
Ref: Straits Times
Credit.
လွမ်းအောင်ကူချွဲ
(၁၁/၀၅/၂၀၁၆)
ရွှေဂျာနယ်
...................
စင်ကာပူမှာ ၆ နာရီအတွင်း ၂ ကြိမ် မုဒိမ်းကျင့်ခံရတဲ့ အသက် ၃၅ နှစ်ရှိ မြန်မာအိမ်အကူ....
၂၀၁၃ ခုနှစ်က စင်ကာပူမှာ ဖြစ်သွားတဲ့ case ပါ။ ခုတလော စိတ်မကောင်းစရာတွေပဲ ကြားနေရတယ်။ ရေးမပြချင်ပေမယ့်လည်း ဆင်ခြင်တွေးဆနိုင်အောင်လို့ ရေးလိုက်မိပါတယ်။
၁၁/၀၅/၂၀၁၆ ဒီနေ့ ဆက်ကြားနာနေတယ်။
မုဒိမ်းသမားက အိမ်ရှင် အမျိုးသား၊ အသက် ၄၅ နှစ်၊ စင်ကာပူ PR card ကိုင်ထားတဲ့ မလေးရှားနိုင်ငံသား အရက် ဖြန့်ဖြူးသူ။ အိမ်အကူရဲ့ ပါမစ်ကို အဲ့ဒီအမျိုးသားရဲ့ မိန်းမက လျှောက်ပေးထားတာဖြစ်တယ်။ ခုတော့ အဲ့ဒီလင်မယားလဲ ကွဲနေတယ်။
မြန်မာအိမ်ဖော်လေးက အိမ်မှာ တစ်ယောက်တည်း အိပ်နေချိန် မဒိမ်းကောင်က စောစော ပြန်လာပြီး ကောင်မလေးက မလုပ်ဖို့တောင်းပန်တဲ့ကြားက နိုင်ထက်စီးနင်း မုဒိမ်းကျင့်တယ်။
နောက် ၆ နာရီကြာပြီး တစ်ခါထပ်ပြီး မုဒိမ်းကျင့်ပြန်တယ်။
အဲ့ဒီနောက် ကောင်မလေးက သူမ ယောကျာ်းလေးသူငယ်ချင်းကို ဖုန်းခေါ်တဲ့အချိန် ကောင်လေးက ကောင်းမလေး မူမမှန်လို့ မေးရာကနေ သူမ မဒိမ်းကျင့်ခံရကြောင်း ပြောလိုက်တယ်။
ပြီးတော့ ရဲကိုလည်း အကြောင်းကြားလိုက်တယ်။
(ချက်ချင်း သူများကို အကူညီမတောင်းရကောင်းလား၊ ရဲမတိုင်ရကောင်းလား၊ မအော်ရကောင်းလား အပြစ်မတင်ကြပါနဲ့၊ သူလည်း သူအကြောင်းနဲ့ သူရှိပါလိမ့်မယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ပြည်ပရောက် အကူညီလိုအပ်သူတွေကို ဖေးမကူညီကြရအောင်လား။
မသိတာရှိရင်၊ အကူအညီတောင်းချင်ရင် ဒီ page ရဲ့ chat box မှာ စာပို့လို့ရပါတယ်။ အရေးကြီးရင် ကြီးသလို reply လုပ်ပေးပါတယ်။
ဒီနေ့ ၁၁ ရက် မေလ ၂၀၁၆ မှာ အဲ့ဒီအမှု ဆက်ကြားနာနေတယ်။ ပစ်ဒဏ် ဘယ်လောက်ချမလဲ သတင်းမှာ မတက်လာသေးပါ။
သူတပါးနိုင်ငံ သူတပါးအိမ် သူတပါးအလုပ်ကို လုပ်ရတာ တကယ်မလွယ်တဲ့ကိစ္စပါ။ အားလုံးအားလုံး စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်လုပ်ကိုင်နိုင်ကြပါစေဗျာ....
Ref: Straits Times
Credit.
လွမ်းအောင်ကူချွဲ
(၁၁/၀၅/၂၀၁၆)
ရွှေဂျာနယ်
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)