တပ္မေတာ္ႏွင့္ SSA တုိက္ပြဲျဖစ္ပြားရာ ေနရာတြင္ မီး႐ိႈ႕ထားေသာ လူေသအေလာင္း ေျခာက္ေလာင္းေတြ႕

By
On  
Sun, 2016-05-22 06:30
Location
Issue No.

ဓာတ္ပံု − စိုင္းထြန္းဉာဏ္
ရွမ္းျပည္နယ္ ေျမာက္ ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ SSPP/ SSA တို႔ တုိက္ပြဲျဖစ္ပြားခဲ့ေသာ ေနရာတြင္ မီး႐ိႈ႕ထားသည့္ လူေသ အေလာင္း ေျခာက္ေလာင္း ေတြ႕ ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ေက်ာက္မဲၿမိဳ႕၏ ေတာင္ ဘက္ ေျခာက္မိုင္ခန္႔အကြာရွိ ပန္ေလာ့ေက်းရြာတြင္ မီး႐ိႈ႕ခံထားရ သည့္ အေလာင္းသံုးေလာင္းႏွင့္ ေက်ာက္မဲၿမိဳ႕ႏွင့္ ၁၅ မိုင္ခန္႔ေဝး သည့္ ေနာင္ကြမ္းအုပ္စု ဝိုးလံု ေက်းရြာ၌ လူေသအေလာင္း ငါးေလာင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ သည္ဟု အဆုိပါေက်းရြာမ်ားသို႔ သြားေရာက္ခဲ့ေသာ ေက်ာက္မဲၿမိဳ႕ နယ္ မဲဆႏၵနယ္ အမွတ္(၂)မွ ရွမ္းျပည္နယ္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးစိုင္းထြန္းဉာဏ္က ေျပာ ၾကားသည္။
‘‘ပန္ေလာ့ရြာမွာ အေလာင္း သံုးေလာင္းေတြ႕တယ္။ ၀ိုးလႈံရြာထဲမွာ ငါးေလာင္းေတြ႔ခဲ့ပါတယ္။  အဲဒီထဲကေျခာက္ေလာင္းကေတာ့ မီး႐ိႈ႕ထားတာေပါ့။ ဟိုဘက္ရြာတစ္ရြာမွာလည္း လူေသအေလာင္း ရွိေသးတယ္ၾကားေပမယ့္ ကြၽန္ေတာ္တို႔ မသြားျဖစ္ခဲ့ပါဘူး’’ ဟု ဦးစိုင္းထြန္းဉာဏ္က ေျပာသည္။  
မီး႐ိႈ႕ခံထားရေသာ လူေသ အေလာင္းမ်ားရွိသည္ဟု သတင္း ၾကားရသည့္ ယင္းေနရာမ်ားသို႔ ေဒသခံသတင္းေထာက္အခ်ိဳ႕ႏွင့္  လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ က ေမလ ၂၁ ရက္တြင္ သြား ေရာက္ၾကည့္႐ႈခဲ့ၾကသည္။
ေက်ာက္မဲၿမိဳ႕နယ္ အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးစိုင္းထြန္းဝင္းက မီး႐ိႈ႕ ခံထားရသူမ်ားသည္ ေဒသခံျပည္သူမ်ားျဖစ္ႏိုင္ေၾကာင္း ေျပာသည္။ ႐ုပ္အေလာင္းမ်ားမွာ ပ်က္စီးေန၍ မည္သူမည္၀ါ ျဖစ္သည္ကို ခြဲျခားမရေတာ့ေၾကာင္း ၎က ေျပာသည္။
