စုိက္ပ်ိဳးစရိတ္ေခ်းေငြ ထုတ္ယူရာတြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖဲြ႔မွ က်ပ္ႏွစ္ေထာင္ ေကာက္ခံမႈ တုိင္းဝန္ႀကီးခ်ဳပ္ထံတုိင္ၾကား

ဓါတ္ပုံ - ဘုရားကေလးေက်းရြာ သတင္းစဥ္ (Facebook)
ပဲခူးတိုင္းေဒသႀကီး၊ ဘုရားကေလးေက်းရြာ၌ ၂၀၁၆ ခုႏွစ္ မုိးရာသီ စုိက္ပ်ိဳးစရိတ္ ေခ်းေငြ ထုတ္ယူရာတြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖဲြ႔မွ လယ္သမားတစ္ဦးလွ်င္ ႏွစ္ေထာင္က်ပ္ႏႈန္း ေကာက္ခံခဲ့သျဖင့္ လယ္သမား ၁၃၈ ဦးက ပဲခူးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ထံ တုိင္ၾကားခဲ့ေၾကာင္း သိရွိရသည္။

“မုိးစပါးစုိက္ ဘဏ္ေခ်းေငြ ရရွိဖုိ႔အတြက္ ႐ုံးကုိသြားေတာ့ လယ္သမားေတြဆီက (ပုံစံ-၇) ေတာင္းတယ္။ ၿပီးေတာ့ စာရြက္စာတမ္းေၾကးနဲ႔ လမ္းစရိတ္အတြက္ဆုိၿပီး ေငြႏွစ္ေထာင္ ေတာင္းတယ္။ ဒီလုိ တရားမဝင္ေငြေၾကး ေကာက္ခံတဲ့အတြက္ တုိင္ၾကားရျခင္း ျဖစ္တယ္” ဟု ဘုရားကေလးေက်းရြာမွ ေတာင္သူဦးစိန္လွေမာင္က ေျပာသည္။

ပဲခူးၿမိဳ႕နယ္၊ ဘုရားကေလး ေက်းရြာ၌ ၂၀၁၆ မုိးရာသီ စုိက္ပ်ိဳးစရိတ္ ထုတ္ယူရန္အတြက္ စာရင္းဇယားျပဳလုပ္ရာတြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေခ်းေငြစိစစ္ေရးအဖဲြ႔တုိ႔က စာရြက္စာတမ္းေၾကး၊ လမ္းစရိတ္ဟုဆုိကာ လယ္သမားတစ္ဦးလွ်င္ ႏွစ္ေထာင္က်ပ္ႏႈန္းျဖင့္ ေကာက္ခံခဲ့ျခင္းေၾကာင့္ ေမ ၃၁ ရက္တြင္ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

“ျမန္မာ့လယ္ယာဖြ႔ံၿဖိဳးေရးဘဏ္ ေခ်းေငြေဆာင္ရြက္ဖုိ႔ဆုိၿပီး ေငြေကာက္ခံတာပါ။ လက္ခံတဲ့သူရွိသလုိ လက္မခံတဲ့သူကလည္း တုိင္ၾကားၾကတာပါ။ အခုေတာ့ ေကာက္ခံတဲ့ေငြေတြကုိ လယ္သမားအားလုံးကုိ ျပန္ေပးလုိက္ပါၿပီ” ဟု ဘုရားကေလး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွကုိက ေျပာသည္။

ပဲခူးၿမိဳ႕နယ္၊ ဘုရားကေလးေက်းရြာတြင္ ၂၀၁၆ ခုႏွစ္ မုိးစပါးစိုက္ပ်ိဳးရန္အတြက္ စုိက္ပ်ိဳးစရိတ္ ေခ်းေငြယူမည့္ အမည္စာရင္းကို ျပဳစုလွ်က္ရွိၿပီး လယ္သမားမ်ားထံမွ ေငြေၾကးေကာက္ခံျခင္း မျပဳလုပ္ရန္ ျမန္မာ႔လယ္ယာ ဖြံ႔ၿဖိဳးေရးဘဏ္က ေမ ၂၅ ရက္တြင္ ရပ္ကြက္၊ ေက်းရြာမ်ားသို႔ အေၾကာင္းၾကားစာ ေပးပုိ႔ထားေၾကာင္း သိရသည္။

