ကြံခင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ကြံခင်း ဇွန် ၁၁

ဧရာဝတီ တိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ဇွန် ၁၁ ရက် နံနက်မှ ညနေအထိ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဖားတရှဉ်းချောင်းနှင့် ပတော်ချောင်း ရေကြီး မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာ ၁၁ အုပ်စုရှိ မိုးစပါး ပျိုးထောင် ၄၇၆ ဧက၊ အစေ့ချကြဲစိုက် ၆၃၂ ဧက၊ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်း ၅ ကျောင်း၊ ကျန်းမာရေးဌာန ၂ ခုသို့ ရေဝင်ရောက်ခြင်း၊ သောကြာဒူးအုပ်စုရှိ အရှည် ၇၄ ပေ ရှိ ကျွန်းကုန်း တံတား ရေလယ်တိုင် မျောပါခြင်း၊ ပိုးစုကြီးကျေးရွာမှ နေအိမ် ၁ လုံးသည် ချောင်းကမ်းပါး အနီးတွင် ရှိသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ရသည်။ ဘက်ရဲမြို့ ရေဘေးသင့် ပြည်သူများအနက်မှ ပြောင်းရွှေ့ရန် လိုအပ် သည့် အိမ်ထောင်စု ၇ စု၊ လူဦးရေ ၁၅ ဦးတို့အား အမက ရွှေကျောင်းသို့ ယာယီ ပြောင်းရွှေ့ပေးခဲ့သည်။


 ယာယီ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စု များနှင့် ရေဝင်ရောက်သည့် ဒေသများရှိ အိမ်ထောင်စုများသို့ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးဖြိုးမင်းထိုက်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ပြီး စာသင်ကျောင်းများမှ အရေးကြီး စာရွက်စာတမ်းများ ရေလွတ်ရာ သို့ ရွှေ့ပြောင်းခြင်း၊ ကြံခင်းမြို့ပေါ် ရပ်ကွက်ရှိ စေတနာရှင် ပြည်သူများမှ ထမင်း ထုပ် ၉၀၆ ထုပ်နှင့် ရေသန့်ကတ် ၅၀ တို့ကို ဖြန့်ဝေပေးပြီး လူနှင့် တိရိစ္ဆာန် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)