ေနာက္ထပ္ ဆုိင္ကလုန္းမုန္တုိင္း ရခိုင္ကမ္းရုိးတန္းကုိ ဦးတည္ေန


ေမလ တတိယပတ္အတြင္း ဘဂၤလားပင္လယ္ေအာ္အတြင္း၌ အားေကာင္းသည့္ ဆိုင္ကလုန္းမုန္တိုင္း ျဖစ္ေပၚႏိုင္သည့္ အေျခအေန ႀကိဳတင္ခန္႕မွန္း
(UPDATED upon 13MAY 0630 FORECAST) သိသာသည့္ ေျပာင္းလဲမႈ မရွိပါ၊ ရခိုင္ကမ္းရိုးတန္းသို႕ ဦးတည္ႏိုင္မည့္အေျခအေနအား ဆက္လက္ေတြ႕ရွိရပါသည္။
=========
UPDATE-10
=========
13MAY 0630 FORECAST တြင္ သိသာသည့္ ေျပာင္းလဲမႈ မရွိပါ - ဘဂၤလားပင္လယ္ေအာ္ အေနာက္ေတာင္ပိုင္း ပင္လယ္ျပင္၌ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚလာၿပီး၊ မုန္တိုင္းအဆင့္သို႕ ေရာက္ရွိၿပီးေနာက္ ေမလ ၁၆ ရက္၊ ၁၈းဝဝ နာရီ၌ သီရိလကၤာႏိုင္ငံေျမာက္ဘက္၊ အိႏိၵယႏိုင္ငံ အေရွ႕ေတာင္ဘက္ကမ္းေျခအနီး ေရာက္ရွိစဥ္ မုန္တိုင္းဗဟိုသည္ တစ္ဝက္တစ္ပ်က္(သို႕မဟုတ္)လံုးဝ ကုန္းတြင္းသို႕ "ပထမ အႀကိမ္"ေရာက္ရွိၿပီး အားေပ်ာ့သြားေၾကာင္း ေတြ႕ရပါသည္။


သို႕ရာတြင္ အာေရဗ်ပင္လယ္ဘက္(အေနာက္ဘက္)မွ အားေကာင္းေသာ ေလစီးေၾကာင္းမ်ားေၾကာင့္ ေမ ၁၈ ရက္ ၂၁း၃ဝ နာရီတြင္ အႂကြင္းအက်န္ တိမ္တိုက္သည္ ျပန္လည္စုစည္းၿပီး ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းသို႕ ျပန္လည္ ဝင္ေရာက္လာေၾကာင္း၊ အေရွ႕-အေရွ႕ေျမာက္ဘက္သို႕ ေရြ႕လ်ားရင္း ေမ ၁၉ ရက္ ၂၁း၃ဝ နာရီမတိုင္မီ မုန္တိုင္းအျဖစ္သို႕ ျပန္လည္ေရာက္ရွိေၾကာင္း၊ ဆက္လက္၍ အေရွ႕ဘက္(ရခိုင္ကမ္းရိုးတန္းဘက္)သို႕ ေရြ႕လ်ားၿပီး ေမလ ၂၁ ရက္ ည ပိုင္းတြင္ စစ္ေတြႏွင့္ ေက်ာက္ျဖဴၿမိဳ႕မ်ား အနီးမွ ကုန္းတြင္းသို႕ "ဒုတိယအႀကိမ္"ဝင္ေရာက္ၿပီးေနာက္ အႂကြင္းအက်န္တိမ္တိုက္မ်ားသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားသို႕ ဆက္လက္ေရြ႕လ်ားဝင္ေရာက္ႏိုင္ဘြယ္ရွိေၾကာင္း ယေန႕ ေနာက္ဆံုး ရရွိသည့္ Global Computer Model Forecast အခ်က္အလက္မ်ားတြင္ ေတြ႕ရပါသည္။