ပဲခူးၿမိဳ႕နယ္၊ ဘုရားကေလးေက်းရြာသည္ ၂၀၁၅ ခုႏွစ္အတြင္းက လယ္သမား ၂၈၆ ဦးမွ လယ္ ၂၀၁၇ ဧကကို မုိးစပါးသီးႏွံအတြက္ တစ္ဧကလွ်င္ တစ္သိန္းက်ပ္ႏႈန္းျဖင့္ ေခ်းေငြရရွိခဲ့ေၾကာင္း သိရသည္။

MMK
The Ladies News
https://www.facebook.com/News.TheLadies
.........

ဓါတ်ပုံ - ဘုရားကလေးကျေးရွာ သတင်းစဉ် (Facebook)
ပဲခူးတိုင်းဒေသကြီး၊ ဘုရားကလေးကျေးရွာ၌ ၂၀၁၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ယူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လယ်သမားတစ်ဦးလျှင် နှစ်ထောင်ကျပ်နှုန်း ကောက်ခံခဲ့သဖြင့် လယ်သမား ၁၃၈ ဦးက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

“မိုးစပါးစိုက် ဘဏ်ချေးငွေ ရရှိဖို့အတွက် ရုံးကိုသွားတော့ လယ်သမားတွေဆီက (ပုံစံ-၇) တောင်းတယ်။ ပြီးတော့ စာရွက်စာတမ်းကြေးနဲ့ လမ်းစရိတ်အတွက်ဆိုပြီး ငွေနှစ်ထောင် တောင်းတယ်။ ဒီလို တရားမဝင်ငွေကြေး ကောက်ခံတဲ့အတွက် တိုင်ကြားရခြင်း ဖြစ်တယ်” ဟု ဘုရားကလေးကျေးရွာမှ တောင်သူဦးစိန်လှမောင်က ပြောသည်။

ပဲခူးမြို့နယ်၊ ဘုရားကလေး ကျေးရွာ၌ ၂၀၁၆ မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ယူရန်အတွက် စာရင်းဇယားပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ချေးငွေစိစစ်ရေးအဖွဲ့တို့က စာရွက်စာတမ်းကြေး၊ လမ်းစရိတ်ဟုဆိုကာ လယ်သမားတစ်ဦးလျှင် နှစ်ထောင်ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ခြင်းကြောင့် မေ ၃၁ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာ့လယ်ယာဖွ့ံဖြိုးရေးဘဏ် ချေးငွေဆောင်ရွက်ဖို့ဆိုပြီး ငွေကောက်ခံတာပါ။ လက်ခံတဲ့သူရှိသလို လက်မခံတဲ့သူကလည်း တိုင်ကြားကြတာပါ။ အခုတော့ ကောက်ခံတဲ့ငွေတွေကို လယ်သမားအားလုံးကို ပြန်ပေးလိုက်ပါပြီ” ဟု ဘုရားကလေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကိုက ပြောသည်။

ပဲခူးမြို့နယ်၊ ဘုရားကလေးကျေးရွာတွင် ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေယူမည့် အမည်စာရင်းကို ပြုစုလျှက်ရှိပြီး လယ်သမားများထံမှ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မေ ၂၅ ရက်တွင် ရပ်ကွက်၊ ကျေးရွာများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ပဲခူးမြို့နယ်၊ ဘုရားကလေးကျေးရွာသည် ၂၀၁၅ ခုနှစ်အတွင်းက လယ်သမား ၂၈၆ ဦးမှ လယ် ၂၀၁၇ ဧကကို မိုးစပါးသီးနှံအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ချေးငွေရရှိခဲ့ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)