၁၉၇၂ က စင်ကာပူ

၁၉၇၂ က စင်ကာပူ
ဧရာဝတီ

စတန်းဖို့ဒ် တက္ကသိုလ် အင်ဂျင်နီယာကျောင်းက ပါမောက္ခ Jean-Claude Latombe က ကျောင်းဘလော့ဂ်မှာ ၁၉၇၂ ခုနှစ်တုန်းက သူ စင်ကာပူ ရောက်စဉ် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အဲဒီအချိန် စင်ကာပူဟာ မလေးရှားကနေ ခွဲပြီး နိုင်ငံသစ် ထူထောင်စ ဖြစ်ပါတယ်။ အသက် ၆၉ နှစ် အရွယ် ကျောင်းဆရာအိုက "အခုနဲ့ အများကြီး ကွာသွားခဲ့ပြီ။ ဓာတ်ပုံထဲမှာ မြင်ကြတဲ့အတိုင်း မသန့်ရှင်းသေးဘူး၊ အပျံစား မဟုတ်သေးဘူး။ စင်ကာပူကို ကျနော် ကြိုက်ခဲ့တယ်။ အခုလည်း ကြိုက်နေတုန်းပဲ။ ဒါပေမယ့် ဟိုတချိန်က နွေးထွေးမှုတွေကိုတော့ လွမ်းနေမိတယ်"လို့ ဘလော့ဂ်မှာ ရေးပါတယ်။ လူတွေ ချမ်းသာရင် မာနကြီး အောက်ခြေလွတ်သွားတတ်ကြတဲ့ ဓမ္မတာကို သူ့ဓာတ်ပုံတွေနဲ့ ကောက်နှုတ်ချက်စာက ပြောပြနေသလိုပါ။
The Irrawaddy (Burmese Version)







Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)