ရြန္ႏူမုန္တုိင္း အဖ်ားခတ္ေသာ္လည္း ပ်က္စီးဆံုး႐ႈံးမႈနည္း

ေမလ ၂၁ ရက္က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေခါင္မိုးလန္ပ်က္စီးသြားသည့္ ဒဂံုဧရာအေဝးေျပးဝင္းအတြင္းရွိ အေဆာက္အအံုအခ်ိဳ႕ကို ေတြ႕ရစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)
ရြန္ႏူဆုိင္ကလုန္းမုန္ တိုင္း အဖ်ားခတ္ခဲ့ေသာ ျမန္မာ ႏိုင္ငံေဒသအခ်ိဳ႕တြင္ ေလျပင္း က်ၿပီး မိုးသည္းထန္စြာ ရြာသြန္း ခဲ့ေသာ္လည္း ပ်က္စီးဆံုး႐ႈံးမႈနည္းပါးေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေန ရာခ်ထားေရးဝန္ႀကီးဌာနမွ သ တင္းရရွိသည္။
ရြန္ႏူ ဆိုင္ကလုန္းမုန္တုိင္း သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္ တေကာင္းၿမိဳ႕သို႔ ေမလ ၂၁ ရက္ မြန္းလြဲပိုင္းက ဝင္ေရာက္ခဲ့ၿပီး မုန္တိုင္းအရွိန္ေၾကာင့္ ရခိုင္၊ ခ်င္း၊ စစ္ကိုင္း၊ ဧရာဝတီႏွင့္ ရန္ကုန္တိုင္း ေဒသႀကီးတို႔တြင္ ေနရာကြက္၍ မိုးေကာင္းခဲ့ၿပီး ေလျပင္းလည္း က်ေရာက္ခဲ့ သည္။
‘‘ဆိုင္ကလုန္း မုန္တုိင္းႏွင့္  ပတ္သက္၍ ရခိုင္ျပည္နယ္တြင္ ေအးခ်မ္းလ်က္ရွိသည္။ ခ်င္းျပည္ နယ္ ဖလမ္းၿမိဳ႕တြင္ ေလးခန္းတြဲ က်န္းမာေရးဝန္ထမ္း ေနအိမ္ ေျမ ၿပိဳေဘး လံုၿခံဳမႈမရွိ၍ ေျပာင္းေရႊ႕ ထား။ မတူပီတြင္ လိုင္လင္းတီး ၿမိဳ႕ကြက္သစ္ အထကေက်ာင္း ပ်က္စီးမႈရွိ။ မင္းတပ္တြင္ ဆိုင္ ကယ္တစ္စီးပ်က္စီး လူအထိအ ခိုက္မရွိ။ ပလက္ဝတြင္ ေမာ္ေတာ္ယာဥ္လုိင္းမ်ား ရပ္ဆုိင္းထား၊ အျခားအေဆာက္အအံု လူအထိအခိုက္မရွိ’’ ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး၏ ေဖ့စ္ဘြတ္ခ္တြင္ ယမန္ေန႔ည ၈ နာရီခြဲ၌ ေရးသားထားသည္။
မုန္တုိင္းတုိက္႐ိုက္ဝင္ေရာက္ခဲ့ေသာ ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္မူ လူ ၂၁ ဦးေသဆံုးၿပီး ၁၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္သတင္းဌာနမ်ားက ေဖာ္ျပသည္။

