စစ္ေတြမွ ဘူးသီးေတာင္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားအား ဖမ္းမိ


June 27. DNJ

စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္သို႔ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားအား စစ္ေတြၿမိဳ႕ အမွတ္ (၂) ဘုတ္ဆိပ္ဝင္းတြင္ ဇြန္လ (၂၇)ရက္ေန ့ညေန ၃ နာရီေက်ာ္အခ်ိန္ခန္႔က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ကာလတန္ဖိုးအားျဖင့္ ၁ ျပားကို ၃ ေထာင္ခန္႔ရွိေသာ WY မူးယစ္ေဆးျပား ၇ သိန္း ၉ ေသာင္းေက်ာ္ခန္႔အား စစ္ေတြၿမိဳ႕ ေက်းပင္တန္းရပ္ကြက္မွ ေက်ာ္သူလင္း(၂၄ ႏွစ္)က ဘူးသီးေတာင္သို႔ ပို႔ေဆာင္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး၊ ၄င္းအားလည္း ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပတြင္ ေနထိုင္သူ ကိုေအာင္ျမင့္ဆိုသူက အဖိုးအခေပးကာ ဘူးသီးေတာင္သုိ႔ ပို႔ေဆာင္ေပးရန္ ဖုန္းျဖင့္ ညႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ဖမ္းဆီးရမိပံုအား မူးယစ္တပ္ဖြဲ႕စု - ၄၇ (စစ္ေတြ) မွ တပ္ၾကပ္ႀကီး ခင္သန္းက " က်ေနာ္တု႔ိ မူးယစ္အဖြဲ႕ကေနၿပီးေတာ့ ဆိပ္ကမ္းေတြမွာ အဝင္အထြက္ပစၥည္းေတြကို အၿမဲ ေစာင့္ၾကည့္ေနပါတယ္။ က်ေနာ္တို႔က သတင္းအခ်က္မ်ားအရ ပစၥည္းေတြကို မသကၤာလို႔ ဖြင့္ၾကည့္တဲ့အခါ က်ေနာ္တို႔နဲ႔ သက္ဆိုင္တဲ့ ပစၥည္းေတြကို ေတြ႕ရတာပါ ။ က်ေနာ္တို႔အေနနဲ႔ေတာ့ ပစၥည္းပိုင္ရွင္နဲ႔ ပစၥည္းကို လက္ခံမယ့္သူေတြကို ေဖာ္ထုတ္သြားပါမယ္။ " ဟု ဆိုသည္။

လက္ရွိတြင္ မူးယစ္ေဆးဝါးပို႔ေဆာင္ရန္ စီစဥ္ေနသူအား စစ္ေတြၿမိဳ႕အမွတ္ (၂) ရဲစခန္းတြင္ ဖမ္းဆီးထားၿပီး အမႈဖြင့္ေဆာင္ရြက္ကာ တရားခံအစစ္အမွန္မ်ားအား ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္းႏွင့္ မူးယစ္ေဆးဝါးအေရအတြက္မ်ားကိုမူ ေရတြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Development Media Group
https://www.facebook.com/DevelopmentNJ
.........

June 27. DNJ

စစ်တွေမြို့မှ ဘူးသီးတောင်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား စစ်တွေမြို့ အမှတ် (၂) ဘုတ်ဆိပ်ဝင်းတွင် ဇွန်လ (၂၇)ရက်နေ ့ညနေ ၃ နာရီကျော်အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကာလတန်ဖိုးအားဖြင့် ၁ ပြားကို ၃ ထောင်ခန့်ရှိသော WY မူးယစ်ဆေးပြား ရ သိန်း ၉ သောင်းကျော်ခန့်အား စစ်တွေမြို့ ကျေးပင်တန်းရပ်ကွက်မှ ကျော်သူလင်း(၂၄ နှစ်)က ဘူးသီးတောင်သို့ ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး၊ ၄င်းအားလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပတွင် နေထိုင်သူ ကိုအောင်မြင့်ဆိုသူက အဖိုးအခပေးကာ ဘူးသီးတောင်သို့ ပို့ဆောင်ပေးရန် ဖုန်းဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ဖမ်းဆီးရမိပုံအား မူးယစ်တပ်ဖွဲ့စု - ၄၇ (စစ်တွေ) မှ တပ်ကြပ်ကြီး ခင်သန်းက " ကျနော်တို့ မူးယစ်အဖွဲ့ကနေပြီးတော့ ဆိပ်ကမ်းတွေမှာ အဝင်အထွက်ပစ္စည်းတွေကို အမြဲ စောင့်ကြည့်နေပါတယ်။ ကျနော်တို့က သတင်းအချက်များအရ ပစ္စည်းတွေကို မသင်္ကာလို့ ဖွင့်ကြည့်တဲ့အခါ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို တွေ့ရတာပါ ။ ကျနော်တို့အနေနဲ့တော့ ပစ္စည်းပိုင်ရှင်နဲ့ ပစ္စည်းကို လက်ခံမယ့်သူတွေကို ဖော်ထုတ်သွားပါမယ်။ " ဟု ဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးပို့ဆောင်ရန် စီစဉ်နေသူအား စစ်တွေမြို့အမှတ် (၂) ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုဖွင့်ဆောင်ရွက်ကာ တရားခံအစစ်အမှန်များအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအရေအတွက်များကိုမူ ရေတွက်နေဆဲဖြစ်ကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)