ဂရိတ္ေ၀ါ ဦးတင္ေမာင္ ရရွိထားေသာ အနာႀကီး ေရာဂါသည္မ်ားပုိင္ ေျမဧက ၂၀၀ ေက်ာ္အား ႏိုင္ငံေတာ္က စြန္႔လႊတ္ပြဲ အခမ္းအနားျဖင့္ ျပန္လည္ေပးအပ္သြားမည္

Submitted by Zay Thu on Tue, 06/21/2016 - 17:03

မႏၲေလးတုိင္း ေဒသႀကီး ျပင္ဦးလြင္ခ႐ုိင္ မတၱရာၿမိဳ႕နယ္ ေရန႔ံသာေက်းရြာအုပ္စု နံ႔သာၿမိဳင္ေက်းရြာမွ ေဒသခံ အနာႀကီး ေရာဂါသည္ ေတာင္သူမ်ား ပုိင္ဆုိင္သည့္ ေျမဧက ၂၀၀ ေက်ာ္အား အခမ္းအနားျဖင့္ ျပန္လည္ စြန္႔လႊတ္ေပးမည္ျဖစ္ေၾကာင္း မႏၲေလးတုိင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္ထံမွ သိရသည္။

ယင္းေျမယာ စြန္႔လႊတ္ပြဲကုိ ဇြန္လ တတိယပတ္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း မႏၲေလးတုိင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ဇြန္လ ၁၇ ရက္ ညေနပုိင္း မတၱရာၿမိဳ႕ ဘုရင့္ေနာင္ခန္းမသုိ႔ ေရာက္ရွိစဥ္ ေျပာၾကားခဲ့သည္။

''ဒီေျမေတြကုိ မူလပုိင္ရွင္ထံ ျပန္ေပးဖုိ႔ စြန္႔လႊတ္ပြဲ ျပင္ဆင္ထားမႈ အေျခအေန လာၾကည့္တာပါ။ စြန္႔လႊတ္ပြဲေန႔က်ရင္ သမၼတလည္း တက္မယ္။ ျပည္ေထာင္စု အစုိးရ အဖြဲ႕လည္း လာမယ္။ ေပးအပ္မယ့္ရက္ ႀကိဳေျပာမယ္''ဟု မႏၲေလးတုိင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။

အဆိုပါ ေျမမ်ားမွာ ေဒသခံေတာင္သူ အနာႀကီး ေရာဂါသည္ ၃၂ ဦး ပုိင္ဆုိင္သည့္ လယ္ယာေျမ ၂၀၈ ဧကျဖစ္ေၾကာင္း၊ ယင္းေျမမ်ားအား ယခင္အစိုးရ လက္ထက္တြင္ က်န္းမာေရး ၀န္ႀကီးဌာနမွ ဂရိတ္ေ၀ါ ဦးတင္ေမာင္အား အငွားခ်ထားေပးေသာ ေျမမ်ား ျဖစ္ေၾကာင္း သိရသည္။

ယင္းလယ္ယာေျမမ်ားသည္ ၁၉၉၀ ျပည့္ႏွစ္ မႏၲေလးတိုင္းတုိင္းမွဴး ဗိုလ္ခ်ဳပ္ထြန္းၾကည္ လက္ထက္က မႏၲေလးၿမိဳ႔ရွိ အနာႀကီး ေရာဂါသည္မ်ား အတြက္ နံ႔သာၿမိဳင္ေက်းရြာ တည္ေဆာက္ေပးခဲ့ၿပီး လုပ္ကုိင္ စားေသာက္ႏုိင္ရန္ အတြက္ ေျမယာမ်ားႏွင့္ အရက္ခ်က္စက္႐ုံ တည္ေဆာက္ေပးခဲ့ျခင္းျဖစ္ကာ ၂၀၀၀ ျပည့္ႏွစ္တြင္ နံ႔သာၿမိဳင္ေက်းရြာအျဖစ္ ျပည္ထဲေရး ၀န္ႀကီးဌာနက သတ္မွတ္ေပးခဲ့သည္။

''ကၽြန္ေတာ္တုိ႔ လုပ္ကုိင္စားေသာက္ဖုိ႔ အတြက္ ခ်ထားေပးခဲ့တဲ့ ေျမေတြကုိ အရင္အစုိးရလက္ထက္ က်န္းမာေရး ၀န္ႀကီးဌာနက သိမ္းယူၿပီး ဂရိတ္ေ၀ါ ဦးတင္ေမာင္ကုိ ႀကံစုိက္ဖုိ႔ ခ်ထားေပးခဲ့တယ္။ ကုိယ့္ေျမကုိယ္ျပန္ရဖုိ႔ ဘယ္လုိမွ အကူအညီေတာင္းလုိ႔ မရခဲ့ပါဘူး။ ကုိယ့္ေျမယာေပၚကေန ျဖတ္သြား မိရင္ေတာင္ တ႐ုတ္သူေဌးရဲ႔ တပည့္ေတြက ေမာင္းထုတ္တာခံရတာပါ။ ယခုအစုိးရသစ္ လက္ထက္မွာ ကၽြန္ေတာ္တုိ႔လုိ ေအာက္ေျခအႏွိမ္ခံ လူတန္းစားေတြဘက္က မားမားမတ္မတ္ ရပ္တည္ေျဖရွင္း ေပးတာ အတုိင္းမသိ ၀မ္းသာေနၾကရပါတယ္''ဟု ေဒသခံေတာင္သူ ဦးေက်ာ္သိန္းက ေျပာၾကားသည္။
ဂရိတ္ေ၀ါ ဦးတင္ေမာင္သည္ စစ္ကုိင္းတုိင္း ေဒသႀကီး ကသာခ႐ုိင္ ေမာင္းကုန္းတြင္လည္း သၾကားစက္ ေဆာက္လုပ္ရန္ ေဒသခံေတာင္သူမ်ား၏ ေျမယာမ်ားရရွိခဲ့သူျဖစ္ေၾကာင္း ယင္းေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

ေဆြႏုိင္စစ္
Tomorrow
..........