ဖလမ္းၿမိဳ႕တြင္ ေမလ ၂၁ ရက္က မိုးသည္းထန္စြာရြာသြန္းၿပီး ေျမၿပိဳမႈျဖစ္ပြားၿပီးေနာက္ ေတြ႕ရစဥ္ (ဓာတ္ပံု − Tha Nang Facebook)
ခ်င္းျပည္နယ္
ခ်င္းျပည္နယ္တြင္ ေမလ ၂၁ ရက္က တစ္ေန႔လံုး နီး ပါး မိုးသည္းထန္စြာ ရြာခဲ့သည္။ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ ဗလိုင္ ရပ္ကြက္ ေဆာက္လုပ္ေရးဝန္ ထမ္းအိမ္ရာေျမထိန္းနံရံၿပိဳက်မႈ မွ လြဲ၍ က်န္ၿမိဳ႕နယ္မ်ား ပ်က္စီး ဆံုး႐ႈံးမႈမရွိခဲ့ေၾကာင္း ခ်င္းျပည္ နယ္အစိုးရ သဘာဝေဘးစီမံခန္႔ ခြဲမႈေကာ္မတီ ဒုတိယဥကၠ႒ ေဒါက္တာဆလိုင္းအိုက္ဇက္ခင္က ေျပာ သည္။ ဖလမ္းၿမိဳ႕ လွ်ပ္စစ္မီးေပး သည့္ ႐ံု ေျမကြၽံက်ခဲ့၍ မီးလည္း ျပတ္ေတာက္ခဲ့ၿပီး ေဆာက္လုပ္ ေရးဝန္ထမ္း အိမ္ရာေျမထိန္းနံရံ ၿပိဳက်မႈေၾကာင့္ လူဦးေရ ၄၀ အား ယာယီေစာင့္ေရွာက္ေပးထားေၾကာင္း သတင္းရရွိသည္။
မတူပီၿမိဳ႕တြင္ အထက္တန္းေက်ာင္းတစ္ေက်ာင္း အမိုးလန္ခဲ့ၿပီး မင္းတပ္ၿမိဳ႕တြင္ ဆုိင္ကယ္တစ္စီးေတာင္ေစာင္းမွ ျပဳတ္က်ခဲ့သည္။ ခ်င္းျပည္နယ္တြင္ သဘာဝေဘးေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေၾကာင္း ကနဦးသတင္းရရွိသည္။
‘‘ဖလမ္းမွာပဲ အမ်ားဆံုးျဖစ္ တာပါ။ က်န္ၿမိဳ႕နယ္ ကိုးၿမိဳ႕နယ္ မွာ ထိခိုက္မႈ မရွိသေလာက္ပါပဲ။ သတိလည္း ေပးထားေတာ့ေလ။ သဘာဝေဘးစီမံခန္႔ခြဲမႈေကာ္မ တီ၊ အေရးေပၚစီမံခန္႔ခြဲမႈဌာနကို ျပည္နယ္အစိုးရအဖြဲ႕႐ံုးမွာ ဒီေန႔ စတင္႐ံုးထုိင္ ေဆာင္ရြက္ေနပါ တယ္။ ၿမိဳ႕နယ္အသီးသီးကို အသင့္အေနအထားရွိေနဖို႔ အေၾကာင္းၾကားထားၿပီးျဖစ္ပါတယ္’’ ဟု ေဒါက္တာဆလိုင္းအိုက္ ဇက္ခင္က ေျပာသည္။
ရခိုင္ျပည္နယ္
ရခိုင္ျပည္နယ္သို႔ ေမလ ၂၁ ရက္ နံနက္တြင္ ေလျပင္းတိုက္ခတ္ၿပီး မိုးသည္းထန္စြာရြာသြန္းခဲ့ ေသာ္လည္း လူေသဆံုးပ်က္စီးဆံုး ႐ႈံးမႈမရွိခဲ့ေပ။ ေမလ ၂၁ ရက္နံနက္မွစ၍ ညေနအထိ ေမာင္ေတာ၊ဘူးသီးေတာင္၊ ေက်ာက္ျဖဴႏွင့္ စစ္ေတြၿမိဳ႕တို႔တြင္ မိုးသည္းထန္ စြာ ရြာသြန္းကာ ေလျပင္းတိုက္ခတ္ၿပီး ပင္လယ္ကမ္းစပ္မ်ား၌ လိႈင္းျပင္းထန္ျခင္းႏွင့္ ေနရာကြက္မိုးသည္းထန္စြာ ရြာသြန္းခဲ့သည္။ သို႔ေသာ္ ပ်က္စီးဆံုး႐ံႈးမႈမရွိခဲ့ေပ။
စစ္ကိုင္းတိုင္းေဒသႀကီး
မုန္တိုင္းအရွိန္ေၾကာင့္ စစ္ ကိုင္းတိုင္းေဒသႀကီးတြင္ ေလျပင္းႏွင့္ မိုးသတိေပးထားခဲ့ၿပီး ေမလ ၂၁ ရက္လံုး ေနရာကြက္မိုးေကာင္းခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး မိုးေလဝသဌာနခြဲမွ သတင္းရရွိ သည္။ စစ္ကိုင္းတိုင္းေဒသႀကီး တြင္လည္း ေလျပင္းႏွင့္မိုးေၾကာင့္ ထိခိုက္မႈမရွိခဲ့ေၾကာင္း လူမႈဝန္ ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ကယ္ဆယ္ေရးဦးစီးဌာနမွ ဒုတိယၫႊန္ခ်ဳပ္က ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီး
