ေက်ာက္စိမ္းတူးေဖာ္မႈ ရပ္ဆုိင္းေရး Global Witness အႀကံျပဳ


တနလၤာေန႔က ဖားကန္႔ေဒသမွာ ေနာက္ထပ္ ေျမစာပံုၿပိဳက်မႈေၾကာင့္ လူေပါင္း ဒါဇင္နဲ႔မနည္း အသက္ဆံုး႐ံႈးခဲ့တဲ့ျဖစ္ရပ္မွာ ေက်ာက္စိမ္းတူးေဖာ္ေနတဲ့ ကုမၸဏီေတြဘက္က တာ၀န္အျပည့္ရွိေနေၾကာင္း လန္ဒန္အေျခစိုက္ Global Witness အဖဲြ႔ႀကီးက ေျပာၾကားလိုက္ပါတယ္။ ဒီလိုပ်က္စီးဆံုး႐ံႈးမႈေတြအတြက္ ကုမၸဏီေတြဘက္က ျပန္ၿပီး ျပဳျပင္တာေတြ အေကာင္အထည္မေဖာ္မခ်င္း ေက်ာက္စိမ္းကုမၸဏီေတြရဲ႕ လုပ္ငန္းေတြကို NLD အစိုးရက ရပ္ဆိုင္းသင့္ေၾကာင္းလည္း တိုက္တြန္းလိုက္ပါတယ္။ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသက ေက်ာက္စိမ္းတူးေဖာ္ေရး လွ်ဳိ႕၀ွက္ခ်က္ေတြကို ကိုယ္တိုင္ စံုစမ္းေလ့လာၿပီး အစီရင္ခံစာ ေရးသားထုတ္ျပန္ေနတဲ့ Global Witness အဖဲြ႔ႀကီးရဲ႕ သုေတသီ Juman Kubbau က ဒီေျမစာပံုၿပိဳက်မႈေၾကာင့္ လူေတြေသဆံုးခဲ့ရတာနဲ႔ ပတ္သက္လို႔ အခုလို ေျပာပါတယ္။

“အခုဖားကန္႔ေဒသက ေနာက္ဆံုး ေျမစာပံုၿပိဳက်မႈဟာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းကုမၸဏီေတြအေနနဲ႔ တာ၀န္ခံရမယ္္ဆိုတာကို အထင္အရွား ျပသလိုက္တာျဖစ္ပါတယ္။ ဒီကုမၸဏီေတြဟာ သဘာ၀ေတာေတာင္ေတြကို ဖ်က္ဆီးေနတဲ့အျပင္ ေျမစာေတြကို မဆင္မျခင္ အႏၱရာယ္ရွိတဲ့ စြန္႔ပစ္မႈေတြေၾကာင့္ လူေတြရဲ႕ အသက္ေတြကို အႏၱရာယ္ျဖစ္ေစတာပါ။”

ဖားကန္႔ေဒသက ရတနာၾကယ္ေက်ာက္မ်က္ တူးေဖာ္ေရးကုမၸဏီလုပ္ကြက္မွာ တနလၤာေန႔ညပိုင္းက ေျမစာပံုၿပိဳက်မႈ ျဖစ္ခဲ့တာပါ။ ဒီလို ေျမစာပံုၿပိဳက်မႈ အေတာ္မ်ားမ်ားျဖစ္ေနတဲ့ လိုင္စင္ရထားတဲ့ ေက်ာက္စိမ္းကုမၸဏီေတြကို စစ္အာဏာရွင္ဗိုလ္ခ်ဳပ္ေတြနဲ႔ မူးယစ္ရာဇာေတြ ပိုင္ဆိုင္ထားေၾကာင္း Juman Kubbau က ေျပာပါတယ္။ ဒါအျပင္ သူတို႔ေတြဟာ ျပစ္ဒဏ္ကေန အျပည့္အ၀ ကင္းလြတ္ခြင့္ရေနသူေတြျဖစ္ၿပီး ကခ်င္ျပည္နယ္ရဲ႕ ေက်ာက္စိမ္းေျမကိုလည္း ေဖာက္ခဲြ ဖ်က္ဆီးခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