အေလာင္းငါးေလာင္းေတြ႕ ခဲ့သည့္ ဝုိးလံုရြာတြင္ အိမ္ေျခ ၃၂ လံုးရွိၿပီး ေဒသခံမ်ားအားလံုး ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနကာ ယင္းရြာသို႔ မျပန္ရဲၾကေၾကာင္း လိုက္ပါသြားသည့္ သတင္းေထာက္တစ္ဦးက ေျပာသည္။
အထက္ပါ ရြာႏွစ္ရြာမွာ ျမန္ မာ့တပ္မေတာ္ႏွင့္ SSPP/SSA  တို႔တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ ေသာေနရာျဖစ္ၿပီး လတ္တေလာ တြင္ တိုက္ပြဲမျဖစ္ပြားေတာ့ဘဲ ျမန္မာ့တပ္မေတာ္က လံုၿခံဳေရးယူ ထားေၾကာင္း သတင္းရရွိသည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီအတြင္းက လည္း RCSS/SSA ႏွင့္ TNLA တို႔တုိက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ သည့္ ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ ဆန္ရြာတြင္ လူခုနစ္ဦး သတ္ျဖတ္ ခံရသည္။
ေက်ာက္မဲၿမိဳ႕ႏွင့္ ေျခာက္မိုင္ ခန္႔အကြာရွိ ပန္ေလာ့ရြာတြင္ သံုး ေလာင္း ေတြ႕ရွိခဲ့ၿပီး ေက်ာက္မဲၿမိဳ႕ႏွင့္ ၁၅ မိုင္ခန္႔အကြာ ေနာင္ကြမ္ေက်းရြာအုပ္စုဝိုးလံုရြာ၌ သံုးေလာင္းေတြ႕ရွိခဲ့သည္။
ဝိုးလံုရြာ အဝင္တြင္ SSA တပ္သားတစ္ဦး၏အေလာင္းႏွင့္ ဝိုးလံုရြာအတြင္းရွိ မီးေလာင္ထား သည့္ ေနအိမ္တြင္ အေလာင္းႏွစ္ ေလာင္းေတြ႕ရွိျခင္းျဖစ္သည္။ ထို႔ ျပင္ ဝုိးလံုရြာအတြင္းရွိ မီး႐ိႈ႕ထား ေသာ အိမ္သာတစ္လံုးအနီးတြင္ လည္း အ႐ိုးစအခ်ိဳ႕ႏွင့္ ေသြးစက္ အခ်ိဳ႕ ေတြ႕ရွိခဲ့ရာ အိမ္သာက်င္း အတြင္း အေလာင္းတစ္ေလာင္း ထပ္မံ ရွိေနႏိုင္သည္ဟု သြား ေရာက္ခဲ့သူမ်ားက ခန္႔မွန္းသည္။
ဝုိးလံုရြာျပင္ဘက္တြင္ မီး႐ိႈ႕ခံထားရသည့္ အေလာင္းမ်ားရွိ ေနေသးေၾကာင္း ေဒသခံအခ်ိဳ႕က သတင္းေပးေသာ္လည္း ေျမျမႇဳပ္မိုင္းႏွင့္ လံုၿခံဳေရးအေျခအေန ေၾကာင့္ သြားေရာက္ၾကည့္႐ႈႏုိင္ခဲ့ ျခင္း မရွိေၾကာင္း၊ အနံ႔အသက္မ်ားေၾကာင့္ ဝိုးလံုရြာအျပင္ဘက္ တြင္ အေလာင္းမ်ားရွိေနႏုိင္ေသး ေၾကာင္း ဆိုသည္။
7Daydaily
.............
By
မောင်တာအောင်သစ်လွင်
On  
Sun, 2016-05-22 06:30
Location
ရန်ကုန်
Issue No.
