ေရေျမာင္းပိတ္ဆို႔သည့္ကိစၥႏွင့္ ဓားထုိးမႈက်ဴးလြန္သူ ဖမ္းမိ



ေရေျမာင္းပိတ္ဆို႔သည့္ကိစၥအား ကြင္းဆင္းေဆာင္ရြက္သူမ်ားႏွင့္ေတြ႕ဆံုေနစဥ္ ဓားထိုးခံရသည့္အမႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိ

ရန္ကုန္၊ ဇြန္ ၂၅

၂၅.၆.၂၀၁၆ ရက္ေန႔ ၀၈၄၅ အခ်ိန္ စမ္းေခ်ာင္းၿမိဳ႕နယ္ေန ေဒၚ-----သည္ ခင္ပြန္းျဖစ္သူ ဦးေထြးျမင့္ႏွင့္အတူ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေျမာက္ရပ္ကြက္၊ စစ္ကိုင္းလမ္းထိပ္၌ ေရေျမာင္းပိတ္ဆို႔သည့္ ကိစၥႏွင့္ပတ္သက္၍ တာ၀န္ရွိသူမ်ားႏွင့္ ကြင္းဆင္းညွိႏိႈင္းမႈအားေတြ႕ဆံုေနစဥ္ ယခင္က ေရေျမာင္းေဖာ္သည့္ကိစၥႏွင့္ပတ္သက္ၿပီး စကားမ်ားခဲ့ဖူးသူ စမ္းေခ်ာင္းၿမိဳ႕နယ္ေန သီဟ(ခ)သန္႔ဇင္(ခ)သန္႔ေဇာ္ေရာက္ရွိလာၿပီး ခင္ပြန္းျဖစ္သူအား အသင့္ယူေဆာင္လာသည့္ မီးဖိုေခ်ာင္သံုးစတီးဓားျဖင့္ထိုးခဲ့ရာ ခင္ပြန္းျဖစ္သူ၌ လည္ဂုတ္ထိုးသြင္း ဒဏ္ရာရရွိၿပီး လမ္းမေပၚသို႔ေမွာက္လ်က္လဲက်သြားကာ ေမးေစ့၌ေပါက္ၿပဲဒဏ္ရာႏွင့္ ယာဘက္ညွပ္ရိုးဖူးေရာင္ဒဏ္ရာမ်ားရရွိခဲ့၍ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာ(မစိုးရိမ္ရ)အျဖစ္ တင္ပို႔ကုသခဲ့ရသျဖင့္ ခင္ပြန္းျဖစ္သူအား ဒဏ္ရာရရွိေအာင္ျပဳလုပ္သူ သီဟ(ခ)သန္႔ဇင္(ခ)သန္႔ေဇာ္အား အေရးယူေပးရန္တိုင္တန္းလာခဲ့ပါသည္။

တုိင္တန္းခ်က္အရ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္း(ပ)၂၁၀/၂၀၁၆၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၂၆ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခဲ့ပါသည္။

အမႈမွျပစ္မႈက်ဴးလြန္သူ သီဟ(ခ)သန္႔ဇင္(ခ)သန္႔ေဇာ္၊ (၂၃)ႏွစ္အား ဖမ္းဆီးရမိေရးအတြက္ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားက ေဆာင္ရြက္ခဲ့ရာ ၁၇၂၀ အခ်ိန္တြင္ ၎အား စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေတာင္ရပ္ကြက္၊ ဇလြန္လမ္းႏွင့္ လင္းလြန္းလမ္းေထာင့္မွ ေတြ႕ရွိဖမ္းဆီးရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ ဆက္လက္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
.......



ရေမြောင်းပိတ်ဆို့သည့်ကိစ္စအား ကွင်းဆင်းဆောင်ရွက်သူများနှင့်တွေ့ဆုံနေစဉ် ဓားထိုးခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၅

၂၅.၆.၂၀၁၆ ရက်နေ့ ၀၈၄၅ အချိန် စမ်းချောင်းမြို့နယ်နေ ဒေါ်-----သည် ခင်ပွန်းဖြစ်သူ ဦးထွေးမြင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ စစ်ကိုင်းလမ်းထိပ်၌ ရေမြောင်းပိတ်ဆို့သည့် ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကွင်းဆင်းညှိနှိုင်းမှုအားတွေ့ဆုံနေစဉ် ယခင်က ရေမြောင်းဖော်သည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများခဲ့ဖူးသူ စမ်းချောင်းမြို့နယ်နေ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံးစတီးဓားဖြင့်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူ၌ လည်ဂုတ်ထိုးသွင်း ဒဏ်ရာရရှိပြီး လမ်းမပေါ်သို့မှောက်လျက်လဲကျသွားကာ မေးစေ့၌ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်ညှပ်ရိုးဖူးရောင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် ခင်ပွန်းဖြစ်သူအား ဒဏ်ရာရရှိအောင်ပြုလုပ်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်အား အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၂၁၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်၊ (၂၃)နှစ်အား ဖမ်းဆီးရမိရေးအတွက် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ၁၇၂၀ အချိန်တွင် ၎င်းအား စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဇလွန်လမ်းနှင့် လင်းလွန်းလမ်းထောင့်မှ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)