***** ကြန္ပ်ဴတာေမာ္ဒယ္မွ ႀကိဳတင္ခန္႕မွန္းခ်က္ျဖစ္ၿပီး ဤခန္႕မွန္းခ်က္အတိုင္း အမွန္တကယ္ ျဖစ္ေပၚလာျခင္း ရွိ/မရွိ ဆက္လက္ ေစာင့္ၾကည့္တင္ျပေပးသြားပါမည္။

***** မုန္တိုင္းျဖစ္ေပၚႏိုင္မည့္ ကာလ မတိုင္မီ မိုးေလဝသပညာရွင္ႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ေၾကျငာခ်က္မ်ားကိုလည္း ဤရက္ပိုင္းအတြင္း အထူး(အထူး)ဂရုစိုက္ေစာင့္ၾကည့္ၾကပါရန္ ႀကိဳတင္အသိေပးတင္ျပအပ္ပါသည္။

MMweather Page
https://www.facebook.com/mmweather/
..............


မေလ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေ ကြိုတင်ခန့်မှန်း
(UPDATED upon 13MAY 0630 FORECAST) သိသာသည့် ပြောင်းလဲမှု မရှိပါ၊ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နိုင်မည့်အခြေအနေအား ဆက်လက်တွေ့ရှိရပါသည်။
=========
UPDATE-10
=========
13MAY 0630 FORECAST တွင် သိသာသည့် ပြောင်းလဲမှု မရှိပါ - ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း ပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပြီး၊ မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် မေလ ၁၆ ရက်၊ ၁၈းဝဝ နာရီ၌ သီရိလင်္ကာနိုင်ငံမြောက်ဘက်၊ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက်ကမ်းခြေအနီး ရောက်ရှိစဉ် မုန်တိုင်းဗဟိုသည် တစ်ဝက်တစ်ပျက်(သို့မဟုတ်)လုံးဝ ကုန်းတွင်းသို့ "ပထမ အကြိမ်"ရောက်ရှိပြီး အားပျော့သွားကြောင်း တွေ့ရပါသည်။



သို့ရာတွင် အာရေဗျပင်လယ်ဘက်(အနောက်ဘက်)မှ အားကောင်းသော လေစီးကြောင်းများကြောင့် မေ ၁၈ ရက် ၂၁း၃ဝ နာရီတွင် အကြွင်းအကျန် တိမ်တိုက်သည် ပြန်လည်စုစည်းပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ပြန်လည် ဝင်ရောက်လာကြောင်း၊ အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားရင်း မေ ၁၉ ရက် ၂၁း၃ဝ နာရီမတိုင်မီ မုန်တိုင်းအဖြစ်သို့ ပြန်လည်ရောက်ရှိကြောင်း၊ ဆက်လက်၍ အရှေ့ဘက်(ရခိုင်ကမ်းရိုးတန်းဘက်)သို့ ရွေ့လျားပြီး မေလ ၂၁ ရက် ည ပိုင်းတွင် စစ်တွေနှင့် ကျောက်ဖြူမြို့များ အနီးမှ ကုန်းတွင်းသို့ "ဒုတိယအကြိမ်"ဝင်ရောက်ပြီးနောက် အကြွင်းအကျန်တိမ်တိုက်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ယနေ့ နောက်ဆုံး ရရှိသည့် Global Computer Model Forecast အချက်အလက်များတွင် တွေ့ရပါသည်။

***** ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး ဤခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာခြင်း ရှိ/မရှိ ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။

***** မုန်တိုင်းဖြစ်ပေါ်နိုင်မည့် ကာလ မတိုင်မီ မိုးလေဝသပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာချက်များကိုလည်း ဤရက်ပိုင်းအတွင်း အထူး(အထူး)ဂရုစိုက်စောင့်ကြည့်ကြပါရန် ကြိုတင်အသိပေးတင်ပြအပ်ပါသည်။

MMweather Page
https://www.facebook.com/mmweather/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)