ေမာ္လၿမိဳင္ၿမိဳ႕မွာ ေနအိမ္တစ္လံုးမီးေလာင္ရာမွ လူတစ္ဦးေသ


မြန္ျပည္နယ္၊ေမာ္လၿမိဳင္ၿမိဳ႕မရမ္းကုန္းရပ္ကြက္ က်ိဳက္သုတ္ဘုရားအနီး ပုလဲလမ္းကေနအိမ္တစ္လံုး မီးေလာင္ကၽြမ္းခဲ့ရာ အသက္ (၃၅) ႏွစ္အရြယ္အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့တယ္လုိ႔ ေမာ္လၿမိဳင္ခရိုင္မီးသတ္ဦးစီး ဌာနကသိရပါတယ္။

 ဇြန္လ(၂၇)ရက္ မနက္(၉)နာရီ(၄၅)မိနစ္၀န္းက်င္က ပုလဲလမ္း အိမ္အမွတ္ (၃၄) မွာ မီးအားျမွင့္စက္ အပူလြန္ကဲရာက တစ္ဆင့္ တင္ဒါဘူးနဲ႔ အျခားပစၥည္းေတြကို ကူးစက္ေလာင္ကၽြမ္းခဲ့တာျဖစ္ၿပီး ေနအိမ္မွာ က်န္ရစ္ခဲ့တဲ့ မိသားစု၀င္ ႏွစ္ဦးထဲက အသက္ (၃၅) ႏွစ္အရြယ္ ေမြးရာပါပုိလီယိုအေၾကာေသေရာဂါ ျဖစ္ပြားတဲ့ေနတဲ့ သားႀကီး (ေခၚ) ဇင္ႏုိင္၀င္းဆိုသူ ေသဆံုးခဲ့တာျဖစ္တယ္လုိ႔ ေမာ္လၿမိဳင္ခရိုင္ မီးသတ္ဦးစီးဌာနမွ တာ၀န္ရွိသူက ေျပာပါတယ္။

 က်န္တစ္ဦးကေတာ့ စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူ ျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြား ခဲ့တယ္လုိ႔ ဆိုပါတယ္။ မီးေလာင္ကၽြမ္းမႈကို မနက္ (၁၀) နာရီ (၁၅) မိနစ္၀န္းက်င္မွာ ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး မီးေလာင္ဆံုးရႈံးမႈတန္ဖိုးကေတာ့ ေနအိမ္နဲ႔ အတြင္း ပစၥည္း(၉)သိန္း (၁)ေသာင္း၀န္းက်င္ခန္႔ရွိတယ္လို႔ သိရပါတယ္။

 ဒီအမႈနဲ႔ပတ္သက္ၿပီး ေနအိမ္အုပ္ထိန္းသူ ေဒၚစန္းစန္္းဝင္းကို ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းက ျပစ္မႈနံပါတ္ (၃၈၄/၂၀၁၆) ေပါ့ဆမီးပုဒ္မ (၂၈၅ /၃၀၄-က)နဲ႔ အမႈဖြင့္အေရးယူထားတယ္လုိ႔ သိရပါတယ္။

ဓာတ္ပံု- Ko Than Htay
5 Plus News
https://www.facebook.com/5plusnews
.........

မွန်ပြည်နယ်၊မော်လမြိုင်မြို့မရမ်းကုန်းရပ်ကွက် ကျိုက်သုတ်ဘုရားအနီး ပုလဲလမ်းကနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ အသက် (၃၅) နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မော်လမြိုင်ခရိုင်မီးသတ်ဦးစီး ဌာနကသိရပါတယ်။

 ဇွန်လ(၂၇)ရက် မနက်(၉)နာရီ(၄၅)မိနစ်ဝန်းကျင်က ပုလဲလမ်း အိမ်အမှတ် (၃၄) မှာ မီးအားမြှင့်စက် အပူလွန်ကဲရာက တစ်ဆင့် တင်ဒါဘူးနဲ့ အခြားပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် နှစ်ဦးထဲက အသက် (၃၅) နှစ်အရွယ် မွေးရာပါပိုလီယိုအကြောသေရောဂါ ဖြစ်ပွားတဲ့နေတဲ့ သားကြီး (ခေါ်) ဇင်နိုင်ဝင်းဆိုသူ သေဆုံးခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

 ကျန်တစ်ဦးကတော့ စိတ်ကျန်းမာရေးချို့တဲ့သူ ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွား ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကို မနက် (၁၀) နာရီ (၁၅) မိနစ်ဝန်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးကတော့ နေအိမ်နဲ့ အတွင်း ပစ္စည်း(၉)သိန်း (၁)သောင်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သက်ပြီး နေအိမ်အုပ်ထိန်းသူ ဒေါ်စန်းစန််းဝင်းကို မော်လမြိုင်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၃၈၄/၂၀၁၆) ပေါ့ဆမီးပုဒ်မ (၂၈၅ /၃၀၄-က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Ko Than Htay
5 Plus News
https://www.facebook.com/5plusnews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)