အေလးခ်ိန္ ႏွစ္တန္ရွိ ေက်ာက္စိမ္းတုံး ဖမ္းဆီးရမိ



ဒလ ဇြန္ ၁၆

ဒလၿမိဳ႕နယ္၌ အေလးခ်ိန္ႏွစ္တန္ရွိ ေက်ာက္စိမ္းတုံးအား ဇြန္ ၁၅ ရက္ မြန္းလဲြ ၂ နာရီ ခြဲက ဖမ္းဆီးရမိခဲ့ေၾကာင္း ဒလၿမိဳ႕မရဲတပ္ဖြဲ႕ စခန္း၏ မွတ္တမ္းအရ သိရသည္။

ျဖစ္စဥ္မွာ ဒလၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ ရဲအုပ္သက္ႏုိင္ေအးသည္ ဇြန္ ၁၅ ရက္ မြန္းလြဲ ၂ နာရီခြဲက ဒလၿမိဳ႕အတြင္း တရားမဝင္ ေက်ာက္စိမ္းတုံးတစ္တုံးကုိ ကားျဖင့္ သယ္ေဆာင္လာေၾကာင္းသတင္းအရ ဒလၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ၾကည္ေဇာ္ေထြး၊ ဒုရဲအုပ္ စုိးပုိင္၊ ဒုရဲအုပ္ ေက်ာ္သူေအာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ ဒလနာရီစင္အနီး မီးသတ္႐ုံးေရွ႕၌ ေစာင့္ဆုိင္းေနစဥ္ ဒလၿမိဳ႕ဘက္မွ တြံေတးၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း ေက်ာ္ေဌး ေမာင္းႏွင္လာေသာယာဥ္ အမွတ္ 7D ---- ဖူဆို ယာဥ္အား ရပ္တန္႔စစ္ေဆး ရာ အလ်ား ေျခာက္ေပ၊ အနံ သုံးေပငါးလက္မ၊ အျမင့္ ႏွစ္ေပ၊ အေလးခ်ိန္ ႏွစ္တန္ရွိ ေက်ာက္စိမ္းတံုးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ၄င္းတို႔ပုိင္ဆုိင္ေၾကာင္း အေထာက္အထား ခုိင္လုံစြာ ေျပာဆုိႏုိင္ျခင္းမရွိ၍ ေအာင္မုိး(ခ) ေအာင္စုိး၊ သီဟေက်ာ္၊ ယာဥ္ေမာင္း ေက်ာ္ေဌးတို႔အား အေရးယူထားေၾကာင္း သိရသည္။

ေမာင္ယဥ္ဦး(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
........



ဒလ ဇွန် ၁၆

ဒလမြို့နယ်၌ အလေးချိန်နှစ်တန်ရှိ ကျောက်စိမ်းတုံးအား ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီ ခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ဒလမြို့မရဲတပ်ဖွဲ့ စခန်း၏ မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ ဒလမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်သက်နိုင်အေးသည် ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက ဒလမြို့အတွင်း တရားမဝင် ကျောက်စိမ်းတုံးတစ်တုံးကို ကားဖြင့် သယ်ဆောင်လာကြောင်းသတင်းအရ ဒလမြို့မရဲစခန်းမှ ဒုရဲအုပ်ကြည်ဇော်ထွေး၊ ဒုရဲအုပ် စိုးပိုင်၊ ဒုရဲအုပ် ကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များသည် ဒလနာရီစင်အနီး မီးသတ်ရုံးရှေ့၌ စောင့်ဆိုင်းနေစဉ် ဒလမြို့ဘက်မှ တွံတေးမြို့ဘက်သို့ ယာဉ်မောင်း ကျော်ဌေး မောင်းနှင်လာသောယာဉ် အမှတ် 7D ---- ဖူဆို ယာဉ်အား ရပ်တန့်စစ်ဆေး ရာ အလျား ခြောက်ပေ၊ အနံ သုံးပေငါးလက်မ၊ အမြင့် နှစ်ပေ၊ အလေးချိန် နှစ်တန်ရှိ ကျောက်စိမ်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာ ပြောဆိုနိုင်ခြင်းမရှိ၍ အောင်မိုး(ခ) အောင်စိုး၊ သီဟကျော်၊ ယာဉ်မောင်း ကျော်ဌေးတို့အား အရေးယူထားကြောင်း သိရသည်။

မောင်ယဉ်ဦး(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)