အစိုးရ ပြည်သူ့စစ်မှ တာလောကြီး တွင် လယ်ယာမြေ သိမ်းပိုက်နေ


photo - Myanmar Times





......


photo - Myanmar Times
ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်ခေတ္တ စွန့်ခွာသွားသည့် တာလောကြီး ပြည်သူများ၏ လယ်ယာမြေများကို ယင်းဒေသ အစိုးရ ပြည်သူ့စစ်အဖွဲ့မှ ခွဲဝေ သိမ်းပိုက်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
၀ိုင်းမော်မြို့နယ် တာလောကြီး (Da Law) နှင့် ဂရော့ ဂရာ ပါ (Graw Gra Pa) ရွာ အကြားရှိ မိသားစု (၁၅) စု၏ ပိုင်နက် လယ်ယာမြေကို ပြည်သူ့စစ် ခေါင်းဆောင် ဦး သန်းအောင်ဆွေ ဦးဆောင်ပြီး တရုတ် လုပ်ငန်းရှင်များ ကို မေလ ၂၃ ရက်နေ့မှ စပြီး ခွဲဝေပေးနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းဌာန က ပြောပြထားသည်။

ထို့အပြင် တာလောကြီး အနီး ရွာသားများ ကလည်း ပြည်သူ့စစ်အဖွဲ့မှ တာလောကြီးဘက်တွင် လယ်ယာမြေ သိမ်းပိုက်မှုများ ပြုလုပ်နေကြောင်း ပြောပါသည်။

သိမ်းပိုက်ထားသော လယ်မြေများတွင် အထူးသဖြင့် ငှက်ပျော်ခြံ နှင့် စပါးစိုက်ရန်ဖြစ်ပြီး ယခုချိန် ထွန်စက် များဖြင့် လုပ်ငန်း စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

တာလောကြီးသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကြားတွင် တည်ရှိပြီး ရှမ်းနီလူမျိုး အများဆုံးနေထိုင်သော နေရာ ဖြစ်သည်။

သို့သော်လည်း ၂၀၁၁ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများမှာ စစ်ပြေးဒုက္ခသည်များ အဖြစ် ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)