ပုလဲၿမဳိ႕နယ္၊ ေရွာက္ရင္းကုန္းေက်းရြာတြင္ မီးေလာင္မႈျဖစ္ပြား


ပုလဲ ေမ ၁၁

စစ္ကုိင္းတုိင္းေဒသႀကီး၊ ယင္းမာပင္ခရုိင္၊ ပုလဲၿမဳိ႕နယ္၊ ခ်င္ျပစ္ေက်းရြာ အုပ္စု၊ ေရွာက္ရင္းကုန္း ေက်းရြာတြင္ ေမ ၁၁ ၊ နံနက္ ၂ နာရီခဲြက ထမင္းခ်က္ရာမွ မီးဖုိေဆာင္ေဘး ထရံအား မီးစဲြ၍ မီးေလာင္ ကၽြမ္းမႈ ျဖစ္ပြားခဲ့ရာ လူေနအိမ္ ၂ လံုး ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပုလဲၿမဳိ႕နယ္၊ ခ်င္ျပစ္ေက်းရြာအုပ္စု၊ ေရွာက္ရင္းကုန္းေက်းရြာ၊ ေဒၚေအး ( ဘ ) ဦးသန္း၀င္း (၃၅)ႏွစ္သည္ ေမ ၁၁၊ နံနက္၂ နာရီခဲြက မီးဖုိေဆာင္တြင္ ထမင္းခ်က္ရာမွ မီးဖုိေဆာင္ေဘး ထရံအား မီးစဲြ၍ မီးေလာင္ကၽြမ္းခဲ့ရာ ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွ မီးၿငိမ္းသတ္ယာဥ္ (၁)စီးႏွင့္အတူ ေက်းရြာသူ/ေက်းရြာသားမ်ားက ၀ုိင္၀န္းၿငိမ္းသတ္မႈေၾကာင့္ နံနက္ ၂ နာရီ မိနစ္၄၀တြင္ မီးညႊန္႔က်ဳိးခဲ့ၿပီး နံနက္ ၂ နာရီ မိနစ္ ၅၀တြင္ မီးၿငိမ္းခဲ့သည္။


အဆုိပါ မီးေလာင္ကြ်မ္းမႈေၾကာင့္ ပုလဲၿမဳိ႕နယ္၊ ေရွာက္ရင္းကုန္းေက်းရြာေန ေဒၚေအး၏ သြပ္မုိး၊ ထရံကာ၊ ပ်ဥ္းခင္း(၄ပင္×၃ပင္)ႏွစ္ထပ္အိမ္(၁)လံုး၊ သြပ္မုိး၊ ထရံကာ၊ ပ်ဥ္ခင္း (၃ပင္×၂ပင္) မီးဖုိေဆာင္( ၁ ) လံုးႏွင့္ အေရွ႕ဘက္ ကပ္လ်က္ရွိသည့္ ဦးေအာင္လြင္ဦး(ဘ) ဦးေအးလြင္(၃၄)ႏွစ္၏ သြပ္မုိး၊ ထရံကာ၊ ပ်ဥ္ခင္း (၃ပင္×၂ပင္) ေနအိမ္ (၁)လုံး မီးေလာင္၍ ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း၊ မီးေလာင္မႈေၾကာင့္ လူႏွင့္ တိရိစာၦန္ အေသအေပ်ာက္ မရွိေၾကာင္းႏွင့္ မီးစတင္ ေလာင္ကၽြမ္းသည့္ အိမ္ရွင္ ေဒၚေအး ( ဘ ) ဦးသန္း၀င္းအား ပုလဲၿမဳိ႕နယ္၊ ခ်င္ျပစ္နယ္ေျမ ရဲစခန္းက အမႈဖြင့္ အေရးယူေဆာင္ရြက္ထား ရွိေၾကာင္း သိရသည္။

မင္းခန္႕စုိး( ေဇယ်ာေျမ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
..........

ပုလဲ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာ အုပ်စု၊ ရှောက်ရင်းကုန်း ကျေးရွာတွင် မေ ၁၁ ၊ နံနက် ၂ နာရီခွဲက ထမင်းချက်ရာမှ မီးဖိုဆောင်ဘေး ထရံအား မီးစွဲ၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာအုပ်စု၊ ရှောက်ရင်းကုန်းကျေးရွာ၊ ဒေါ်အေး ( ဘ ) ဦးသန်းဝင်း (၃၅)နှစ်သည် မေ ၁၁၊ နံနက်၂ နာရီခွဲက မီးဖိုဆောင်တွင် ထမင်းချက်ရာမှ မီးဖိုဆောင်ဘေး ထရံအား မီးစွဲ၍ မီးလောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၁)စီးနှင့်အတူ ကျေးရွာသူ/ကျေးရွာသားများက ၀ုိင်ဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ မိနစ်၄၀တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၂ နာရီ မိနစ် ၅၀တွင် မီးငြိမ်းခဲ့သည်။



အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပုလဲမြို့နယ်၊ ရှောက်ရင်းကုန်းကျေးရွာနေ ဒေါ်အေး၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း(၄ပင်×၃ပင်)နှစ်ထပ်အိမ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ပင်×၂ပင်) မီးဖိုဆောင်( ၁ ) လုံးနှင့် အရှေ့ဘက် ကပ်လျက်ရှိသည့် ဦးအောင်လွင်ဦး(ဘ) ဦးအေးလွင်(၃၄)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ပင်×၂ပင်) နေအိမ် (၁)လုံး မီးလောင်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် အသေအပျောက် မရှိကြောင်းနှင့် မီးစတင် လောင်ကျွမ်းသည့် အိမ်ရှင် ဒေါ်အေး ( ဘ ) ဦးသန်းဝင်းအား ပုလဲမြို့နယ်၊ ချင်ပြစ်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည်။

မင်းခန့်စိုး( ဇေယျာမြေ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)