NLD အစိုးရ ဧၿပီလမွာ တရား၀င္အာဏာမယူခင္ လက္က်န္ လပိုင္းေတြအတြင္း ဖားကန္႔ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းေတြကို ကုမၸဏီေပါင္း (၅၀၀) ေက်ာ္က ထိန္းမႏိုင္သိမ္းမရ လုပ္ေဆာင္ခဲ့ၾကတာေၾကာင့္ အလြန္အႏၱရာယ္ရွိတဲ့ အေျခအေနေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔ Juman Kubbau က ဆိုပါတယ္။ ဒါေၾကာင့္ အစိုးရသစ္အေနနဲ႔ ဒီေက်ာက္စိမ္းကုမၸဏီေတြနဲ႔ ပတ္သက္ၿပီး အေရးယူေဆာင္ရြက္ဖို႔ လိုအပ္ေနေၾကာင္း သူက အခုလို ေျပာပါတယ္။

“လိုင္စင္ရ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၸဏီေတြအေနနဲ႔ ႏိုင္ငံတကာ စံခ်ိန္စံႏႈန္းေတြနဲ႔အညီ သဘာ၀ပတ္၀န္းက်င္နဲ႔ လူမႈဘ၀အေပၚ သူတုိ႔ရဲ႕လုပ္ငန္းက ဆိုးက်ဳိး သက္ေရာက္မႈေတြကို ေလ်ာ့ပါးသက္သာေစေရး အေျခအေနေတြအတြက္ အစီအစဥ္ေတြရွိဖို႔အျပင္ ဖားကန္႔ေဒသမွာ သူတို႔လုပ္ေဆာင္ခဲ့တဲ့ ပ်က္စီးဆံုး႐ံႈးမႈေတြကို ျပန္ၿပီးျပဳျပင္မယ့္ အဆင့္ေတြ အေကာင္အထည္ မေဖာ္မခ်င္း ဒီကုမၸဏီေတြကို ရပ္ဆိုင္းထားဖို႔ NLD အစိုးရသစ္အေနနဲ႔ စဥ္းစားသင့္ပါတယ္။ အာဏာရ NLD ပါတီ လႊမ္းမိုးထားတဲ့ လႊတ္ေတာ္မွာလည္း ေက်ာက္ျမက္တူးေဖာ္ေရး လုပ္ငန္းအတြက္ ဥပေဒကို ျပန္ၿပီး စိစစ္ေနပါတယ္။ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ဒီဥပေဒကိုျပင္ဆင္ရာမွာ သဘာ၀ပတ္၀န္းက်င္ ပိုၿပီးေကာင္းမြန္မႈနဲ႔ လူမႈဘ၀ ကာကြယ္ေစာင့္ေရွာက္မႈေတြ အေလးေပးသင့္ေၾကာင္းနဲ႔ ေက်ာက္စိမ္းလုပ္ငန္းနဲ႔ ပတ္သက္ရင္ ကုမၸဏီပိုင္ရွင္ေတြကို ထင္သာျမင္သာျဖစ္ေစဖို႔နဲ႔ စာခ်ဳပ္ေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ဖို႔ ေသခ်ာေအာင္ ေဆာင္ရြက္သင့္ေၾကာင္း Ms. Kubbau က ေျပာပါတယ္။ ဒါ့အျပင္ မၾကာေသးခင္က ျမန္မာအေပၚ သက္တမ္းတိုးလိုက္တဲ့ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈဟာ ခ႐ိုနီလုပ္ငန္းရွင္ေတြကို ထိန္းခ်ဳပ္ေရးမွာ အလြန္အေရးပါတယ္လို႔ သူက ဆိုပါတယ္။

