မိုင်းယုလေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို နေရပ်ပြန်ခွင့်မပြု
ပြီးခဲ့တဲ့ မတ်လကစပြီး အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် လွယ်စရမ်း၊ လွယ်ကန်၊ ပိန်းပွန်၊ မန်စိန်၊ ငေါ့ငါး၊ မန်ပူး၊ ပန်နေ စတဲ့ ကျေးရွာ ခုနှစ်ရွာက ဒေသခံ ၇၀၀ ၀န်းကျင်ဟာ မိုင်းယုလေးကျေးရွာမှာ လာရောက်ပြီး ခိုလှုံနေကြတာဖြစ်ပါတယ်။
RFA Burmese
...........
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းကို ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်တာကို အစိုးရတပ်မတော်က ပြန်ခွင့်မပေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
မူလကျေးရွာတွေမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် နေရပ်ပြန်သွားတဲ့ ရွာသားတချို့ကို အစိုးရတပ်မတော်က မိုင်းယုလေးကျေးရွာကိုပဲ ပြန်လွှတ်နေတယ်လို့ ကွတ်ခိုင်မြို့နယ် လွယ်စရမ်းရွာသူကြီး ကိုစံလက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် လွယ်စရမ်း၊ လွယ်ကန်၊ ပိန်းပွန်၊ မန်စိန်၊ ငေါ့ငါး၊ မန်ပူး၊ ပန်နေ စတဲ့ ကျေးရွာ ခုနှစ်ရွာက ဒေသခံ ရ၀၀ ၀န်းကျင်ဟာ မိုင်းယုလေးကျေးရွာမှာ လာရောက်ပြီး ခိုလှုံနေကြတာဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် သူတို့ရဲ့ မူလနေရပ်တွေကိုပြန်ဖို့ ဆန္ဒရှိနေကြ တာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)