တကၠသိုလ္ကထိက ဆရာမႏွင့္ ရည္းစား ေက်ာင္းသား စကားမ်ားရာမွ ဓားထုိးမႈျဖစ္


Byမိုးမင္း၊ ထက္ျမက္
On  Sun, 2016-06-05 06:30
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ တကၠသိုလ္ကထိက ဆရာမႏွင့္ ရည္းစားျဖစ္သူ နည္းပညာတကၠ သိုလ္ေက်ာင္းသားတို႔ စကားမ်ားရာမွ ဓားထုိးမႈျဖစ္ပြားခဲ့သည္။

စမ္းေခ်ာင္းၿမိဳ႕နယ္ ေညာင္ တုန္းလမ္း တိုက္ (၄၅) ပထမထပ္ ရွိ ေနအိမ္ေလွကားအနီးတြင္ ဇြန္ လ ၄ ရက္ ညေန ၅ နာရီခန္႔က သမီးရည္းစားႏွစ္ဦး စကားမ်ားရာ မွ အမ်ိဳးသားျဖစ္သူက ဓားျဖင့္ထုိး

ခဲ့ျခင္းျဖစ္သည္ဟု ကြၽန္းေတာအ လယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုး မွ သိရသည္။

‘‘ဓားနဲ႔ထုိးခံရတဲ့ေကာင္မ ေလးက ပခုကၠဴ တကၠသိုလ္က ကထိက။ နာမည္က မခင္မ်ိဳးမ်ိဳး ေအး။ ေကာင္ေလးက ရန္ကုန္ နည္းပညာတကၠသိုလ္က ေက်ာင္းသား ေမာင္မင္းခန္႔ေက်ာ္။ သူတို႔ သြားရင္းလာရင္းနဲ႔ စကားမ်ားၿပီး  အခင္းျဖစ္တဲ့ အိမ္ေရွ႕မွာ ဓားနဲ႔ ထုိးသြားတာလို႔ သိရတယ္။ ျဖစ္တဲ့အိမ္က သူတို႔နဲ႔ ဘယ္လိုမွ မပတ္ သက္ဘူး’’ဟု ကြၽန္းေတာအလယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္း ျမင့္က ေျပာသည္။

‘‘သူတို႔ႏွစ္ေယာက္ကို အိမ္ ကလည္း သေဘာတူထားတယ္။ ေကာင္ေလး ေက်ာင္းမၿပီးေသးလို႔ မယူခိုင္းေသးတာလုိ႔သိရတယ္။ ဒီေန႔လည္း သူတုိ႔ ေလွ်ာက္လည္ ၿပီး ဘယ္လိုက ဘယ္လို စကား မ်ားၿပီး ျဖစ္သြားလဲ မသိဘူး။ ေကာင္မေလးက အခု စကားေျပာ ႏုိင္ၿပီ’’ ဟု အေနာက္ပိုင္းခ႐ိုင္ရဲ တပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ေက်ာ္ထြဋ္က ေျပာသည္။

ဓားျဖင့္ ထုိးေျပးသည္ ဆို ေသာ အသက္(၁၈) ႏွစ္အရြယ္ အမ်ဳိးသားမွာ ပုလဲကြန္ဒိုတြင္ ေနထုိင္သည္ဟု ကနဦး သတင္းရရွိထားၿပီး ည ၉ နာရီအထိ ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း ၎က ေျပာသည္။

အမ်ိဳးသမီးသည္ ဝမ္းဗိုက္ႏွင့္ ရင္ၫြန္႔တြင္ ဓားထုိးခံရ၍ အေနာက္ပိုင္းေဆး႐ံုသို႔ ပို႔ေဆာင္ ကာ ေဆးကုသမႈ ခံယူေနရေသာ္ လည္း အသက္အႏၲရာယ္ စိုးရိမ္စရာမရွိေၾကာင္း ဦးသန္းျမင့္က ဆိုသည္။

