မေလ ၉
--------
ယနေ့ မေလ ၉ရက်နေ့တွင် သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးမုတ်သုန် တို့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကွမ်းတောရွာရှိ Church ကျောင်း အနီးတွင် မြိုင်ကြီးငူဆရာတော်မှ တည်ထားသည့် စေတီတော်နှင့် ပတ်သက်၍ ခရစ်ယာန် သာသနာပိုင်များ သင်းအုပ်ဆရာများနှင့် ဒေသခံရပ်မိရပ်ဖများနှင့် ရင်းနှီးစွာဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားအခြင်းခြင်း စည်းလုံး ညီညွတ်မှူ မပြိုကွဲစေရန် အပြန်အလှန် နားလည်မှူရှိရှိ ရင်းနှီးစွာဖြင့် တွေ့ဆုံခဲ့ကြပြီး ညပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဇေကမ္ဘာဦးခင်ရွှေ၊ ဗိုလ်မှုးမုတ်သုန် တို့နှင့် အတူ ဇွဲကပင်ဟိုတယ်တွင် ညစာစားသောက်ခဲ့ကြသည်ဟု သိရသည်။
The Ladies News
Monday, May 9, 2016
သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကွမ်းတောရွာရှိ Church ကျောင်း သို့ သွားရောက်ခဲ့
Labels:
city,
Gov,
ကရင်ပြည်နယ်,
ဘားအံ,
မြိုင်ကြီးငူ,
သူရဦးအောင်ကို
သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကွမ်းတောရွာရှိ Church ကျောင်း သို့ သွားရောက်ခဲ့
Reviewed by MP4 YoU
on
May 09, 2016
Rating: 5

Subscribe to:
Post Comments (Atom)