ေရေျမာင္းပိတ္ဆို႔မႈ ၿမိဳ႕နယ္မွတာဝန္ရွိသူမ်ား ညိႇႏႈိင္းေပးစဥ္ အိမ္နီးခ်င္းႏွစ္ဦး ဓားထိုးမႈျဖစ္



ရန္ကုန္ ဇြန္ ၂၅

ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္ လင္းလြန္း(ေျမာက္) ရပ္ကြက္၌ ဇြန္ ၂၅ ရက္ နံနက္ ၈ နာရီက ေရေျမာင္းပိတ္ဆို႔ေနမႈ ကို ၿမိဳ႕နယ္မွတာဝန္ရွိသူမ်ားက လာေရာက္ေျဖရွင္းညိႇႏႈိင္းေပး စဥ္ အိမ္နီးခ်င္းေနသူႏွစ္ဦး ဓားထိုးမႈျဖစ္ပြားခဲ့သည္။

စမ္းေခ်ာင္းၿမိဳ႕နယ္ လင္းလြန္း(ေျမာက္)ရပ္ကြက္ စစ္ကိုင္း လမ္းထိပ္ရွိ ေရေျမာင္းပိတ္ဆို႔ေနမႈကို ၿပီးခဲ့ေသာလအတြင္းက ၿမိဳ႕နယ္မွတာဝန္ရွိသူမ်ားက ျပန္လည္ဖြင့္ေပးထားခဲ့ေသာ္လည္း ယခုအခါ ယင္းေျမာင္းကို ျပန္လည္ပိတ္ထားမႈျဖစ္ခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

ေရေျမာင္းဖြင့္ျခင္း၊ ပိတ္ျခင္းအေပၚ တုိင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္ မဲဆႏၵနယ္(၁)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မ်ဳိး၊ မဲဆႏၵနယ္(၂)မွ ဦးေသာ္တာေအာင္၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ဆင့္၊ ၿမိဳ႕နယ္စည္ပင္ သာယာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ လင္းလြန္းေျမာက္/ေတာင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္ေသာအဖဲြ႕က ယင္းေျမာင္း ျပန္လည္ဖြင့္လွစ္ႏုိင္ေရးအတြက္ အနီးဝန္းက်င္ေနသူမ်ားႏွင့္ ႏွစ္္ဖက္ညိႇႏႈိင္းေပးေနစဥ္ ဦးေထြးျမင့္ (ခ) ဦးေက်ာ္ထြန္း (၄၉ ႏွစ္)၏ အိမ္နီးခ်င္းျဖစ္သူ သီဟ(ခ)သန္႔ဇင္(၂၃ ႏွစ္)က ဓားျဖင့္ဝင္ေရာက္ထုိးခဲ့ေၾကာင္း သိရသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္တာေအာင္က ''အားလံုးေရွ႕မွာဝင္ထိုးၿပီး ထြက္ေျပးသြားတာ၊ အစက လက္သီး န႔ဲ ထိုးတယ္လို႔ထင္တာ၊ ေနာက္မွ ဓားန႔ဲထိုးမွန္း သိရတာ၊ ဓားက အိမ္သံုးစတီးဓား ျဖစ္မယ္ထင္တယ္၊ ထိုးတဲ့သူလက္ထဲမွာ အ႐ိုးက ျပန္ပါသြားတယ္၊ ဓားသြားကေတာ့ စိုက္က်န္ခဲ့တယ္''ဟု ဖုန္းျဖင့္ေျပာသည္။

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ဆင့္က ''ႏွစ္ဖက္ညိႇႏႈိင္းလို႔ အဆင္ေျပေတာ့မွ အခုလိုျဖစ္ရတာ၊ မြန္းလြဲ ပိုင္းကလည္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ကိုယ္တုိင္ ကြင္းဆင္းၾကည့္႐ႈ သြားခဲ့ပါတယ္၊ မနက္ျဖန္ဆို လုပ္ငန္းျပန္စမွာပါ''ဟု ေျပာသည္။

