စစ္ေတြတြင္ ရြန္ႏုမုန္တိုင္းေၾကာင့္ ေလျပင္မ်ားတိုက္ခတ္၍ ပြိဳင့္ကမ္းေျခတြင္ လိုင္းႀကီးေန


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ ရြန္ႏုမုန္တိုင္းေၾကာင့္ ေမလ ၂၀ရက္ေန႔မွ စၿပီး ေမလ ၂၁ ရက္ေန႔မ်ားတြင္ မိုးသည္းထန္စြာ ရြာသြန္းၿပီး
ေလျပင္းမ်ား တိုက္ခတ္ခဲ့ၿပီး ပြိဳင့္ အပန္းေျဖစခန္းတြင္ လိုင္းမ်ားထန္ေနေၾကာင္း သိရသည္။
အဆိုပါေလျပင္မ်ားတိုက္ခတ္မႈေၾကာင့္ ရခိုင္ကမ္းရုိးတမ္းတေလ်ာက္ ေျပးဆြဲေနေသာ အျမန္ယာဥ္မ်ားမွာလည္း ေမလ ၂၀ ရက္ေန႔ကတည္းက ရပ္နားထားခဲ့ၿပီး
အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္ရသည့္ အခ်ိန္မွသာလွ်င္ အျမန္ယဥ္မ်ားကို ျပန္လည္ ေျပးဆြမည္ျဖစ္ေၾကာင္း သိရသည္။
မုန္တိုင္ေၾကာင္း စစ္ေတြၿမိဳ႕တြင္လည္း အာဏာပိုင္မ်ားမွ မုန္တိုင္းသတိေပးထားၿပီး စစ္ေတြၿမိဳ႕ ကမ္းနားလမ္းႏွင့္ ပြိဳင့္ အပန္းေျဖစခန္းမ်ားတြင္လည္း ေလျပင္းမ်ား တိုက္ခတ္ေနသည့္အတြက္ ျပည္သူမ်ား
အပန္းေျဖရန္ လာေရာက္ႏိုင္ျခင္း မရွိၾကေပ။
လက္ရွိအခ်ိန္တြင္ ရြန္ႏု မုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္အတြင္း မိုးသည္းထန္စြာ ရြာသြန္းေနျပီး ေလျပင္းတိုက္ခတ္မႈမ်ားသာရွိရာ ထိခိုက္္ပ်က္စီဆုံးရႈံးမႈမ်ား မရွိေၾကာင္း သိရသည္။
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
........

စစ်တွေတွင် ရွန်နုမုန်တိုင်းကြောင့် လေပြင်များတိုက်ခတ်၍ ပွိုင့်ကမ်းခြေတွင် လိုင်းကြီးနေ
----------------------------
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွန်နုမုန်တိုင်းကြောင့် မေလ ၂၀ရက်နေ့မှ စပြီး မေလ ၂၁ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး
လေပြင်းများ တိုက်ခတ်ခဲ့ပြီး ပွိုင့် အပန်းဖြေစခန်းတွင် လိုင်းများထန်နေကြောင်း သိရသည်။
အဆိုပါလေပြင်များတိုက်ခတ်မှုကြောင့် ရခိုင်ကမ်းရိုးတမ်းတလျောက် ပြေးဆွဲနေသော အမြန်ယာဉ်များမှာလည်း မေလ ၂၀ ရက်နေ့ကတည်းက ရပ်နားထားခဲ့ပြီး
အာဏာပိုင်များ၏ ခွင့်ပြုချက်ရသည့် အချိန်မှသာလျှင် အမြန်ယဉ်များကို ပြန်လည် ပြေးဆွမည်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်ကြောင်း စစ်တွေမြို့တွင်လည်း အာဏာပိုင်များမှ မုန်တိုင်းသတိပေးထားပြီး စစ်တွေမြို့ ကမ်းနားလမ်းနှင့် ပွိုင့် အပန်းဖြေစခန်းများတွင်လည်း လေပြင်းများ တိုက်ခတ်နေသည့်အတွက် ပြည်သူများ
အပန်းဖြေရန် လာရောက်နိုင်ခြင်း မရှိကြပေ။
လက်ရှိအချိန်တွင် ရွန်နု မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်မှုများသာရှိရာ ထိခိုက််ပျက်စီဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)