မူဆယ်-နမ့်ခမ်းလမ်းပိုင်းမှာ ယာဉ်တွေပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ တပ်မတော်ကို အကြောင်းကြားထား



မူဆယ်-နမ့်ခမ်းလမ်းပိုင်း နမ့်ဖက်ကာကျေးရွာအနီးမှာ ခရီးသည်တင်ကား အချို့ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တပ်မတော်ကိုလည်း အကြောင်းကြားထားကာ စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက 5 Plus ကိုပြောပါတယ်။


ခရီးသည်တင်ယာဉ်တစ်ချို့ပျောက်ဆုံးနေတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိတော့ ကာယကံရှင်မိသားစုဝင်တွေအနေနဲ့ ကားပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်နဲ့တကွ ရဲစခန်းတွေကို တရားဝင်လာရောက်တိုင်ကြားတာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။


5 Plus News
.......



မူဆယ်-နမ့်ခမ်းလမ်းပိုင်း နမ့်ဖက်ကာကျေးရွာအနီးမှာ ခရီးသည်တင်ကား အချို့ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းနဲ့့ပတ်သက်ပြီး တပ်မတော်ကိုလည်း အကြောင်းကြားထားကာ စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက 5 Plus ကိုပြောပါတယ်။

ယာဉ်တွေပျောက်ဆုံးနေတယ်လို့ ယူဆရတဲ့နေရာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကြီးစိုးတဲ့ နေရာဖြစ်တဲ့အတွက်စစ်တပ်ကို အကြောင်းကြားရတာဖြစ်ပြီး တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီးမှသာ ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်တွေကို ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခရီးသည်တင်ယာဉ်တစ်ချို့ပျောက်ဆုံးနေတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိတော့ ကာယကံရှင်မိသားစုဝင်တွေအနေနဲ့ ကားပျောက်ဆုံးမှုတွေနဲ့့ပတ်သက်ပြီး အသေးစိတ်အချက်အလက်နဲ့တကွ ရဲစခန်းတွေကို တရားဝင်လာရောက်တိုင်ကြားတာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။

 မူဆယ်-နမ့်ခမ်းလမ်းပိုင်းမှာ ဇွန်လ(၅)ရက် မနက်(၉)နာရီဝန်းကျင်ကစပြီး ခရီးသည်တင်ကားအချို့ပျောက်ဆုံးနေ ကာ အဆက်အသွယ်လည်း ပြတ်တောက်သွားတယ်လို့ ဒေသခံအချို့ကပြောဆိုနေကြပါတယ်။ ပျောက်ဆုံးနေ တယ်ဆိုတဲ့ ကားအရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

5 Plus News
https://www.facebook.com/5plusnews
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)