ေရပူေက်ာင္း ဆရာေတာ္အမႈု တုိင္းဝန္ႀကီးခ်ဳပ္ ညွိႏႈိင္းေပးမည္

မိုးကုတ္ၿမိဳ႕ ေရပူေက်ာင္းတိုက္ ဆရာေတာ္ ဦးဣႏၵကကုိ ျပင္ဦးလြင္ခရုိင္တရားရုံးမွာ ဇူလိုင္လ ၁၇ ရက္ေန႔က ရုံးထုတ္စဥ္။ Photo: Hste Paing Toe/RFA
တရားမဝင္သစ္သိမ္းဆည္းမႈ၊ တရားမဝင္ေက်ာက္မ်က္တူးေဖာ္မႈတို႔နဲ႔ တရားစြဲဆိုခံထားရတဲ့ ေရပူေက်ာင္းတိုက္ ဆရာေတာ္အမႈကိစၥေတြကို သာသနာေရးဝန္ႀကီးဌာနနဲ႔ ညွိႏႈိင္းေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္း မႏၱေလးတုိင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားလိုက္ပါတယ္။

မိုးကုတ္ၿမိဳ႕မွာရွိတဲ့ ေရပူေက်ာင္းတုိက္ကို မႏၱေလးတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ မေန႔က သြားေရာက္ေလ့လာခဲ့ၿပီး ဆရာေတာ္ရဲ့ ဒကာ၊ ဒကာမေတြ၊ အရပ္ဘက္အဖဲြ႔ေတြ၊ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေတြ႔ဆံု စဥ္ေျပာၾကားခဲ့တာျဖစ္တယ္လို႔ မုိးကုတ္ၿမိဳ႕ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက ကိုစုိးေဌးက ေျပာပါတယ္။

"ဆရာေတာ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္အေထာက္အထားေတြပါ့ ေပးလိုက္ေတာ့ သူ႔အေနနဲ႔လည္း သန္ဘက္ခါ သူရဦးေအာင္ကိုဆီကို သူပို႔ေပးပါမယ္တဲ့၊ ဆရာေတာ္နဲ႔ပတ္သက္ၿပီးေတာ့ ေဆာင္ရြက္ေပးပါ့ မယ္ အဲ့လိုေတာ့ ေျပာသြားတယ္ ႏႈတ္ကတိေပါ့ေလ၊ ဆရာေတာ့ ဘုရားတည္ ေက်ာင္းေဆာက္ ဖို႔ ေဆာင္ရြက္တဲ့အခ်ိန္မွာေပါ့ေလ ပံုစံထုတ္ထားတာရွိလားေပါ့ေလ၊ ဥပမာ ေက်ာင္းပံုစံမ်ိဳးလုပ္ထားတာ ရွိသလားလို႔ေမးတယ္၊ က်ေနာ္တို႔က ရွိတယ္ဆိုၿပီးေတာ့ ဒီအေထာက္အထားေတြ ဝန္ႀကီးခ်ဳပ္ဆီေပး လိုက္တယ္၊ ဆရာေတာ္ကို ဖမ္းဆီးတာက ၆ လပိုင္း ၉ ရက္ေန႔မွာဖမ္းတယ္၊ ေက်ာင္းပံုစံနဲ႔ ဘုရားပံုစံ ထုတ္ထားတာက ၄ လပိုင္းကတည္းက ထုတ္ထားတာေနာ္၊ အဲ့ဒီေတာ့ ဝန္ႀကီးခ်ဳပ္က ဒါဆိုရင္ ေၾသာ္ဒါဆိုရင္ ပံုစံေတာင္ထုတ္ထားတာ ၂ လေလာက္ေစာတာပဲလို႔ အဲ့လိုေတာင္ေျပာသြားတယ္"

ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က  ၿပီးခဲ့တဲ့ ေသာၾကာေန႔က မုိးကုတ္ၿမိဳ႕ ေဒသခံေတြနဲ႔ မဏိရတနာခန္းမ မွာ ေတြ႔ဆံုခဲ့ၿပီး ေရပူေက်းရြာက ေဒသခံေတြနဲ႔ လူမႈအဖြဲ႔အစည္းေတြရဲ႕ ဖိတ္ေခၚခ်က္အရ ေရပူေက်ာင္းတုိက္ကို သြားေရာက္ေလ့လာတာျဖစ္ပါတယ္။

ဆရာေတာ္လြတ္ေျမာက္ေရးအတြက္ မုိးကုတ္ၿမိဳ႕ အရပ္ဘက္လူမႈအဖြဲ႔အစည္း ၁၆ ဖဲ႔ြက သာသနာေရးဝန္ႀကီးဌာန၊ သတၱဳတြင္းဝန္ၾကီးဌာနတု႔ိနဲ႔ ညွိႏႈိင္းေဆာင္ရြက္ဖိ႔ု ေစ့စပ္ညွိႏႈိင္းေရးအဖြဲ႔ကို ဒီကေန႔ ဖြဲ႔စည္းလိုက္ပါတယ္။

