ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕တြင္ မိႈဟင္းစားမိသူ ၆ ဦး တစ္ပတ္အၾကာ တြင္ ေသဆံုး



ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕၊ ဘဝသစ္ရပ္ကြက္တြင္ မိႈဟင္းစားမိရာမွ တစ္ပတ္အၾကာတြင္ ၆ ဦး ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

“မိႈွရွာၿပီး ဟင္းခ်က္စားခဲ့ၾကတာလုိ႔ သိရပါတယ္။ ေသာၾကာေန႔ညမွာပဲ စျဖစ္ေနၿပီ။ ေတာ္တန္ရံု ျဖစ္တယ္ဆုိၿပီး ေဆး႐ံုမသြားဘဲ ေပါ့ဆေနလုိက္တဲ့ သေဘာပဲ” ဟု မင္းတပ္ၿမိဳ႕မွ ေဒသခံ ကုိေအာင္ေလာဟာက ေျပာသည္။

စားသံုးခဲ့မိသည့္မိႈမ်ားမွာ ေဒသအေခၚ ေဒါင္းမိႈ (ေခၚ) ၾကက္ဥမိႈျဖစ္ၿပီး အျခားမိႈမ်ားေရာပါ ခ်က္စားခဲ့သျဖင့္ ေသဆံုးျခင္းျဖစ္ႏုိင္ေၾကာင္း မင္းတပ္ၿမိဳ႕ေဒသခံမ်ားက သံုးသပ္ေနၾကသည္။

“ေသဆံုးေလာက္တဲ့အထိ ျဖစ္တယ္ဆုိတာ အဓိက ကေတာ့ မစားေကာင္းတဲ့ မတည့္တဲ့မိႈေတြ စားမိလုိ႔ျဖစ္ပါ လိမ့္မယ္။ မိႈေတာက္တယ္ဆုိတာ လူတစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ တခ်ိဳ႕ ဓာတ္တည့္ေပမယ့္ တခ်ိဳ႕က မတည့္တာရွိတယ္။ မိႈကုိခ်ဳိးၿပီး ဆားနဲ႔ျဖဴးၾကည့္လုိက္လုိ႔ အေရာင္ေတြေျပာင္းကုန္ရင္ မစားသင့္ တဲ့မိႈလုိ႔ေတာ့ မွတ္ဖူးပါတယ္” ဟု ကေလးၿမိဳ႕ ေဆးရုံႀကီးမွ ေဒါက္တာစန္းလင္းကေျပာသည္။

ဦးဟုန္းေလာအြမ္ႏွင့္ ဦးေမာင္ၾကာတုိ႔ႏွစ္ဦးသည္ ၂၀၁၆ ခုႏွစ္၊ ဇြန္လ ၁၀ ရက္ေန႔တြင္ ေတာထဲရရွိလာသည့္ မိႈမ်ားအား ကိုယ္တိုင္ ခ်က္စားသည့္အျပင္ ေက်ာင္းဆရာ တစ္ဦးကိုလည္း ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဦးဟုန္းေလာအြမ္ အပါအ၀င္ အေမႏွင့္ဇနီးတို႔သည္ ၂၀၁၆ ခုႏွစ္၊ ဇြန္လ ၁၄ ရက္ေန႔တြင္ ေသဆံုးၿပီး ေန႔မကူးဘဲ သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။

အဆုိပါ မိႈစားမိၿပီး ဆံုးပါးရသည့္အတြက္ မင ္းတပ္ၿမိဳ႕က်န္းမာေရးဌာနမွၿမိဳ႕ေပၚရပ္ကြက္္မ်ားတြင္ မိႈစားျခင္းႏွင္႔ ပတ္သက္သည့္ က်န္းမာေရး အသိပညာေပး လုပ္ငန္းမ်ားအျဖစ္ လက္ကမ္းစာေစာင္မ်ား ေဝကာ ႏိႈးေဆာ္ေနေၾကာင္း သိရသည္။

MMK
The Ladies News
https://www.facebook.com/News.TheLadies
...........



ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်တွင် မှိုဟင်းစားမိရာမှ တစ်ပတ်အကြာတွင် ၆ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မှိုှရှာပြီး ဟင်းချက်စားခဲ့ကြတာလို့ သိရပါတယ်။ သောကြာနေ့ညမှာပဲ စဖြစ်နေပြီ။ တော်တန်ရုံ ဖြစ်တယ်ဆိုပြီး ဆေးရုံမသွားဘဲ ပေါ့ဆနေလိုက်တဲ့ သဘောပဲ” ဟု မင်းတပ်မြို့မှ ဒေသခံ ကိုအောင်လောဟာက ပြောသည်။

စားသုံးခဲ့မိသည့်မှိုများမှာ ဒေသအခေါ် ဒေါင်းမှို (ခေါ်) ကြက်ဥမှိုဖြစ်ပြီး အခြားမှိုများရောပါ ချက်စားခဲ့သဖြင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း မင်းတပ်မြို့ဒေသခံများက သုံးသပ်နေကြသည်။

“သေဆုံးလောက်တဲ့အထိ ဖြစ်တယ်ဆိုတာ အဓိက ကတော့ မစားကောင်းတဲ့ မတည့်တဲ့မှိုတွေ စားမိလို့ဖြစ်ပါ လိမ့်မယ်။ မှိုတောက်တယ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့ ဓာတ်တည့်ပေမယ့် တချို့က မတည့်တာရှိတယ်။ မှိုကိုချိုးပြီး ဆားနဲ့ဖြူးကြည့်လိုက်လို့ အရောင်တွေပြောင်းကုန်ရင် မစားသင့် တဲ့မှိုလို့တော့ မှတ်ဖူးပါတယ်” ဟု ကလေးမြို့ ဆေးရုံကြီးမှ ဒေါက်တာစန်းလင်းကပြောသည်။

ဦးဟုန်းလောအွမ်နှင့် ဦးမောင်ကြာတို့နှစ်ဦးသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် တောထဲရရှိလာသည့် မှိုများအား ကိုယ်တိုင် ချက်စားသည့်အပြင် ကျောင်းဆရာ တစ်ဦးကိုလည်း ရောင်းချခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးဟုန်းလောအွမ် အပါအဝင် အမေနှင့်ဇနီးတို့သည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် သေဆုံးပြီး နေ့မကူးဘဲ သဂြိုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှိုစားမိပြီး ဆုံးပါးရသည့်အတွက် မင ်းတပ်မြို့ကျန်းမာရေးဌာနမှမြို့ပေါ်ရပ်ကွက််များတွင် မှိုစားခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများအဖြစ် လက်ကမ်းစာစောင်များ ဝေကာ နှိုးဆော်နေကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)