ဓားထိုးခံရသူ ဦးေက်ာ္ထြန္း(ခ)ဦးျမင့္ေထြးအား မိသားစု ႏွင့္တာဝန္ရိွသူမ်ားက ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ ခဲ့ၿပီး အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

ဓားျဖင့္ထိုး၍ ထြက္ေျပးသြားသူ သီဟ(ခ)သန္႔ဇင္အား စမ္းေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ လိုက္လံစံုစမ္းရွာေဖြဖမ္းဆီးရာ ညေန ၅ နာရီခန္႔တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း ဖမ္းဆီးႏုိင္ ခဲ့ၿပီး ၿမိဳ႕နယ္ရဲတပ္ဖဲြ႕က အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

တင္ဝင္းေလး(ၾကည့္ျမင္တုိင္)
https://www.facebook.com/MYANMAALINNNEWS/
.........



ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်) ရပ်ကွက်၌ ဇွန် ၂၅ ရက် နံနက် ၈ နာရီက ရေမြောင်းပိတ်ဆို့နေမှု ကို မြို့နယ်မှတာဝန်ရှိသူများက လာရောက်ဖြေရှင်းညှိနှိုင်းပေး စဉ် အိမ်နီးချင်းနေသူနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့သည်။

စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်)ရပ်ကွက် စစ်ကိုင်း လမ်းထိပ်ရှိ ရေမြောင်းပိတ်ဆို့နေမှုကို ပြီးခဲ့သောလအတွင်းက မြို့နယ်မှတာဝန်ရှိသူများက ပြန်လည်ဖွင့်ပေးထားခဲ့သော်လည်း ယခုအခါ ယင်းမြောင်းကို ပြန်လည်ပိတ်ထားမှုဖြစ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ရေမြောင်းဖွင့်ခြင်း၊ ပိတ်ခြင်းအပေါ် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ မဲဆန္ဒနယ်(၂)မှ ဦးသော်တာအောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးနှင့် လင်းလွန်းမြောက်/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က ယင်းမြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အနီးဝန်းကျင်နေသူများနှင့် နှစ််ဖက်ညှိနှိုင်းပေးနေစဉ် ဦးထွေးမြင့် (ခ) ဦးကျော်ထွန်း (၄၉ နှစ်)၏ အိမ်နီးချင်းဖြစ်သူ သီဟ(ခ)သန့်ဇင်(၂၃ နှစ်)က ဓားဖြင့်ဝင်ရောက်ထိုးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ''အားလုံးရှေ့မှာဝင်ထိုးပြီး ထွက်ပြေးသွားတာ၊ အစက လက်သီး နဲ့ ထိုးတယ်လို့ထင်တာ၊ နောက်မှ ဓားနဲ့ထိုးမှန်း သိရတာ၊ ဓားက အိမ်သုံးစတီးဓား ဖြစ်မယ်ထင်တယ်၊ ထိုးတဲ့သူလက်ထဲမှာ အရိုးက ပြန်ပါသွားတယ်၊ ဓားသွားကတော့ စိုက်ကျန်ခဲ့တယ်''ဟု ဖုန်းဖြင့်ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ''နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေတော့မှ အခုလိုဖြစ်ရတာ၊ မွန်းလွဲ ပိုင်းကလည်း ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု သွားခဲ့ပါတယ်၊ မနက်ဖြန်ဆို လုပ်ငန်းပြန်စမှာပါ''ဟု ပြောသည်။

ဓားထိုးခံရသူ ဦးကျော်ထွန်း(ခ)ဦးမြင့်ထွေးအား မိသားစု နှင့်တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူ သီဟ(ခ)သန့်ဇင်အား စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးရာ ညနေ ၅ နာရီခန့်တွင် စမ်းချောင်းမြို့နယ်အတွင်း ဖမ်းဆီးနိုင် ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
https://www.facebook.com/MYANMAALINNNEWS/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)