Friday, June 10, 2016
လ္ဘက်ရည် စကားဝိုင်း
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးကို မြန်မာသမ္မတ ဦးထင်ကျော်က တည်ခင်းတဲ့ ညစာစားပွဲမှာ လစ်ပတန် တီးနဲ့ ဧည့်ခံတာကို တီးအပေါစားနဲ့ ဧည့်ခံတယ်လို့ ဝေဖန်သံတွေ ခပ်ညံညံထွက်လာပါတယ်။
သမ္မတက တည်ခင်းတဲ့ ညစာစားပွဲမှာ Lipton tea ထက်ပိုပြီး ကောင်းတဲ့ အင်္ဂလန်က နံမည်ကြီး Earl Grey နဲ့ ဧည့်ခံဖို့ ကောင်းတာပေါ့လို့ ပြောသူကပြော၊ အင်္ဂလန်က တော်ဝင်မိသားစု အသိအမှတ်ပြုခံရတဲ့ Fortnum & Mason ဆိုင်ကြီးမှာ ရောင်းတဲ့ အကောင်းဆုံး လ္ဘက်ခြောက်နဲ့ ဆိုရင် ပို ဂုဏ်ရှိတာပေါ့လို့ ဆိုသူကဆိုနဲ့ လ္ဘက်ရည် စကားဝိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့ ဘီဘီစီက ဘယ်လိုဖြစ်ပါလိမ့် ဆိုပြီး တီးခေါက်ကြည့်တော့ နိုင်ငံခြားက တီးအကောင်းစား မှာဖို့ အချိန်မမီတော့လို့ ရှမ်းလက်ဖက်ခြောက်ကို နှမ်းဖြူနဲ့ လှော်ပြီး ခပ်တဲ့ ရေနွမ်းကြမ်း နဲ့ လစ်ပတန်တီး နှစ်မျိုးနဲ့ ဧည့်ခံလိုက်ရတာပါတဲ့။ ဟင်းပွဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ပေးတယ်လို့ သိရပါတယ်။
BBC Burmese
.........
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးကို မြန်မာသမ္မတ ဦးထင်ကျော်က တည်ခင်းတဲ့ ညစာစားပွဲမှာ လစ်ပတန်် တီးနဲ့ ဧည့်ခံတာကို တီးအပေါစားနဲ့ ဧည့်ခံတယ်လို့ ဝေဖန်သံတွေ ခပ်ညံညံထွက်လာပါတယ်။
သမ္မတက တည်ခင်းတဲ့ ညစာစားပွဲမှာ Lipton tea ထက်ပိုပြီး ကောင်းတဲ့ အင်္ဂလန်က နံမည်ကြီး Earl Grey နဲ့ ဧည့်ခံဖို့ ကောင်းတာပေါ့လို့ ပြောသူကပြော၊ အင်္ဂလန်က တော်ဝင်မိသားစု အသိအမှတ်ပြုခံရတဲ့ Fortnum & Mason ဆိုင်ကြီးမှာ ရောင်းတဲ့ အကောင်းဆုံး လ္ဘက်ခြောက်နဲ့ ဆိုရင် ပို ဂုဏ်ရှိတာပေါ့့လို့ ဆိုသူကဆိုနဲ့ လ္ဘက်ရည် စကားဝိုင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့ ဘီဘီစီက ဘယ်လိုဖြစ်ပါလိမ့် ဆိုပြီး တီးခေါက်ကြည့်တော့ နိုင်ငံခြားက တီးအကောင်းစား မှာဖို့ အချိန်မမီတော့လို့ ရှမ်းလက်ဖက်ခြောက်ကို နှမ်းဖြူနဲ ့လှော်ပြီး ခပ်တဲ့ ရေနွမ်းကြမ်း နဲ့ လစ်ပတန်တီး နှစ်မျိုးနဲ့ ဧည့်ခံလိုက်ရတာပါတဲ့။ ဟင်းပွဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ပေးတယ််လို့ သိရပါတယ်။
ကြက်သား ကာလသားချက်ကို လည်း အရည်ပေါလော မဖြစ်စေပဲ အရည်စပ်စပ်လေးနဲ့ ချက်ဖို့ ညွှန်ကြားတယ် လို့ သိရပါတယ်။ ဟင်းလျာတွေက စစချင်းမှာ အမြည်း အဖြစ်နဲ့ ကညွတ်နဲ့ Scallop (ဂုံးကောင်)၊ Main Dish က ကြက်သားကာလသားချက်၊ ရှမ်းထမင်းချဉ်၊ ငါးကျီးကျပ်တိုက်နဲ့ ပဲကြာဇံ ဗူးသီးဟင်းခါး၊ ခရမ်းသီး မီးဖုတ်သုပ် ဘာလချေုာင်ကျော်နဲ့ ထမင်းဖြူတို့ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
လ္ဘက်ရည် စကားဝိုင်း
Reviewed by MP4 YoU
on
June 10, 2016
Rating: 5

Subscribe to:
Post Comments (Atom)