ေအာင္တံခြန္(၂)သေဘၤာ ပုဏၰားကၽြန္း ဆိပ္ကမ္းအနီး ကုန္းေပၚထိုးတင္၊ ခရီးသည္မ်ား တစ္စံုတစ္ရာ အထိအခိုက္မရွိ


ေရႊရေအာင္(ေတာင္ကုတ္)
နိရဥၥရာ ေမ ၂၃ ရက္၊ ၂၀၁၆

ေအာင္တံခြန္ အမွတ္ (၂) သေဘာၤသည္ ေျမာက္ဦးျမိဳ႕မွ စစ္ေတြသို႕ ခုတ္ေမာင္းလာရာ ေရစီးၾကမ္းသျဖင့္ ထိန္းမႏိုင္ဘဲ ပုဏၰားကၽြန္း ဆိပ္ကမ္းအနီး ကမ္းပါးတြင္ ေသာင္တင္သြားခဲ့ေၾကာင္း သိရသည္။

သေဘၤာေပၚတြင္ ခရီးသည္ ၃၀ ခန္႕ ပါ၀င္ေသာ္လည္း တစ္စံုတစ္ရာ မထိခိုက္ဘဲ ကယ္တင္ႏိုင္လိုက္သည္ဟု
သေဘၤာအား ဌားရမ္း လုပ္ပိုင္ခြင့္ရထားေသာ ရကၡတိအားမာန္ သေဘၤာကုမၸဏီမွ ဒါရိုက္ဦးခ်စ္မင္းက နိရဥၨရာသို႕ ေျပာသည္။

"သေဘၤာမွာက ခရီးသည္ ၃၀ ေလာက္ပဲပါတာပါ။ ကုန္ေတြလည္းမပါပါဘူး။ ေျမာက္ဦးကထြက္လာၿပီးေတာ့ ပုဏၰားကၽြန္း ဆပ္ကမ္းကို အ၀င္မွာ ျဖစ္တာပါ။ ေရစီးၾကမ္းျပီး ကုန္းေပၚကို ထိုးတင္သြားတာပါ” ဟု သူက ဆိုသည္။

ခရီးသည္မ်ားမွာ တစ္စံုတစ္ရာ ထိခိုက္မႈ မရွိခဲ့ေၾကာင္း၊ အနီးအနားမွ ေမာ္ေတာ္ဘုတ္မ်ားကို အကူအညီေတာင္းျပီး ေဘးလြတ္ရာသို႕ ေရြ႕ေျပာင္းခဲ့ရေၾကာင္း၊ ေနာက္ပိုင္းတြင္ ပု႑ားကၽြန္းမွ တစ္ဆင့္ စစ္ေတြသိို႕ ကားျဖင့္ ပို႕ေဆာင္ခဲ့ေၾကာင္း သူက ေျပာၾကားသည္။

ရခိုင္ျပည္နယ္သည္ ေရလမ္းကို အားကိုးေနရေသာ ျပည္နယ္ တစ္ခု ျဖစ္ေသာ္လည္း ခိုင္ခန္႕ သစ္လႊင္ေသာ သေဘၤာမ်ား မရွိသလို လက္ရွိ ေျပးဆြဲေနေသာ သေဘၤာမ်ားမွာ ေဟာင္းႏြမ္းေနျပီ ျဖစ္သျဖင့္ မၾကာခဏ အသက္အႏၱရာယ္ စိုးရိမ္ရေသာ အေျခအေနမ်ားႏွင့္ ရင္ဆိုင္ ၾကံဳေတြ႕ေနရေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္ မတ္လ ၁၃ ရက္ေန႕က ေက်ာက္ျဖဴဆိပ္ကမ္းမွ စစ္ေတြသို႕ ခုတ္ေမာင္းလာေသာ ေအာင္တံခြန္ အမွတ္ (၃) သေဘၤာ ၀မ္းဗိုက္ျပီး ေရ၀င္ နစ္ျမဳပ္ရာမွ ခရီးသည္ ၂၀၀ နီးပါးခန္႕ ေသဆံုးခဲ့ရသည္။
.........
အာင်တံခွန်(၂)သင်္ဘော ပုဏ္ဏားကျွန်း ဆိပ်ကမ်းအနီး ကုန်းပေါ်ထိုးတင်၊ ခရီးသည်များ တစ်စုံတစ်ရာ အထိအခိုက်မရှိ
ရွှေရအောင်(တောင်ကုတ်)
နိရဥ္စရာ မေ ၂၃ ရက်၊ ၂၀၁၆

အောင်တံခွန် အမှတ် (၂) သဘောင်္သည် မြောက်ဦးမြို့မှ စစ်တွေသို့ ခုတ်မောင်းလာရာ ရေစီးကြမ်းသဖြင့် ထိန်းမနိုင်ဘဲ ပုဏ္ဏားကျွန်း ဆိပ်ကမ်းအနီး ကမ်းပါးတွင် သောင်တင်သွားခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် ခရီးသည် ၃၀ ခန့် ပါ၀င်သော်လည်း တစ်စုံတစ်ရာ မထိခိုက်ဘဲ ကယ်တင်နိုင်လိုက်သည်ဟု
သင်္ဘောအား ဌားရမ်း လုပ်ပိုင်ခွင့်ရထားသော ရက္ခတိအားမာန် သင်္ဘောကုမ္ပဏီမှ ဒါရိုက်ဦးချစ်မင်းက နိရဥ္ဇရာသို့ ပြောသည်။

"သင်္ဘောမှာက ခရီးသည် ၃၀ လောက်ပဲပါတာပါ။ ကုန်တွေလည်းမပါပါဘူး။ မြောက်ဦးကထွက်လာပြီးတော့ ပုဏ္ဏားကျွန်း ဆပ်ကမ်းကို အဝင်မှာ ဖြစ်တာပါ။ ရေစီးကြမ်းပြီး ကုန်းပေါ်ကို ထိုးတင်သွားတာပါ” ဟု သူက ဆိုသည်။

ခရီးသည်များမှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း၊ အနီးအနားမှ မော်တော်ဘုတ်များကို အကူအညီတောင်းပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ပုဏ္ဍားကျွန်းမှ တစ်ဆင့် စစ်တွေသိို့ ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်နယ်သည် ရေလမ်းကို အားကိုးနေရသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ခိုင်ခန့် သစ်လွှင်သော သင်္ဘောများ မရှိသလို လက်ရှိ ပြေးဆွဲနေသော သင်္ဘောများမှာ ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် မကြာခဏ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျောက်ဖြူဆိပ်ကမ်းမှ စစ်တွေသို့ ခုတ်မောင်းလာသော အောင်တံခွန် အမှတ် (၃) သင်္ဘော ၀မ်းဗိုက်ပြီး ရေဝင် နစ်မြုပ်ရာမှ ခရီးသည် ၂၀၀ နီးပါးခန့် သေဆုံးခဲ့ရသည်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)