျဖစ္တာမုိ႔ လူ႔စြမ္းအားအရင္းအျမစ္ ျမွင့္တင္ဖုိ႔အတြက္ တရုတ္က ကူညီပံ့ပိုးမယ္လို႔ ဆိုပါတယ္။ လက္ရွိ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏုိင္မယ့္ လူစြမ္းအားျမွင့္တင္ေရး မြမ္းမံသင္တန္းေတြ ေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းသားဦးေရမွာ ျမန္မာ့အတြက္ အထူးဦးစားေပးမယ္လုိ႔ ဆိုပါတယ္။ (၂၀၁၅) မွာ ျမန္မာအစိုးရဝန္ထမ္း (၇၀၆) ဦး တရုတ္ျပည္မွာ မြမ္းမံသင္တန္းတက္ခဲ့ၿပီး ဒီႏွစ္ ဧၿပီက ဇြန္လအထိ (၂၄၆) ဦး သင္တန္းတက္ေၾကာင္း သိရပါတယ္။

တခ်ိန္တည္းမွာပဲ ယူနန္-ျမန္မာနယ္ေဒသ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ အရွိန္အဟုန္ ျပင္းထန္လာဖို႔လည္း ႀကိဳးစားေနတာေတြ႔ရပါတယ္။ အာဆီယံ နဲ႔ အိႏိၵယ သမုဒၵရာႏိုင္ငံေတြနဲ႔ ကုန္သည္ဖို႔အတြက္ ယူနန္နယ္စပ္မွာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရးဇုန္ေတြ တည္ေဆာက္ပံုကို ေဟာင္ေကာင္ ကုန္သြယ္ေရး နဲ႔ ဖြံ႔ၿဖိဳးေရးေကာင္စီ စီးပြားေရးပညာရွင္ Billy Wong က လြန္ခဲ့တဲ့လက စာတမ္းထုတ္ထားပါတယ္။ ယူနန္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး မဟာစီမံကိန္း ျဖစ္ပါတယ္။ တရုတ္ျပည္ ကမ္းရိုးတန္းေဒသထုတ္ အထည္အလိပ္နဲ႔ အိမ္သံုးပစၥည္းကို ယူနန္ကေန အာဆီယံႏုိင္ငံေတြကို တင္ပို႔ေနတာ ျဖစ္ပါတယ္။ ၂၀၁၄ စာရင္းအရ ယူနန္ရဲ ႔ ႏိုင္ငံျခားကုန္သြယ္ေရးမွာ အာဆီယံႏုိင္ငံေတြနဲ႔ ကုန္သြယ္တဲ့ ပမာဏ က (၅၀) ရာခိုင္ႏႈန္းရွိၿပီး ျမန္မာနဲ႔ ကုန္သြယ္တာဟာ အမ်ားဆံုး ျဖစ္ပါတယ္။

ယူနန္-ျမန္မာ ကုန္သြယ္ေရးမွာ ေရႊလီ-မူဆယ္လမ္းက (၆၀) ရာခိုင္ႏႈန္း ယူထားပါတယ္။ ထူျခားမႈကေတာ့ တရုတ္ကမ္းရိုးတန္းေဒသက ကုမၸဏီေတြ ေရႊလီမွာ ကုန္ထုတ္လုပ္ငန္း တည္ေထာင္လာတာ ျဖစ္ပါတယ္။ ေရႊလီမွာ ျမန္မာအလုပ္သမားတဦးဟာ ယြမ္ (၁) ေထာင္ (ေဒၚလာ ၁၅၀) ေလာက္ လခ ရတာမို႔ ျမန္မာ (၅) ေသာင္းေက်ာ္ အလုပ္လုပ္ေနေၾကာင္း သိရပါတယ္။ ေက်ာက္မ်က္ ေက်ာက္စိမ္း၊ သစ္၊ ရာဘာ နဲ႔ ပတ္သက္တဲ့ ကုန္ထုတ္လုပ္ငန္းေတြ ေရႊလီမွာ တိုးပြားေနပါတယ္။ ေဘဂ်င္း ေမာ္ေတာ္ကားလုပ္ငန္းဟာ တရုတ္ျပည္ အနယ္နယ္အရပ္ရပ္က ေပးပို႔တဲ့ ကားပစၥည္း အစိတ္အပိုင္းေတြကို ေရႊလီစက္ရံုမွာ တတ္ဆင္ၿပီး ေမာ္ေတာ္ကား ထုတ္လုပ္ေနပါတယ္။

