ရည္းစားေဟာင္းမွ ေျခာက္လွန္႕လ်က္ ဖုန္းႏွင့္ဆိုင္ကယ္ ေတာင္းယူ


(3.6.2016 )ရက္ေန႔ည ၈ နာရီခန္႔က ပုသိမ္ၿမိဳ႕ေန မစုျမတ္ႏိုး သည္ တကၠသိုလ္လမ္းရွိ လက္ဘက္ရည္ဆိုင္တြင္ သူငယ္ခ်င္းမ်ားျဖင့္ ထိုင္ေနစဥ္ ရည္းစားေဟာင္း ျဖစ္ခဲ့ဘူးေသာ ပလပ္ ဆိုသူမွ အတင္းအၾကပ္ေခၚေဆာင္သျဖင့္ ၎ဆိုင္ကယ္ျဖင့္ လိုက္သြားၿပီးေနာက္ ပလပ္မွ စုျမတ္ႏိုး ဆိုင္ကယ္ ႏွင့္ ဖုန္းအား သတ္ပစ္မည္ဟုဆိုကာ ေျခာက္လွန္႕ေတာင္း ယူထားသျဖင့္ ၎မွထြက္ေျပးလာခဲ့ေၾကာင္း မိဘမ်ားအား အေၾကာင္းၾကားသျဖင့္ ဖခင္ဦးေက်ာ္ဝင္းမွ သမီးျဖစ္သူအား လိုက္လံေခၚေဆာင္ခဲ့ၿပီး ဖုန္းႏွင့္ဆိုင္ကယ္အား ေျခာက္လွန္႔ ေတာင္းယူထားသူ ပလပ္အား အေရးယူေပးရန္တိုင္တန္း သျဖင့္ ပုသိမ္ၿမိဳ႕မရဲစခန္း (ပ) ၂၅၅/၁၆ ပုဒ္မ ၃၈၆ ျဖင့္ အမႈ ဖြင့္အေရးယူခဲ့ပါသည္။


အမႈမွ တရားခံဖမ္းဆီးရမိေရးအတြက္ ပုသိမ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံစံုစမ္းခဲ့ရာ (၄.၆.၂၀၁၆) ရက္ေန ညေန ၆ နာရီခန္႔တြင္ တရားခံပလပ္အား ပုသိမ္ၿမိဳ႕ စက္မူဇုန္လမ္းတြင္ ဖမ္းဆီး ရမိခဲ့ၿပီး ဖမ္းဆီးစဥ္ ၎ထံမွ အ႐ိုးအသြား ၁၂ လက္မခန္႕ရွိ ဓားေျမႇာင္တစ္ေခ်ာင္းအား သိမ္းဆည္းရမိသျဖင့္ လက္နက္ ဥပေဒပုဒ္မ ၁၉ (င) အရ အေရးယူ ခဲ့သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားမွ ပလပ္အားဖမ္းဆီးစဥ္ တရားခံသူငယ္ခ်င္း ျဖစ္သူ ေဇာ္လြင္ၿဖိဳးမွ ျပန္လည္ခုခံရန္ျပဳေသာေၾကာင့္ နယ္ထိန္းရဲတပ္သား မိုးေဇာ္ဟိန္းႏုတ္ခမ္းတြင္ ဒဏ္ရာရရွိ ခဲ့သျဖင့္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕ဝင္အား ခုခံလက္ ေရာက္မႈ က်ဴးလြန္သူ ေဇာ္လြင္ၿဖိဳးအား ပုဒ္မ ၃၃၂ ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။

မိဘမ်ားအေနျဖင့္ သမီးမိန္းခေလးမ်ားအား နမူနာေျပာျပ အတုယူႏိုင္ေစရန္ ပုသိမ္ၿမိဳ႕မရဲစခန္းမွ တိုက္တြန္းအပ္ပါ သည္

ေက်းဇူးတင္ပါသည္။

 ေဇာ္မင္းထြန္း
............

(3.6.2016 )ရက်နေ့ည ၈ နာရီခန့်က ပုသိမ်မြို့နေ မစုမြတ်နိုး သည် တက္ကသိုလ်လမ်းရှိ လက်ဘက်ရည်ဆိုင်တွင် သူငယ်ချင်းများဖြင့် ထိုင်နေစဉ် ရည်းစားဟောင်း ဖြစ်ခဲ့ဘူးသော ပလပ် ဆိုသူမှ အတင်းအကြပ်ခေါ်ဆောင်သဖြင့် ၎င်းဆိုင်ကယ်ဖြင့် လိုက်သွားပြီးနောက် ပလပ်မှ စုမြတ်နိုး ဆိုင်ကယ် နှင့် ဖုန်းအား သတ်ပစ်မည်ဟုဆိုကာ ခြောက်လှန့်တောင်း ယူထားသဖြင့် ၎င်းမှထွက်ပြေးလာခဲ့ကြောင်း မိဘများအား အကြောင်းကြားသဖြင့် ဖခင်ဦးကျော်ဝင်းမှ သမီးဖြစ်သူအား လိုက်လံခေါ်ဆောင်ခဲ့ပြီး ဖုန်းနှင့်ဆိုင်ကယ်အား ခြောက်လှန့် တောင်းယူထားသူ ပလပ်အား အရေးယူပေးရန်တိုင်တန်း သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ) ၂၅၅/၁၆ ပုဒ်မ ၃၈၆ ဖြင့် အမှု ဖွင့်အရေးယူခဲ့ပါသည်။



အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းခဲ့ရာ (၄.၆.၂၀၁၆) ရက်နေ ညနေ ၆ နာရီခန့်တွင် တရားခံပလပ်အား ပုသိမ်မြို့ စက်မူဇုန်လမ်းတွင် ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးစဉ် ၎င်းထံမှ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းအား သိမ်းဆည်းရမိသဖြင့် လက်နက် ဥပဒေပုဒ်မ ၁၉ (င) အရ အရေးယူ ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များမှ ပလပ်အားဖမ်းဆီးစဉ် တရားခံသူငယ်ချင်း ဖြစ်သူ ဇော်လွင်ဖြိုးမှ ပြန်လည်ခုခံရန်ပြုသောကြောင့် နယ်ထိန်းရဲတပ်သား မိုးဇော်ဟိန်းနုတ်ခမ်းတွင် ဒဏ်ရာရရှိ ခဲ့သဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အား ခုခံလက် ရောက်မှု ကျူးလွန်သူ ဇော်လွင်ဖြိုးအား ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

မိဘများအနေဖြင့် သမီးမိန်းခလေးများအား နမူနာပြောပြ အတုယူနိုင်စေရန် ပုသိမ်မြို့မရဲစခန်းမှ တိုက်တွန်းအပ်ပါ သည်

ကျေးဇူးတင်ပါသည်။


 ဇော်မင်းထွန်း
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)