ေရပူေက်ာင္းတုိက္ ဆရာေတာ္ကို ၿပီးခဲ့တဲ့ႏွစ္ ဇြန္လ ၉ ရက္ေန႔မွာ ဖမ္းဆီးခဲ့ၿပီး တရားမဝင္ေက်ာက္မ်က္တူးေဖာ္မႈ၊ သာသနာညိဳးႏြမ္းေစမႈ၊ တရားမဝင္သစ္သိမ္းဆည္းမႈတုိ႔နဲ႔ တရားစဲြဆုိခဲ့ၿပီး သာသနာညိဳးႏြမ္းေစမႈပုဒ္မနဲ႔ စဲြဆုိထားတာကိုေတာ့ ပလပ္ထားပါတယ္။

လာမယ့္ ေမလ ၁၈ ရက္ေန႔မွာ တရားမဝင္သစ္သိမ္းဆည္းမႈနဲ႔ ဆရာေတာ္ကို အၿပီးသတ္ အမိန္႔ခ်မွတ္ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese/
........

မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်စဉ်။ Photo: Hste Paing Toe/RFA
တရားမဝင်သစ်သိမ်းဆည်းမှု၊ တရားမဝင်ကျောက်မျက်တူးဖော်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော်အမှုကိစ္စတွေကို သာသနာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့မှာရှိတဲ့ ရေပူကျောင်းတိုက်ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မနေ့က သွားရောက်လေ့လာခဲ့ပြီး ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ စဉ်ပြောကြားခဲ့တာဖြစ်တယ်လို့ မိုးကုတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုစိုးဌေးက ပြောပါတယ်။

"ဆရာတော်နဲ့ပတ်သက်တဲ့ အချက်အလက်အထောက်အထားတွေပါ့ ပေးလိုက်တော့ သူ့အနေနဲ့လည်း သန်ဘက်ခါ သူရဦးအောင်ကိုဆီကို သူပို့ပေးပါမယ်တဲ့၊ ဆရာတော်နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးပါ့ မယ် အဲ့လိုတော့ ပြောသွားတယ် နှုတ်ကတိပေါ့လေ၊ ဆရာတော့ ဘုရားတည် ကျောင်းဆောက် ဖို့ ဆောင်ရွက်တဲ့အချိန်မှာပေါ့လေ ပုံစံထုတ်ထားတာရှိလားပေါ့လေ၊ ဥပမာ ကျောင်းပုံစံမျိုးလုပ်ထားတာ ရှိသလားလို့မေးတယ်၊ ကျနော်တို့က ရှိတယ်ဆိုပြီးတော့ ဒီအထောက်အထားတွေ ဝန်ကြီးချုပ်ဆီပေး လိုက်တယ်၊ ဆရာတော်ကို ဖမ်းဆီးတာက ၆ လပိုင်း ၉ ရက်နေ့မှာဖမ်းတယ်၊ ကျောင်းပုံစံနဲ့ ဘုရားပုံစံ ထုတ်ထားတာက ၄ လပိုင်းကတည်းက ထုတ်ထားတာနော်၊ အဲ့ဒီတော့ ဝန်ကြီးချုပ်က ဒါဆိုရင် သြော်ဒါဆိုရင် ပုံစံတောင်ထုတ်ထားတာ ၂ လလောက်စောတာပဲလို့ အဲ့လိုတောင်ပြောသွားတယ်"

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က  ပြီးခဲ့တဲ့ သောကြာနေ့က မိုးကုတ်မြို့ ဒေသခံတွေနဲ့ မဏိရတနာခန်းမ မှာ တွေ့ဆုံခဲ့ပြီး ရေပူကျေးရွာက ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဖိတ်ခေါ်ချက်အရ ရေပူကျောင်းတိုက်ကို သွားရောက်လေ့လာတာဖြစ်ပါတယ်။

ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က သာသနာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရေပူကျောင်းတိုက် ဆရာတော်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး တရားမဝင်ကျောက်မျက်တူးဖော်မှု၊ သာသနာညိုးနွမ်းစေမှု၊ တရားမဝင်သစ်သိမ်းဆည်းမှုတို့နဲ့ တရားစွဲဆိုခဲ့ပြီး သာသနာညိုးနွမ်းစေမှုပုဒ်မနဲ့ စွဲဆိုထားတာကိုတော့ ပလပ်ထားပါတယ်။

လာမယ့် မေလ ၁၈ ရက်နေ့မှာ တရားမဝင်သစ်သိမ်းဆည်းမှုနဲ့ ဆရာတော်ကို အပြီးသတ် အမိန့်ချမှတ်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)