ေရႊလီ၊ ဂ်ယ္ေဂါင္၊ မူဆယ္ နယ္စပ္ စီးပြားေရးဇုန္ဟာ တရုတ္-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ အေျခခံနယ္ေျမျဖစ္ဖို႔ တရုတ္က လုိလားပါတယ္။ ျမန္မာရဲ ႔ (၂၀၁၄) ျပည္တြင္း အသားတင္ ထုတ္လုပ္မႈဟာ ေဒၚလာသန္း (၆၆၀၀၀) ျဖစ္ၿပီး၊ ယူနန္ရဲ ႔ ထုတ္လုပ္မႈဟာ ေဒၚလာသန္းေပါင္း (၁) သန္း (၃) သိန္း ျဖစ္တဲ့အတြက္ ျမန္မာထုတ္လုပ္မႈထက္ အဆေပါင္း (၂၀) ေလာက္ ပိုမ်ားေနပါတယ္။ တရုတ္အစိုးရရဲ ႔ ပိုးလမ္းမ စီးပြားေရးလမ္းေၾကာင္းမွာ ယူနန္ဟာ အခ်က္အခ်ာ ကူရံုတင္မကဘဲ ျမန္မာ့ကုန္ၾကမ္းကို ကုန္ေခ်ာျဖစ္ေအာင္ လုပ္တဲ့ေနရာလည္း ျဖစ္ေနပါတယ္။

 ဦးေအာင္ခင္ /  ေက်ာ္ေက်ာ္သိန္း / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......

ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။ ဓါတ်ပုံ (EPA/MYITKYINA NEWS JOURNAL)
ဇွန်လဆန်းပိုင်းက တရုတ်သံအမတ် ဟုန်လျန်နဲ့အဖွဲ့ ကချင်ပြည်နယ်ကို ချစ်ကြည်ရေးခရီးထွက်ကြပြီး မြစ်ဆုံဆည် စီမံကိန်းပြန်စနိုင်ရေးအတွက် စည်းရုံးရေး ဆင်းကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ်အစိုးရက ရပ်ဆိုင်းတာမဟုတ်ဘဲ ပြည်သူ့ဆန္ဒအရ ပြည်ထောင်စုအစိုးရက ရပ်ဆိုင်းတာဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်က ရှင်းပြပါတယ်။ တရုတ်ကုမ္ပဏီ လာဘ်ထိုးကောင်းမှုကြောင့် ဗိုလ်သန်းရွှေအစိုးရက ခွင့်ပြုခဲ့တဲ့ စီမံကိန်းကို ပြည်သူ့ဆန္ဒအရ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းတာဖြစ်တဲ့အတွက် ပြည်သူက သဘောတူရင် ပြန်စနိုင်မယ့် သဘောရှိတယ်လို့ တရုတ်ဘက်က ယူဆပုံရပါတယ်။

ဇွန်လ (၈) ရက်နေ့ရောက်တော့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ပါတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ မြန်မာ့အသက်မွေးဝမ်းကျောင်း ပညာကို ကူညီရေး၊ တရုတ်-မြန်မာ ပညာသင်ကျောင်း ကွန်ရက်ဖွဲ့စည်းရေး (၂) နိုင်ငံ လူငယ်များ နားလည်မှု ရရှိရေး၊ အခမဲ့မျက်စိ ကုသပေးရေး၊ ဆေးရုံနှစ်ရုံ တည်ဆောက်ရေး စတာတွေဟာ ဆွေမျိုးပေါက်ဖော်အဖွဲ့ရဲ ့ လတ်တလော ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဇွန်လ (၁၁) ရက်နေ့ရောက်တော့ တရုတ်-မြန်မာ မော်တော်ယာဉ်တန်းရဲ ့ ခရီးစဉ်ကို တရုတ်သံရုံးက ကြေညာပါတယ်။

လာမယ့် အောက်တိုဘာလမှာ မြန်မာပြည်ထဲ စတင်ဝင်ရောက်မယ့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်အတွင်းမှာ အခမဲ့ဆေးကုသမှု၊ ဆင်းရဲနွမ်းပါးတဲ့ ဒေသကို လှုဒါန်းမှု၊ စာသင်ကျောင်း ဆောက်လုပ်ပေးမှု၊ ဘုန်းကြီးသင် ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဆင်းရဲနွမ်းပါးတဲ့ကျောင်းတွေကို ကူညီထောက်ပံ့မှု စတာတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အားကစားပြိုင်ပွဲတွေဖြစ်တဲ့ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲ၊ ဘောလီဘောပွဲတွေအပြင် ချစ်ကြည်ရေးပဒေသာကပွဲ နဲ့ ပန်းချီပွဲတွေကို ကျင်းပဖို့လည်း စီစဉ်ထားကြောင်း သိရှိရပါတယ်။ အနှစ် (၂၀) ကျော် စစ်အစိုးရကို အကြိုက်ပေးပြီး သယံဇာတ ထုတ်ယူဖို့သာ အာရုံစိုက်ခဲ့တဲ့ တရုတ်ဟာ NLD အစိုးရလက်ထက်မှာ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားလာပါတယ်။ ပြည်သူ့အကျိုး သယ်ပိုးတဲ့ ဆွေမျိုးပေါက်ဖော်အဖြစ် မြင်လာအောင် ကြိုးစားနေပုံရပါတယ်။