ရခိုင္ျပည္နယ္ႏွင့္ နယ္ခ်င္း ထိစပ္ေနသည့္ ဧရာဝတီတိုင္းေဒသႀကီး ၿမိဳ႕နယ္ အခ်ိဳ႕တြင္ ေနရာကြက္မိုးေကာင္းကာ ေလ ျပင္းလည္း တိုက္ခတ္ခဲ့သည္။ သို႔ ေသာ္ ထိခိုက္ပ်က္စီးမႈမရွိခဲ့ ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ သတင္းရရွိသည္။
ရန္ကုန္တုိင္းေဒသႀကီး
ရန္ကုန္တုိင္းေဒသႀကီး ၿမိဳ႕ နယ္အမ်ားစုတြင္ ေမလ ၂၁ ရက္ ေန႔လယ္က မုိးေကာင္းခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္ မိုးအနည္းငယ္ရြာ ခဲ့ၿပီး လိႈင္သာယာၿမိဳ႕နယ္၌ေလျပင္းက်ခဲ့ကာ တဲအိမ္ ၂၀ ေက်ာ္ပ်က္စီးခဲ့သည္။ ေအာင္မဂၤလာ အေဝးေျပး ကားဝင္းအတြင္း ေၾကာ္ျငာဆုိင္းဘုတ္အခ်ိဳ႕ လဲက် ကာ သစ္ကိုင္းမ်ား က်ိဳးက်ခဲ့သည္။ဒဂံုဧရာအေဝးေျပးယာဥ္ရပ္နား စခန္း နားေနေဆာင္ၿပိဳက်ခဲ့ၿပီး ခရီးသည္တစ္ဦး ဒဏ္ရာရရွိခဲ့သည္။
ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားျခင္းႏွင့္ မုိးႏွင့္ေလမွာလည္း ပံုမွန္ထက္ အနည္းငယ္သာပိုခဲ့၍ ထိခိုက္ပ်က္စီးမႈနည္းပါးခဲ့ျခင္းျဖစ္ေၾကာင္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးစိုးေအာင္က ေျပာသည္။ ပ်က္စီးထိခိုက္မႈအေျခအေနကိုမူ ေစာင့္ၾကည့္ရန္လုိေသးသည္ဟု ၎က သံုးသပ္သည္။ မုန္တိုင္းသည္ ကုန္းတြင္းအေရာက္တြင္ ျမန္ျမန္ဆန္ဆန္အားေပ်ာ့ပ်က္ျပယ္သြားမည္ျဖစ္ၿပီး မုန္တိုင္းေၾကာင့္ ျမန္မာႏုိင္ငံ သို႔ အေနာက္ေတာင္မုတ္သံုေလ ၀င္ေရာက္လာကာ မိုးရေစခဲ့ ေၾကာင္း ေဒါက္တာထြန္းလြင္က ေျပာသည္။ မုတ္သံုမိုးေၾကာင့္ မိုး ဆက္လက္ရြာသြန္းႏိုင္ၿပီး ေတာင္ ေပၚေဒသမ်ား ေျမၿပိဳမႈအႏၲရာယ္ ဂ႐ုစိုက္ရန္ ၎ကသတိေပးသည္။
မိုး ဇလကမူ ေမလ ၂၁ ရက္ ညတြင္ ကုန္းတြင္းမုန္တိုင္းငယ္အ ျဖစ္ ခ်င္းျပည္နယ္သို႔ ၀င္ေရာက္ခဲ့ ၿပီး ေမလ ၂၂ ရက္ နံနက္၌ အား ေပ်ာ့ ပ်က္ျပယ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။ မုိးႀကီးမည္သတိ ေပးခ်က္ကိုမူ ထုတ္ျပန္ထားဆဲ ျဖစ္သည္။
ေမလ ၂၁ ရက္ တစ္ေန႔လံုး မုန္တုိင္းအေျခအေနႏွင့္ပတ္သက္ ၍ မိုးေလ၀သပညာရွင္ ေဒါက္ တာ ထြန္းလြင္က သတင္းထုတ္ ျပန္မႈ အႀကိမ္ႏွစ္ဆယ္ ျပဳလုပ္ခဲ့ ၿပီး မိုးဇလဌာနက ဆယ္ႀကိမ္ထုတ္ျပန္ခဲ့သည္။
7Daydaily
.....
ရွန်နူမုန်တိုင်း အဖျားခတ်သော်လည်း ပျက်စီးဆုံးရှုံးမှုနည်း