“အေမရိကန္က ဆက္ၿပီးခ်မွတ္ထားတဲ့ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမႈဟာ ဖားကန္႔ကိုခ်ဳပ္ကိုင္ထားတဲ့ အာဏာရွိတဲ့ လူတစုအေပၚ အေလ်ာ့အတင္းလုပ္ဖို႔ အေရးပါတဲ့ နည္းလမ္းအျဖစ္ အေထာက္အကူျပဳတာပါ။ ဒါေၾကာင့္ ပိတ္ဆို႔မႈေတြကို ထပ္ၿပီး ေလွ်ာ့ခ်မေပးခင္မွာ ႀကိဳတင္သတ္မွတ္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း ျပဌာန္းထားျခင္းအားျဖင့္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အက်ဳိးအျမတ္ အမ်ားဆံုးရွိတဲ့ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္း စနစ္တက်ျဖစ္ေအာင္ ႀကိဳးစားေနတဲ့ NLD အစိုးရရဲ႕ ျပဳျပင္ေျပာင္းလဲမႈကို ကူညီပံ့ပိုးႏိုင္ပါတယ္။”

ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းနဲ႔ပတ္သက္လို႔ ေနာက္ထပ္အစီရင္ခံစာ ထုတ္ျပန္ဖို႔အတြက္ Juman Kubba ကိုယ္တိုင္လည္း ကခ်င္ျပည္နယ္ကို ေရာက္ရွိေနတာပါ။ ျမန္မာႏိုင္ငံရဲ႕ GDP အသားတင္ ထုတ္လုပ္မႈ တ၀က္ေက်ာ္ အေမရိကန္ေဒၚလာ ဘီလီယံ (၃၀) ေက်ာ္ ၀င္ေငြပမာဏရွိတဲ့ ေက်ာက္စိမ္းလုပ္ငန္းကို ဘယ္သူေတြ ပိုင္ဆိုင္ေနသလဲဆိုတဲ့ ႀကီးမားတဲ့ ႏိုင္ငံေတာ္လွ်ဳိ႕၀ွက္ခ်က္ေခါင္းစဥ္နဲ႔ ၂၀၁၅ ခုနွစ္ အစီရင္ခံစာကို Global Witness အဖဲြ႔ႀကီးက ထုတ္ျပန္ထားပါတယ္။

 အင္ၾကင္းႏိုင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......

တနင်္လာနေ့က ဖားကန့်ဒေသမှာ နောက်ထပ် မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ဒါဇင်နဲ့မနည်း အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်ရပ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေဘက်က တာဝန်အပြည့်ရှိနေကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလိုပျက်စီးဆုံးရှုံးမှုတွေအတွက် ကုမ္ပဏီတွေဘက်က ပြန်ပြီး ပြုပြင်တာတွေ အကောင်အထည်မဖော်မချင်း ကျောက်စိမ်းကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို NLD အစိုးရက ရပ်ဆိုင်းသင့်ကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လျှို့ဝှက်ချက်တွေကို ကိုယ်တိုင် စုံစမ်းလေ့လာပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်နေတဲ့ Global Witness အဖွဲ့ကြီးရဲ့ သုတေသီ Juman Kubbau က ဒီမြေစာပုံပြိုကျမှုကြောင့် လူတွေသေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“အခုဖားကန့်ဒေသက နောက်ဆုံး မြေစာပုံပြိုကျမှုဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ တာဝန်ခံရမယ််ဆိုတာကို အထင်အရှား ပြသလိုက်တာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ သဘာဝတောတောင်တွေကို ဖျက်ဆီးနေတဲ့အပြင် မြေစာတွေကို မဆင်မခြင် အန္တရာယ်ရှိတဲ့ စွန့်ပစ်မှုတွေကြောင့် လူတွေရဲ့ အသက်တွေကို အန္တရာယ်ဖြစ်စေတာပါ။”

