ဖွတ်တက်သွားသည့် ညောင်ပင်အား လွှဖြင့်ဖြတ်လှဲရာ သစ်ပင်ပိပြီးသေဆုံး


မေလ၉ရက်နေ့  နံနက်၁၀နာရီအချိန်ခန့် က ပဲခူးခရိုင် ရွှေကျင်မြို့နယ် အင်္ဂနီကျေးရွာနေ ကိုဝင်းဇော်(၂၈)နှစ်(ဘ)ဦးမြင့်အောင်သည် တောထဲလှည်လည်နေစဉ် ဖွတ်တစ်ကောင်တွေ့၍ လိုက်လံဖမ်းဆီးရာ ဖွတ်သည်သစ်ပင်ပေါ်တက်သွားသဖြင့် ဖွတ်တက်သွားသည့် ညောင်ပင်အား လွှဖြင့်ဖြတ်လှဲရာ သစ်ပင်လဲပြီး လူပြန်ထိုးမိ၍ ဝဲဘက်ပေါင်ကျိုး ဝဲဘက်ခြေသလုံးကျိုးကြေမွ လည်ပင်းရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် ရွှေကျင်မြို့နှင့် ခရီးသွားလာသည့် ခက်ခဲမှု ဖြစ်ပေါ်သည့် နေရာဖြစ်သဖြင့် သေဆုံးသူအလောင်းအား ညနေ၅နာရီအချိန်ခန့်မှ ရွှေကျင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သေဆုံးသူ၏ ဖခင်နှင့်အတူရောက်ရှိခဲ့ပြီး အမှုဖြစ်စဉ်အား ရွှေကျင်မြို့မရဲစခန်းမှ သေမှုသေခင်းဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသတင်းကြားသိရပါသည်

 Ko Zaw Shinn
https://www.facebook.com/zaw.shinn.779
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)