ျမန္မာအစိုးရ ပူးေပါင္းတပ္ဖြဲ႔ႏွင့္ DKBA ဗိုလ္နားမၾကားအဖြဲ႔တို႔ ပစ္ခတ္မႈျဖစ္


ေမ ၁၁ ရက္၊ ၂၀၁၆ ခုႏွစ္။ စဖန္းေရွာင္း

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ပ်ားပင္ရြာ အေနာက္ဘက္ေတာင္ၾကားတြင္ ေမလ ၁၁ ရက္ေန႔ (ယေန႔) နံနက္ ၅ နာရီေက်ာ္က ျမန္မာအစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္(BGF) ပူးေပါင္းတပ္ဖြဲ႔သည္ တိုးတက္ေသာဗုဒၶဘာသာ ကရင္အမ်ိဳးသားတပ္မေတာ္(DKBA)တို႔ႏွင့့္ ႏွစ္နာရီေက်ာ္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈစတင္ျဖစ္ပြားရျခင္းႏွင့္ပတ္သက္၍ BGF မွ အမည္မေဖာ္လိုသူ ဗိုလ္မႉးတစ္ဦးက “မေန႔ည ၁၂ နာရီ ၄၅အခ်ိန္ မုိင္း တစ္လုံးကြဲ၊ ၁ နာရီ ၅၅အခ်ိန္ မိုင္းတစ္လုံးထပ္ကြဲ၊ နယ္ေျမလူပ္ရွားစစ္ေၾကာင္းမ်ားအေနနဲ႔ နယ္ေျမရွင္း လင္းေဆာင္ရြက္စဥ္ ပ်ားပင္ရြာအနီးေတာင္ကုန္းေပၚမွ DKBA နားမၾကား အဖြဲ႕ကေန စတင္ ပစ္ခတ္လို႔ နံနက္ ၅နာရီ ၃၀ အခ်ိန္ပစ္ခတ္မူ ျဖစ္ပြားတာ ျဖစ္ပါတယ္”ဟု ေျပာသည္။

ထိုသို႔ ျဖစ္ပြားရာတြင္ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခ(၁၂)လက္ေအာက္ခံ ခမရ (၅၄၈)၊(၅၄၉)၊ နယ္ျခားေစာင့္တပ္ BGF ၁၀၁၆၊ ၁၀၁၉ စသည့္ပူးေပါင္းတပ္မ်ား ႏွင့္ DKBA မွ ဗိုလ္နားမၾကားအဖြဲ႔တို႔ ျဖစ္ပြားျခင္းျဖစ္သည္ဟု ၎ေဒသရွိ ေဒသခံမ်ားက ေျပာဆိုသည္။

တိုးတက္ေသာဗုဒၶဘာသာ ကရင္အမ်ဳိးသားတပ္မေတာ္ DKBA မွ ဗိုလ္ႀကီးရဲထက္က “ဗိုလ္နားမၾကားက သူ႔ရြာ ျပန္ေနတာ အဲဒါနဲ႔ ဟိုကသတင္းရလို႔ ပစ္ခတ္မႈျဖစ္တယ္ ၾကားတာပဲ။ အေသးစိတ္ကို ဘာမွ မသိရ ေသးဘူး”ဟု ေကအိုင္စီသို႔ ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားေသာေနရာမ်ားႏွင့္အနီးတ၀ိုက္တြင္ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္-စကခ(၁၂) လက္ ေအာက္ခံ ေျချမန္တပ္ရင္း-ခမရ (၅၄၇)၊ (၅၄၈)၊ (၅၄၉)၊ ခလရ (၂၃၀)၊ (၂၃၁)ႏွင့္ နယ္ျခားေစာင့္ တပ္-BGF တပ္ရင္း(၁၀၁၆)၊ (၁၀၁၇)တို႔ အေျခခ်လႈပ္ရွားရာ နယ္ေျမမ်ားျဖစ္သည္ဟု သိရသည္။

အဆိုပါပစ္ခတ္မႈတြင္ ႏွစ္ဖက္ ထိခိုက္ဒဏ္ရာရရွိမႈ ရွိ၊ မရွိ အေျခအေနမ်ားႏွင့္ပတ္သက္၍ ထုတ္ေဖာ္ေျပာ ဆိုျခင္း မရွိေသးေၾကာင္း သိရသည္။

 စဖန္းေရွာင္း
KIC - ေကအုိင္စီ
http://kicnews.org
..............

မေ ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ပျားပင်ရွာ အနောက်ဘက်တောင်ကြားတွင် မေလ ၁၁ ရက်နေ့ (ယနေ့) နံနက် ၅ နာရီကျော်က မြန်မာအစိုးရတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့သည် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တို့နှင့့် နှစ်နာရီကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုစတင်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ BGF မှ အမည်မဖော်လိုသူ ဗိုလ်မှူးတစ်ဦးက “မနေ့ည ၁၂ နာရီ ၄၅အချိန် မိုင်း တစ်လုံးကွဲ၊ ၁ နာရီ ၅၅အချိန် မိုင်းတစ်လုံးထပ်ကွဲ၊ နယ်မြေလူပ်ရှားစစ်ကြောင်းများအနေနဲ့ နယ်မြေရှင်း လင်းဆောင်ရွက်စဉ် ပျားပင်ရွာအနီးတောင်ကုန်းပေါ်မှ DKBA နားမကြား အဖွဲ့ကနေ စတင် ပစ်ခတ်လို့ နံနက် ၅နာရီ ၃၀ အချိန်ပစ်ခတ်မူ ဖြစ်ပွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုသို့ ဖြစ်ပွားရာတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၂)လက်အောက်ခံ ခမရ (၅၄၈)၊(၅၄၉)၊ နယ်ခြားစောင့်တပ် BGF ၁၀၁၆၊ ၁၀၁၉ စသည့်ပူးပေါင်းတပ်များ နှင့် DKBA မှ ဗိုလ်နားမကြားအဖွဲ့တို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းဒေသရှိ ဒေသခံများက ပြောဆိုသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA မှ ဗိုလ်ကြီးရဲထက်က “ဗိုလ်နားမကြားက သူ့ရွာ ပြန်နေတာ အဲဒါနဲ့ ဟိုကသတင်းရလို့ ပစ်ခတ်မှုဖြစ်တယ် ကြားတာပဲ။ အသေးစိတ်ကို ဘာမှ မသိရ သေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသောနေရာများနှင့်အနီးတဝိုက်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက် အောက်ခံ ခြေမြန်တပ်ရင်း-ခမရ (၅၄၇)၊ (၅၄၈)၊ (၅၄၉)၊ ခလရ (၂၃၀)၊ (၂၃၁)နှင့် နယ်ခြားစောင့် တပ်-BGF တပ်ရင်း(၁၀၁၆)၊ (၁၀၁၇)တို့ အခြေချလှုပ်ရှားရာ နယ်မြေများဖြစ်သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ အခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးကြောင်း သိရသည်။

 စဖန်းရှောင်း
KIC - ကေအိုင်စီ
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)