Byအောင်သစ်လွင်On  Sun, 2016-05-22 06:30Locationရန်ကုန်Issue No.No.1096 Sunday, May 22, 2016

မေလ ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးလန်ပျက်စီးသွားသည့် ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရှိ အဆောက်အအုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
ရွန်နူဆိုင်ကလုန်းမုန် တိုင်း အဖျားခတ်ခဲ့သော မြန်မာ နိုင်ငံဒေသအချို့တွင် လေပြင်း ကျပြီး မိုးသည်းထန်စွာ ရွာသွန်း ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုနည်းပါးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

ရွန်နူ ဆိုင်ကလုန်းမုန်တိုင်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ် တကောင်းမြို့သို့ မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဝင်ရောက်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးကောင်းခဲ့ပြီး လေပြင်းလည်း ကျရောက်ခဲ့ သည်။

‘‘ဆိုင်ကလုန်း မုန်တိုင်းနှင့်  ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အေးချမ်းလျက်ရှိသည်။ ချင်းပြည် နယ် ဖလမ်းမြို့တွင် လေးခန်းတွဲ ကျန်းမာရေးဝန်ထမ်း နေအိမ် မြေ ပြိုဘေး လုံခြုံမှုမရှိ၍ ပြောင်းရွှေ့ ထား။ မတူပီတွင် လိုင်လင်းတီး မြို့ကွက်သစ် အထကကျောင်း ပျက်စီးမှုရှိ။ မင်းတပ်တွင် ဆိုင် ကယ်တစ်စီးပျက်စီး လူအထိအ ခိုက်မရှိ။ ပလက်ဝတွင် မော်တော်ယာဉ်လိုင်းများ ရပ်ဆိုင်းထား၊ အခြားအဆောက်အအုံ လူအထိအခိုက်မရှိ’’ ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန််ကြီး ဒေါက်တာ ဝင်းမြတ်အေး၏ ဖေ့စ်ဘွတ်ခ်တွင် ယမန်နေ့ည ၈ နာရီခွဲ၌ ရေးသားထားသည်။

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ လူ ၂၁ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြသည်။


ဖလမ်းမြို့တွင် မေလ ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − Tha Nang Facebook)

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် မေလ ၂၁ ရက်က တစ်နေ့လုံး နီး ပါး မိုးသည်းထန်စွာ ရွာခဲ့သည်။ ချင်းပြည်နယ် ဖလမ်းမြို့ ဗလိုင် ရပ်ကွက် ဆောက်လုပ်ရေးဝန် ထမ်းအိမ်ရာမြေထိန်းနံရံပြိုကျမှု မှ လွဲ၍ ကျန်မြို့နယ်များ ပျက်စီး ဆုံးရှုံးမှုမရှိခဲ့ကြောင်း ချင်းပြည် နယ်အစိုးရ သဘာဝဘေးစီမံခန့် ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းအိုက်ဇက်ခင်က ပြော သည်။ ဖလမ်းမြို့ လျှပ်စစ်မီးပေး သည့် ရုံ မြေကျွံကျခဲ့၍ မီးလည်း ပြတ်တောက်ခဲ့ပြီး ဆောက်လုပ် ရေးဝန်ထမ်း အိမ်ရာမြေထိန်းနံရံ ပြိုကျမှုကြောင့် လူဦးရေ ၄၀ အား ယာယီစောင့်ရှောက်ပေးထားကြောင်း သတင်းရရှိသည်။

မတူပီမြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း အမိုးလန်ခဲ့ပြီး မင်းတပ်မြို့တွင် ဆိုင်ကယ်တစ်စီးတောင်စောင်းမှ ပြုတ်ကျခဲ့သည်။ ချင်းပြည်နယ်တွင် သဘာဝဘေးကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