‘‘ေဆး႐ံုကေတာ့ ဓားထိုးခံ ရတာ အထဲက ကလီစာေတြမထိ လို႔ မစိုးရိမ္ရဘူးလို႔ေတာ့ေျပာတာ ပဲ’’ဟု ၎က ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲစ ခန္းသို႔ ဆက္သြယ္ေမးျမန္းရာ စခန္းမွဴးက ေဆး႐ံုမွ ျပန္လည္ ေရာက္ရွိလာျခင္း မရွိ၍ ဘာမွ် မသိရေသးေၾကာင္း တာဝန္က်ရဲ အရာရွိတစ္ဦးက ဖုန္းမွ တစ္ဆင့္ ေျဖၾကားသည္။
7Daydaily
.............
တက္ကသိုလ်ကထိက ဆရာမနှင့် ရည်းစား ကျောင်းသား စကားများရာမှ ဓားထိုးမှုဖြစ်
By
မိုးမင်း၊ ထက်မြက်
On  
Sun, 2016-06-05 06:30
စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမနှင့် ရည်းစားဖြစ်သူ နည်းပညာတက္က သိုလ်ကျောင်းသားတို့ စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။

စမ်းချောင်းမြို့နယ် ညောင် တုန်းလမ်း တိုက် (၄၅) ပထမထပ် ရှိ နေအိမ်လှေကားအနီးတွင် ဇွန် လ ၄ ရက် ညနေ ၅ နာရီခန့်က သမီးရည်းစားနှစ်ဦး စကားများရာ မှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး

ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းတောအ လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

‘‘ဓားနဲ့ထိုးခံရတဲ့ကောင်မ လေးက ပခုက္ကူ တက္ကသိုလ်က ကထိက။ နာမည်က မခင်မျိုးမျိုး အေး။ ကောင်လေးက ရန်ကုန် နည်းပညာတက္ကသိုလ်က ကျောင်းသား မောင်မင်းခန့်ကျော်။ သူတို့ သွားရင်းလာရင်းနဲ့ စကားများပြီး  အခင်းဖြစ်တဲ့ အိမ်ရှေ့မှာ ဓားနဲ့ ထိုးသွားတာလို့ သိရတယ်။ ဖြစ်တဲ့အိမ်က သူတို့နဲ့ ဘယ်လိုမှ မပတ် သက်ဘူး’’ဟု ကျွန်းတောအလယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်း မြင့်က ပြောသည်။

‘‘သူတို့နှစ်ယောက်ကို အိမ် ကလည်း သဘောတူထားတယ်။ ကောင်လေး ကျောင်းမပြီးသေးလို့ မယူခိုင်းသေးတာလို့သိရတယ်။ ဒီနေ့လည်း သူတို့ လျှောက်လည် ပြီး ဘယ်လိုက ဘယ်လို စကား များပြီး ဖြစ်သွားလဲ မသိဘူး။ ကောင်မလေးက အခု စကားပြော နိုင်ပြီ’’ ဟု အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ဓားဖြင့် ထိုးပြေးသည် ဆို သော အသက်(၁၈) နှစ်အရွယ် အမျိုးသားမှာ ပုလဲကွန်ဒိုတွင် နေထိုင်သည်ဟု ကနဦး သတင်းရရှိထားပြီး ည ၉ နာရီအထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

အမျိုးသမီးသည် ဝမ်းဗိုက်နှင့် ရင်ညွန့်တွင် ဓားထိုးခံရ၍ အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင် ကာ ဆေးကုသမှု ခံယူနေရသော် လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဦးသန်းမြင့်က ဆိုသည်။

‘‘ဆေးရုံကတော့ ဓားထိုးခံ ရတာ အထဲက ကလီစာတွေမထိ လို့ မစိုးရိမ်ရဘူးလို့တော့ပြောတာ ပဲ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ စမ်းချောင်းမြို့နယ် ရဲစ ခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးက ဆေးရုံမှ ပြန်လည် ရောက်ရှိလာခြင်း မရှိ၍ ဘာမျှ မသိရသေးကြောင်း တာဝန်ကျရဲ အရာရှိတစ်ဦးက ဖုန်းမှ တစ်ဆင့် ဖြေကြားသည်။
7Daydaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)