ဖားကန့်မြို့နယ်တွင် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွား‬



မေ ၁၀ ရက်

ဖားကန့်မြို့နယ် စုပေါင်းရုံးနောက်ကျော တောစပ်တွင် ယနေ့ မေလ (၁၀)ရက်ေန့  နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှူ နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး ယနေ့ည ၇ နာရီတွင်လည်း ဆိပ်မူရွာ၌ ပေါက်ကွဲ မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ညထွက်ခွင့်မရ၍ ဆိပ်မူ(ဆိုင်းတောင်)ပေါက်ကွဲမှု မည် သည့် နေရာတွင်ဖြစ်ပွားသည်ကို အတိအကျမသိရ သေးသော်လည်း ဆုတောင်းကုန်းဘက်တွင်ဖြစ်နိုင် သည်ဟု ဒေသခံများက အသံကြားရာအရပ်ကို ခန့်မှန်း ပြောဆိုကြသည်။

စုပေါင်းရုံး၏ နောက်ဘက်တောထဲတွင်လည်း ယနေ့ နံက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

တစ်မြို့နယ်လုံး လုံခြုံရေးများတင်းကြပ်စွာဆောင်ရွက် လျက်ရှိပြီး အချို့လမ်းများကို တားမြစ်ဆိုင်းဘုတ်များ နှင့် သွားလာခွင့်ပိတ်ပင်ထား သည်။

အောင်ကိုဝင်း(ဖားကန့်)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)