လားရှိုးက ဆီစက်ရုံတွေကို ရပ်ဆိုင်းခိုင်းထား


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့်တဲ့စားသုံးဆီတွေကို ထုတ်လုပ်ရောင်းချနေကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စစ်ဆေးတွေ့ရှိထားပါတယ်။

လားရှိုးမြို့က ဆီထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို စစ်ဆေးရာ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရောနှောဆီတွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေကို ရပ်ဆိုင်းခိုင်းထားတယ်လို့ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်း က ပြောပါတယ်။


ဒါ့အပြင် တရုတ်နိုင်ငံက တရားမ၀င်တင်သွင်းထားတဲ့ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ကြက်တောင်ပံ စတဲ့ အသင့် စားအစားအစာတွေကို ဈေးတွေမှာ ရောင်းချနေတာ တွေ့ရှိရပြီး အဲ့ဒီဈေးဆိုင်တွေကို မရောင်းချဖို့ သတိပေးခဲ့တယ် လို့ ဦးဇော်မင်းသန်းက ပြောပါတယ်။ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စာသင်ကျောင်းတွေက မုန့်ဈေး တန်းတွေနဲ့ မူဆယ်ကနေ တင်လာတဲ့ တရုတ်မုန့်တွေကို ဖြန့်ဖြူးတဲ့နေရာတွေကိုလည်း ၀င်ရောက်စစ်ဆေးနေ တာဖြစ်ပါတယ်။

၂၀၁၄ခုနှစ် မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတိပေးတာ ၊ လျော်ကြေးကောက်ခံတာ၊ ကုန်စည်ကို ကာလအကန့်အသတ်နဲ့ ရောင်းချခွင့်ပိတ်ပင်တာ၊ ကုန်စည်တွေ ကို ဈေးကွက်အတွင်းက ပြန်လည်သိမ်းဆည်းတာ၊ သိမ်းဆည်းထားတဲ့ ကုန်စည်တွေကို ဖျက်ဆီးတာ၊ ထုတ်လုပ်ခွင့်လိုင်စင်တွေကို ပိတ်သိမ်းတာတွေ ဆိုပြီး အဆင့်ဆင့်အရေးယူနိုင်တယ်လို့ ပြဌာန်းထားပါတယ်။


RFA Burmese
......


လားရှိုးမြို့မှာ စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီတွေကို လိုက်လံစစ်ဆေးစဉ်။ ဓါတ်ပုံ - စားသုံးသူရေးရာ လားရှိုး - Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြိို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့်တဲ့စားသုံးဆီတွေကို ထုတ်လုပ်ရောင်းချနေကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စစ်ဆေးတွေ့ရှိထားပါတယ်။

လားရှိုးမြို့က ဆီထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ စျေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို စစ်ဆေးရာ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရောနှောဆီတွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေကို ရပ်ဆိုင်းခိုင်းထားတယ်လို့ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်း က ပြောပါတယ်။

ရွှေမန္တလေး၊ ချမ်းငြိမ်း၊ စူပါ၊ ချမ်းသာ၊ ဇာမဏီ စတဲ့ အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ စားသုံးဆီတွေ မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လားရှိုးမြို့က ဆီစက်တွေကနေ ထုတ်လုပ်တဲ့ စားသုံးဆီတွေကို ရှမ်းပြည်မြောက်ပိုင်းထဲက သီပေါ၊ မိုင်းရယ်၊ ကျောက်မဲ စတဲ့ မြို့နယ်တွေအထိ ဖြန့်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက တရားမဝင်တင်သွင်းထားတဲ့ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ကြက်တောင်ပံ စတဲ့ အသင့် စားအစားအစာတွေကို စျေးတွေမှာ ရောင်းချနေတာ တွေ့ရှိရပြီး အဲ့ဒီစျေးဆိုင်တွေကို မရောင်းချဖို့ သတိပေးခဲ့တယ် လို့ ဦးဇော်မင်းသန်းက ပြောပါတယ်။ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စာသင်ကျောင်းတွေက မုန့်စျေး တန်းတွေနဲ့ မူဆယ်ကနေ တင်လာတဲ့ တရုတ်မုန့်တွေကို ဖြန့်ဖြူးတဲ့နေရာတွေကိုလည်း ၀င်ရောက်စစ်ဆေးနေ တာဖြစ်ပါတယ်။

၂၀၁၄ခုနှစ် မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတိပေးတာ ၊ လျော်ကြေးကောက်ခံတာ၊ ကုန်စည်ကို ကာလအကန့်အသတ်နဲ့ ရောင်းချခွင့်ပိတ်ပင်တာ၊ ကုန်စည်တွေ ကို စျေးကွက်အတွင်းက ပြန်လည်သိမ်းဆည်းတာ၊ သိမ်းဆည်းထားတဲ့ ကုန်စည်တွေကို ဖျက်ဆီးတာ၊ ထုတ်လုပ်ခွင့်လိုင်စင်တွေကို ပိတ်သိမ်းတာတွေ ဆိုပြီး အဆင့်ဆင့်အရေးယူနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်တယ်လို့လည်း ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)