ဖားကန့်ဒေသက ရတနာကြယ်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှာ တနင်္လာနေ့ညပိုင်းက မြေစာပုံပြိုကျမှု ဖြစ်ခဲ့တာပါ။ ဒီလို မြေစာပုံပြိုကျမှု အတော်များများဖြစ်နေတဲ့ လိုင်စင်ရထားတဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို စစ်အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ မူးယစ်ရာဇာတွေ ပိုင်ဆိုင်ထားကြောင်း Juman Kubbau က ပြောပါတယ်။ ဒါအပြင် သူတို့တွေဟာ ပြစ်ဒဏ်ကနေ အပြည့်အဝ ကင်းလွတ်ခွင့်ရနေသူတွေဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းမြေကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

NLD အစိုးရ ဧပြီလမှာ တရားဝင်အာဏာမယူခင် လက်ကျန် လပိုင်းတွေအတွင်း ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကုမ္ပဏီပေါင်း (၅၀၀) ကျော်က ထိန်းမနိုင်သိမ်းမရ လုပ်ဆောင်ခဲ့ကြတာကြောင့် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ Juman Kubbau က ဆိုပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ဒီကျောက်စိမ်းကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်း သူက အခုလို ပြောပါတယ်။

“လိုင်စင်ရ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအပေါ် သူတို့ရဲ့လုပ်ငန်းက ဆိုးကျိုး သက်ရောက်မှုတွေကို လျော့ပါးသက်သာစေရေး အခြေအနေတွေအတွက် အစီအစဉ်တွေရှိဖို့အပြင် ဖားကန့်ဒေသမှာ သူတို့လုပ်ဆောင်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်ပြီးပြုပြင်မယ့် အဆင့်တွေ အကောင်အထည် မဖော်မချင်း ဒီကုမ္ပဏီတွေကို ရပ်ဆိုင်းထားဖို့ NLD အစိုးရသစ်အနေနဲ့ စဉ်းစားသင့်ပါတယ်။ အာဏာရ NLD ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်မှာလည်း ကျောက်မြက်တူးဖော်ရေး လုပ်ငန်းအတွက် ဥပဒေကို ပြန်ပြီး စိစစ်နေပါတယ်။ လွှတ်တော်အမတ်တွေအနေနဲ့ ဒီဥပဒေကိုပြင်ဆင်ရာမှာ သဘာဝပတ်ဝန်းကျင် ပိုပြီးကောင်းမွန်မှုနဲ့ လူမှုဘဝ ကာကွယ်စောင့်ရှောက်မှုတွေ အလေးပေးသင့်ကြောင်းနဲ့ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ရင် ကုမ္ပဏီပိုင်ရှင်တွေကို ထင်သာမြင်သာဖြစ်စေဖို့နဲ့ စာချုပ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ဖို့ သေချာအောင် ဆောင်ရွက်သင့်ကြောင်း Ms. Kubbau က ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာအပေါ် သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ခရိုနီလုပ်ငန်းရှင်တွေကို ထိန်းချုပ်ရေးမှာ အလွန်အရေးပါတယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်က ဆက်ပြီးချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုဟာ ဖားကန့်ကိုချုပ်ကိုင်ထားတဲ့ အာဏာရှိတဲ့ လူတစုအပေါ် အလျော့အတင်းလုပ်ဖို့ အရေးပါတဲ့ နည်းလမ်းအဖြစ် အထောက်အကူပြုတာပါ။ ဒါကြောင့် ပိတ်ဆို့မှုတွေကို ထပ်ပြီး လျှော့ချမပေးခင်မှာ ကြိုတင်သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးအမြတ် အများဆုံးရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း စနစ်တကျဖြစ်အောင် ကြိုးစားနေတဲ့ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကို ကူညီပံ့ပိုးနိုင်ပါတယ်။”

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ နောက်ထပ်အစီရင်ခံစာ ထုတ်ပြန်ဖို့အတွက် Juman Kubba ကိုယ်တိုင်လည်း ကချင်ပြည်နယ်ကို ရောက်ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော် အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀) ကျော် ၀င်ငွေပမာဏရှိတဲ့ ကျောက်စိမ်းလုပ်ငန်းကို ဘယ်သူတွေ ပိုင်ဆိုင်နေသလဲဆိုတဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ခေါင်းစဉ်နဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာကို Global Witness အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)