အလယ္တန္းျပေက်ာင္းဆရာမစံုတြဲကို ဓားနဲ႔ထိုး လုယက္မႈျဖစ္ပြား


ေရႊျပည္သာျမိဳ႕နယ္မွာ အလယ္တန္းျပေက်ာင္းဆရာမစံုတြဲကို အမ်ိဳးသား(၄)ဦးက ဓားနဲ႔ထိုးၿပီးလုယက္မႈျဖစ္ပြားခဲ႔တယ္လို႔ သိရပါတယ္။

 ဇြန္လ (၁၄)ရက္၊ ညေန(၄)နာရီခြဲ အခ်ိန္ခန္႔က ေရႊျပည္သာယာၿမိဳ႕နယ္ေန အလယ္တန္းျပ ေက်ာင္းဆရာမတစ္ဦးနဲ႔ ရည္းစားျဖစ္သူတို႕ဟာ ေရႊျပည္သာ ဝါးတစ္ရာ စက္မႈဇုန္၊ စက္မႈဇုန္ပတ္လမ္းအတုိင္းဆုိင္ကယ္စီးနင္းသြားလာစဥ္ အမည္မသိ အမ်ိဳးသား (၄)ဦးကဆုိင္ကယ္ (၂)စီးနဲ႔လုိက္လံေႏွာင့္ ယွက္တာေၾကာင့္ ဆုိင္ကယ္ရပ္တန္႔ေပးခဲ့ရတယ္လို႔ သိရပါတယ္။

ဆိုင္ကယ္ရပ္တန္႔သြားစဥ္မွာ လိုက္လံေနွာက္ယွက္သူေတြ က ေက်ာင္းဆရာမရဲ႕ရည္းစားျဖစ္သူကို ဝိုင္းဝန္းခ်ဳပ္ေႏွာင္ကာ ဓါးနဲ႔ထုိးခဲ့ၿပီး ေက်ာင္းဆရာမ ဝတ္ဆင္ထားတဲ႔ေရႊဆြဲႀကိဳး လက္ကုိင္ဖုန္း တစ္လုံး၊ ေငြက်ပ္ (၂ဝဝဝဝ)ပါ ပုိက္ဆံအိတ္ တစ္လုံး၊ ရည္းစားျဖစ္သူထံ က ေငြက်ပ္ (၅ဝဝဝဝ)နဲ႔ေရႊလက္စြပ္တစ္ကြင္း စုစုေပါင္းတန္ဖုိးက်ပ္(၉၉ဝဝဝဝ)ဖုိး ခန္႔ကုိလုယူထြက္ေျပးသြားခဲ့တယ္လို႔ ရဲမွတ္တမ္းေတြအရ သိရပါတယ္။

 ဓါးနဲ႔ထုိးခံရတာေၾကာင့္ ေက်ာင္းဆရာမရဲ႕ရည္းစားျဖစ္သူမွာ ဝဲဘက္နံေဘးျပတ္ရွဒဏ္ရာ၊ ဦးေခါင္းေနာက္ေစ့ျပတ္ရွဒဏ္ရာေတြရရွိကာ အင္းစိန္ေဆးရုံမွာ အတြင္းလူနာအျဖစ္ တက္ေရာက္ကုသရေနရတယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္မွာ ျပစ္မႈက်ဴးလြန္သူ(၄)ဦးကုိ ေလွာ္ကားနယ္ေျမ ရဲစခန္း ျပစ္မႈနံပါတ္ (၃ဝ၃/၁၆)ျပစ္မႈပုဒ္မ ၃၉၄ အရအမႈဖြင့္စုံစမ္းေနတယ္လို႔ သိရပါတယ္။

5 Plus News
https://www.facebook.com/5plusnews
......

ရွှေပြည်သာမြို့နယ်မှာ အလယ်တန်းပြကျောင်းဆရာမစုံတွဲကို အမျိုးသား(၄)ဦးက ဓားနဲ့ထိုးပြီးလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ဇွန်လ (၁၄)ရက်၊ ညနေ(၄)နာရီခွဲ အချိန်ခန့်က ရွှေပြည်သာယာမြို့နယ်နေ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးနဲ့ ရည်းစားဖြစ်သူတို့ဟာ ရွှေပြည်သာ ဝါးတစ်ရာ စက်မှုဇုန်၊ စက်မှုဇုန်ပတ်လမ်းအတိုင်းဆိုင်ကယ်စီးနင်းသွားလာစဉ် အမည်မသိ အမျိုးသား (၄)ဦးကဆိုင်ကယ် (၂)စီးနဲ့လိုက်လံနှောင့် ယှက်တာကြောင့် ဆိုင်ကယ်ရပ်တန့်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်ရပ်တန့်သွားစဉ်မှာ လိုက်လံနှောက်ယှက်သူတွေ က ကျောင်းဆရာမရဲ့ရည်းစားဖြစ်သူကို ဝိုင်းဝန်းချုပ်နှောင်ကာ ဓါးနဲ့ထိုးခဲ့ပြီး ကျောင်းဆရာမ ဝတ်ဆင်ထားတဲ့ရွှေဆွဲကြိုး လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် (၂ဝဝဝဝ)ပါ ပိုက်ဆံအိတ် တစ်လုံး၊ ရည်းစားဖြစ်သူထံ က ငွေကျပ် (၅ဝဝဝဝ)နဲ့ရွှေလက်စွပ်တစ်ကွင်း စုစုပေါင်းတန်ဖိုးကျပ်(၉၉ဝဝဝဝ)ဖိုး ခန့်ကိုလုယူထွက်ပြေးသွားခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

 ဓါးနဲ့ထိုးခံရတာကြောင့် ကျောင်းဆရာမရဲ့ရည်းစားဖြစ်သူမှာ ဝဲဘက်နံဘေးပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာတွေရရှိကာ အင်းစိန်ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသရနေရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ(၄)ဦးကို လှော်ကားနယ်မြေ ရဲစခန်း ပြစ်မှုနံပါတ် (၃ဝ၃/၁၆)ပြစ်မှုပုဒ်မ ၃၉၄ အရအမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)