No.1096 Sunday, May 22, 2016


ဓာတ်ပုံ − စိုင်းထွန်းဉာဏ်
ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် SSPP/ SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာတွင် မီးရှို့ထားသည့် လူသေ အလောင်း ခြောက်လောင်း တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်မဲမြို့၏ တောင် ဘက် ခြောက်မိုင်ခန့်အကွာရှိ ပန်လော့ကျေးရွာတွင် မီးရှို့ခံထားရ သည့် အလောင်းသုံးလောင်းနှင့် ကျောက်မဲမြို့နှင့် ၁၅ မိုင်ခန့်ဝေး သည့် နောင်ကွမ်းအုပ်စု ဝိုးလုံ ကျေးရွာ၌ လူသေအလောင်း ငါးလောင်း တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟု အဆိုပါကျေးရွာများသို့ သွားရောက်ခဲ့သော ကျောက်မဲမြို့ နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းထွန်းဉာဏ်က ပြော ကြားသည်။
‘‘ပန်လော့ရွာမှာ အလောင်း သုံးလောင်းတွေ့တယ်။ ၀ိုးလှုံရွာထဲမှာ ငါးလောင်းတွေ့ခဲ့ပါတယ်။  အဲဒီထဲကခြောက်လောင်းကတော့ မီးရှို့ထားတာပေါ့။ ဟိုဘက်ရွာတစ်ရွာမှာလည်း လူသေအလောင်း ရှိသေးတယ်ကြားပေမယ့် ကျွန်တော်တို့ မသွားဖြစ်ခဲ့ပါဘူး’’ ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။  
မီးရှို့ခံထားရသော လူသေ အလောင်းများရှိသည်ဟု သတင်း ကြားရသည့် ယင်းနေရာများသို့ ဒေသခံသတင်းထောက်အချို့နှင့်  လွှတ်တော်ကိုယ်စားလှယ်အချို့ က မေလ ၂၁ ရက်တွင် သွား ရောက်ကြည့်ရှုခဲ့ကြသည်။
ကျောက်မဲမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းထွန်းဝင်းက မီးရှို့ ခံထားရသူများသည် ဒေသခံပြည်သူများဖြစ်နိုင်ကြောင်း ပြောသည်။ ရုပ်အလောင်းများမှာ ပျက်စီးနေ၍ မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားမရတော့ကြောင်း ၎င်းက ပြောသည်။
အလောင်းငါးလောင်းတွေ့ ခဲ့သည့် ဝိုးလုံရွာတွင် အိမ်ခြေ ၃၂ လုံးရှိပြီး ဒေသခံများအားလုံး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကာ ယင်းရွာသို့ မပြန်ရဲကြကြောင်း လိုက်ပါသွားသည့် သတင်းထောက်တစ်ဦးက ပြောသည်။
အထက်ပါ ရွာနှစ်ရွာမှာ မြန် မာ့တပ်မတော်နှင့် SSPP/SSA  တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ သောနေရာဖြစ်ပြီး လတ်တလော တွင် တိုက်ပွဲမဖြစ်ပွားတော့ဘဲ မြန်မာ့တပ်မတော်က လုံခြုံရေးယူ ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက လည်း RCSS/SSA နှင့် TNLA တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ သည့် ကျောက်မဲမြို့နယ် တော့ ဆန်ရွာတွင် လူခုနစ်ဦး သတ်ဖြတ် ခံရသည်။
ကျောက်မဲမြို့နှင့် ခြောက်မိုင် ခန့်အကွာရှိ ပန်လော့ရွာတွင် သုံး လောင်း တွေ့ရှိခဲ့ပြီး ကျောက်မဲမြို့နှင့် ၁၅ မိုင်ခန့်အကွာ နောင်ကွမ်ကျေးရွာအုပ်စုဝိုးလုံရွာ၌ သုံးလောင်းတွေ့ရှိခဲ့သည်။
ဝိုးလုံရွာ အဝင်တွင် SSA တပ်သားတစ်ဦး၏အလောင်းနှင့် ဝိုးလုံရွာအတွင်းရှိ မီးလောင်ထား သည့် နေအိမ်တွင် အလောင်းနှစ် လောင်းတွေ့ရှိခြင်းဖြစ်သည်။ ထို့ ပြင် ဝိုးလုံရွာအတွင်းရှိ မီးရှို့ထား သော အိမ်သာတစ်လုံးအနီးတွင် လည်း အရိုးစအချို့နှင့် သွေးစက် အချို့ တွေ့ရှိခဲ့ရာ အိမ်သာကျင်း အတွင်း အလောင်းတစ်လောင်း ထပ်မံ ရှိနေနိုင်သည်ဟု သွား ရောက်ခဲ့သူများက ခန့်မှန်းသည်။
ဝိုးလုံရွာပြင်ဘက်တွင် မီးရှို့ခံထားရသည့် အလောင်းများရှိ နေသေးကြောင်း ဒေသခံအချို့က သတင်းပေးသော်လည်း မြေမြှုပ်မိုင်းနှင့် လုံခြံုရေးအခြေအနေ ကြောင့် သွားရောက်ကြည့်ရှုနိုင်ခဲ့ ခြင်း မရှိကြောင်း၊ အနံ့အသက်များကြောင့် ဝိုးလုံရွာအပြင်ဘက် တွင် အလောင်းများရှိနေနိုင်သေး ကြောင်း ဆိုသည်။
7Daydaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)