ဇွန်လ (၁၈) ရက်နေ့မှာ စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ တရုတ်ပြည်သွားမယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို လေဆိပ်လိုက်ပို့ရင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီမယ့် အစီအစဉ်တွေကို တရုတ်သံမှူး မစ္စတာရှဲ ့ကောရှန်း က ရှင်းပြကြောင်း (၂၅) ရက်နေ့ထုတ် ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာပြည်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာမို့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ဖို့အတွက် တရုတ်က ကူညီပံ့ပိုးမယ်လို့ ဆိုပါတယ်။ လက်ရှိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် လူစွမ်းအားမြှင့်တင်ရေး မွမ်းမံသင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေမှာ မြန်မာ့အတွက် အထူးဦးစားပေးမယ်လို့ ဆိုပါတယ်။ (၂၀၁၅) မှာ မြန်မာအစိုးရဝန်ထမ်း (၇၀၆) ဦး တရုတ်ပြည်မှာ မွမ်းမံသင်တန်းတက်ခဲ့ပြီး ဒီနှစ် ဧပြီက ဇွန်လအထိ (၂၄၆) ဦး သင်တန်းတက်ကြောင်း သိရပါတယ်။

တချိန်တည်းမှာပဲ ယူနန်-မြန်မာနယ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် ပြင်းထန်လာဖို့လည်း ကြိုးစားနေတာတွေ့ရပါတယ်။ အာဆီယံ နဲ့ အိန္ဒိယ သမုဒ္ဒရာနိုင်ငံတွေနဲ့ ကုန်သည်ဖို့အတွက် ယူနန်နယ်စပ်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေ တည်ဆောက်ပုံကို ဟောင်ကောင် ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ စီးပွားရေးပညာရှင် Billy Wong က လွန်ခဲ့တဲ့လက စာတမ်းထုတ်ထားပါတယ်။ ယူနန်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာစီမံကိန်း ဖြစ်ပါတယ်။ တရုတ်ပြည် ကမ်းရိုးတန်းဒေသထုတ် အထည်အလိပ်နဲ့ အိမ်သုံးပစ္စည်းကို ယူနန်ကနေ အာဆီယံနိုင်ငံတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။ ၂၀၁၄ စာရင်းအရ ယူနန်ရဲ ့ နိုင်ငံခြားကုန်သွယ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်တဲ့ ပမာဏ က (၅၀) ရာခိုင်နှုန်းရှိပြီး မြန်မာနဲ့ ကုန်သွယ်တာဟာ အများဆုံး ဖြစ်ပါတယ်။

ယူနန်-မြန်မာ ကုန်သွယ်ရေးမှာ ရွှေလီ-မူဆယ်လမ်းက (၆၀) ရာခိုင်နှုန်း ယူထားပါတယ်။ ထူခြားမှုကတော့ တရုတ်ကမ်းရိုးတန်းဒေသက ကုမ္ပဏီတွေ ရွှေလီမှာ ကုန်ထုတ်လုပ်ငန်း တည်ထောင်လာတာ ဖြစ်ပါတယ်။ ရွှေလီမှာ မြန်မာအလုပ်သမားတဦးဟာ ယွမ် (၁) ထောင် (ဒေါ်လာ ၁၅၀) လောက် လခ ရတာမို့ မြန်မာ (၅) သောင်းကျော် အလုပ်လုပ်နေကြောင်း သိရပါတယ်။ ကျောက်မျက် ကျောက်စိမ်း၊ သစ်၊ ရာဘာ နဲ့ ပတ်သက်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရွှေလီမှာ တိုးပွားနေပါတယ်။ ဘေဂျင်း မော်တော်ကားလုပ်ငန်းဟာ တရုတ်ပြည် အနယ်နယ်အရပ်ရပ်က ပေးပို့တဲ့ ကားပစ္စည်း အစိတ်အပိုင်းတွေကို ရွှေလီစက်ရုံမှာ တတ်ဆင်ပြီး မော်တော်ကား ထုတ်လုပ်နေပါတယ်။

ရွှေလီ၊ ဂျယ်ဂေါင်၊ မူဆယ် နယ်စပ် စီးပွားရေးဇုန်ဟာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံနယ်မြေဖြစ်ဖို့ တရုတ်က လိုလားပါတယ်။ မြန်မာရဲ ့ (၂၀၁၄) ပြည်တွင်း အသားတင် ထုတ်လုပ်မှုဟာ ဒေါ်လာသန်း (၆၆၀၀၀) ဖြစ်ပြီး၊ ယူနန်ရဲ ့ ထုတ်လုပ်မှုဟာ ဒေါ်လာသန်းပေါင်း (၁) သန်း (၃) သိန်း ဖြစ်တဲ့အတွက် မြန်မာထုတ်လုပ်မှုထက် အဆပေါင်း (၂၀) လောက် ပိုများနေပါတယ်။ တရုတ်အစိုးရရဲ ့ ပိုးလမ်းမ စီးပွားရေးလမ်းကြောင်းမှာ ယူနန်ဟာ အချက်အချာ ကူရုံတင်မကဘဲ မြန်မာ့ကုန်ကြမ်းကို ကုန်ချောဖြစ်အောင် လုပ်တဲ့နေရာလည်း ဖြစ်နေပါတယ်။

 ဦးအောင်ခင် /  ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)