ဂရိတ်ဝေါ ဦးတင်မောင် ရရှိထားသော အနာကြီး ရောဂါသည်များပိုင် မြေဧက ၂၀၀ ကျော်အား နိုင်ငံတော်က စွန့်လွှတ်ပွဲ အခမ်းအနားဖြင့် ပြန်လည်ပေးအပ်သွားမည်

Submitted by Zay Thu on Tue, 06/21/2016 - 17:03

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေန့ံသာကျေးရွာအုပ်စု နံ့သာမြိုင်ကျေးရွာမှ ဒေသခံ အနာကြီး ရောဂါသည် တောင်သူများ ပိုင်ဆိုင်သည့် မြေဧက ၂၀၀ ကျော်အား အခမ်းအနားဖြင့် ပြန်လည် စွန့်လွှတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံမှ သိရသည်။

ယင်းမြေယာ စွန့်လွှတ်ပွဲကို ဇွန်လ တတိယပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လ ၁၇ ရက် ညနေပိုင်း မတ္တရာမြို့ ဘုရင့်နောင်ခန်းမသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

''ဒီမြေတွေကို မူလပိုင်ရှင်ထံ ပြန်ပေးဖို့ စွန့်လွှတ်ပွဲ ပြင်ဆင်ထားမှု အခြေအနေ လာကြည့်တာပါ။ စွန့်လွှတ်ပွဲနေ့ကျရင် သမ္မတလည်း တက်မယ်။ ပြည်ထောင်စု အစိုးရ အဖွဲ့လည်း လာမယ်။ ပေးအပ်မယ့်ရက် ကြိုပြောမယ်''ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ မြေများမှာ ဒေသခံတောင်သူ အနာကြီး ရောဂါသည် ၃၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၂၀၈ ဧကဖြစ်ကြောင်း၊ ယင်းမြေများအား ယခင်အစိုးရ လက်ထက်တွင် ကျန်းမာရေး ၀န်ကြီးဌာနမှ ဂရိတ်ဝေါ ဦးတင်မောင်အား အငှားချထားပေးသော မြေများ ဖြစ်ကြောင်း သိရသည်။

ယင်းလယ်ယာမြေများသည် ၁၉၉၀ ပြည့်နှစ် မန္တလေးတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် လက်ထက်က မန္တလေးမြို့ရှိ အနာကြီး ရောဂါသည်များ အတွက် နံ့သာမြိုင်ကျေးရွာ တည်ဆောက်ပေးခဲ့ပြီး လုပ်ကိုင် စားသောက်နိုင်ရန် အတွက် မြေယာများနှင့် အရက်ချက်စက်ရုံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ၂၀၀၀ ပြည့်နှစ်တွင် နံ့သာမြိုင်ကျေးရွာအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာနက သတ်မှတ်ပေးခဲ့သည်။

''ကျွန်တော်တို့ လုပ်ကိုင်စားသောက်ဖို့ အတွက် ချထားပေးခဲ့တဲ့ မြေတွေကို အရင်အစိုးရလက်ထက် ကျန်းမာရေး ၀န်ကြီးဌာနက သိမ်းယူပြီး ဂရိတ်ဝေါ ဦးတင်မောင်ကို ကြံစိုက်ဖို့ ချထားပေးခဲ့တယ်။ ကိုယ့်မြေကိုယ်ပြန်ရဖို့ ဘယ်လိုမှ အကူအညီတောင်းလို့ မရခဲ့ပါဘူး။ ကိုယ့်မြေယာပေါ်ကနေ ဖြတ်သွား မိရင်တောင် တရုတ်သူဌေးရဲ့ တပည့်တွေက မောင်းထုတ်တာခံရတာပါ။ ယခုအစိုးရသစ် လက်ထက်မှာ ကျွန်တော်တို့လို အောက်ခြေအနှိမ်ခံ လူတန်းစားတွေဘက်က မားမားမတ်မတ် ရပ်တည်ဖြေရှင်း ပေးတာ အတိုင်းမသိ ၀မ်းသာနေကြရပါတယ်''ဟု ဒေသခံတောင်သူ ဦးကျော်သိန်းက ပြောကြားသည်။
ဂရိတ်ဝေါ ဦးတင်မောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် မောင်းကုန်းတွင်လည်း သကြားစက် ဆောက်လုပ်ရန် ဒေသခံတောင်သူများ၏ မြေယာများရရှိခဲ့သူဖြစ်ကြောင်း ယင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆွေနိုင်စစ်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)