‘‘ဖလမ်းမှာပဲ အများဆုံးဖြစ် တာပါ။ ကျန်မြို့နယ် ကိုးမြို့နယ် မှာ ထိခိုက်မှု မရှိသလောက်ပါပဲ။ သတိလည်း ပေးထားတော့လေ။ သဘာဝဘေးစီမံခန့်ခွဲမှုကော်မ တီ၊ အရေးပေါ်စီမံခန့်ခွဲမှုဌာနကို ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ စတင်ရုံးထိုင် ဆောင်ရွက်နေပါ တယ်။ မြို့နယ်အသီးသီးကို အသင့်အနေအထားရှိနေဖို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်’’ ဟု ဒေါက်တာဆလိုင်းအိုက် ဇက်ခင်က ပြောသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်သို့ မေလ ၂၁ ရက် နံနက်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ သော်လည်း လူသေဆုံးပျက်စီးဆုံး ရှုံးမှုမရှိခဲ့ပေ။ မေလ ၂၁ ရက်နံနက်မှစ၍ ညနေအထိ မောင်တော၊ဘူးသီးတောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့တို့တွင် မိုးသည်းထန် စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ကမ်းစပ်များ၌ လှိုင်းပြင်းထန်ခြင်းနှင့် နေရာကွက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ သို့သော် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ပေ။

စစ်ကိုင်းတိုင်းဒေသကြီး

မုန်တိုင်းအရှိန်ကြောင့် စစ် ကိုင်းတိုင်းဒေသကြီးတွင် လေပြင်းနှင့် မိုးသတိပေးထားခဲ့ပြီး မေလ ၂၁ ရက်လုံး နေရာကွက်မိုးကောင်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသဌာနခွဲမှ သတင်းရရှိ သည်။ စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း လေပြင်းနှင့်မိုးကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်း လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ချုပ်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး

ရခိုင်ပြည်နယ်နှင့် နယ်ချင်း ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် အချို့တွင် နေရာကွက်မိုးကောင်းကာ လေ ပြင်းလည်း တိုက်ခတ်ခဲ့သည်။ သို့ သော် ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး မြို့ နယ်အများစုတွင် မေလ ၂၁ ရက် နေ့လယ်က မိုးကောင်းခဲ့သည်။ ရန်ကုန်မြို့တွင် မိုးအနည်းငယ်ရွာ ခဲ့ပြီး လှိုင်သာယာမြို့နယ်၌လေပြင်းကျခဲ့ကာ တဲအိမ် ၂၀ ကျော်ပျက်စီးခဲ့သည်။ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းအတွင်း ကြော်ငြာဆိုင်းဘုတ်အချို့ လဲကျ ကာ သစ်ကိုင်းများ ကျိုးကျခဲ့သည်။ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်း နားနေဆောင်ပြိုကျခဲ့ပြီး ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းနှင့် မိုးနှင့်လေမှာလည်း ပုံမှန်ထက် အနည်းငယ်သာပိုခဲ့၍ ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောသည်။ ပျက်စီးထိခိုက်မှုအခြေအနေကိုမူ စောင့်ကြည့်ရန်လိုသေးသည်ဟု ၎င်းက သုံးသပ်သည်။ မုန်တိုင်းသည် ကုန်းတွင်းအရောက်တွင် မြန်မြန်ဆန်ဆန်အားပျော့ပျက်ပြယ်သွားမည်ဖြစ်ပြီး မုန်တိုင်းကြောင့် မြန်မာနိုင်ငံ သို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်လာကာ မိုးရစေခဲ့ ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။ မုတ်သုံမိုးကြောင့် မိုး ဆက်လက်ရွာသွန်းနိုင်ပြီး တောင် ပေါ်ဒေသများ မြေပြိုမှုအန္တရာယ် ဂရုစိုက်ရန် ၎င်းကသတိပေးသည်။

မိုး ဇလကမူ မေလ ၂၁ ရက် ညတွင် ကုန်းတွင်းမုန်တိုင်းငယ်အ ဖြစ် ချင်းပြည်နယ်သို့ ၀င်ရောက်ခဲ့ ပြီး မေလ ၂၂ ရက် နံနက်၌ အား ပျော့ ပျက်ပြယ်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ မိုးကြီးမည်သတိ ပေးချက်ကိုမူ ထုတ်ပြန်ထားဆဲ ဖြစ်သည်။

မေလ ၂၁ ရက် တစ်နေ့လုံး မုန်တိုင်းအခြေအနေနှင့်ပတ်သက် ၍ မိုးလေဝသပညာရှင် ဒေါက် တာ ထွန်းလွင်က သတင်းထုတ် ပြန်မှု အကြိမ်နှစ်ဆယ် ပြုလုပ်ခဲ့ ပြီး မိုးဇလဌာနက ဆယ်ကြိမ်ထုတ်ပြန်ခဲ့သည်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)