ပဲခူးျမဳိ ့တြင္ ေရတြင္းဆယ္ရာမွ ေအာက္ဆီဂ်င္ျပတ္ကာ သားအဖ ႏွစ္ဦး ေသဆုံး


ပဲခူးၿမိဳ႕  မဇင္းရပ္ကြက္ မဟာေစတီ လမ္းမတန္းေန ေဒၚတင္ေရႊ(၇၀)ႏွစ္၏ ျခံဝင္းအတြင္း ယေန႔ (ေမ ၁၅)  နံနက္ ၀၈း၃၀ အခ်ိန္ခန္ ့က ေရတြင္းဆယ္သည့္ အမ်ိဳးသားေလးဦးအနက္ သားအဖႏွစ္ဦး ေအာက္ဆီဂ်င္ျပတ္ကာ ေသဆုံးခဲ့သည္။


အဆုိပါ ျခံဝင္းအတြင္း ေနအိမ္ေရွ ့ရွိ ေရတြင္းအား အမိွဳက္ဆယ္ယူရန္အတြက္ သူေ႒းကုန္းရပ္ကြက္ေန ဦးဖိုးေဆာင္း(၄၅)ႏွစ္ႏွင့္ သားျဖစ္သူေမာင္ျမင့္ျမတ္သူတို့အား ေဆာင္ရြက္မွဳ ျပဳေစခ့ဲရာ ပထမေရတြင္းထဲသို့သားျဖစ္သူေမာင္ျမင့္ျမတ္သူ ႀကိဳးကြင္းျဖင့္ ဆင္းရာမွ ေရျပင္ႏွင့္ ၃ေပအကြာသို့ အေရာက္တြင္ ႀကိဳးကြင္းျပဳတ္က်ခ့ဲသျဖင့္ ဖခင္ျဖစ္သူဦးဖိုးေဆာင္းမွ ေရတြင္းထဲသို့ ထပ္မံဆင္းခ့ဲရာ ေအာက္အေရာက္တြင္း ေအာက္ဆီဂ်င္ျပတ္သည့္ လကၡဏာမ်ားျဖစ္ေပၚေနသည္ကို ပန္ရံလုပ္သားကိုသန္းလြင္မွ ျမင္ေတြ့ျပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားကိုအေႀကာင္းႀကားခဲ့ပါတယ္။


ပဲခူးျမိ့ဳ အမွတ္(၂)နယ္ေျမရဲစခန္းမွ တာဝန္မွဴးဒုရဲအုပ္နိဳင္ဝင္း နယ္ထိန္းအဖြဲ ့ေခါင္းေဆာင္ ဒုရဲအုပ္ေအာင္နိဳင္ဝင္းႏွင့္ ရဲတပ္ဖြဲ ့၀င္မ်ား ပဲခူးျမိ့ဳနယ္မီးသတ္တပ္ဖြဲ ့ဦးစီးမွဴး ဦးစန္းဦးႏွင့္ မီးသတ္တပ္ဖြဲ ့၀င္မ်ား ေရာက္ရိွလာျပီး ကယ္တင္ေဆာင္ရြက္ျခင္းမ်ား အခ်ိန္မွီျပဳလုပ္ေပခ့ဲႀကေသာ္လည္း ေရတြင္းအေပၚသို့ ဆယ္တင္ခ့ဲရာ အေပၚအေရာက္တြင္ သားအဖႏွစ္ဦးလုံး ေသဆုံးေနျပီ ျဖစ္သည္ကိုေတြ့ရွိခဲ့ရပါသည္။

ပဲခူးေဆးရံုႀကီးသို့ ေဆးစာႏွင့္အတူ ေဆးစစ္ခ်က္ရယူနိဳင္ရန္ပို ့ေဆာင္ေပးျပီး ဒုရဲအုပ္နိဳင္ဝင္းမွ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္စစ္ေဆးေပးပါရန္ တရားလိုျပဳတိုင္တန္းခ်က္အရ အမွတ္(၂)နယ္ေျမရဲစခန္းမွေသမွဳေသခင္း အမွတ္စဥ္၁၀/၂၀၁၆ျဖင့္ ဖြင့္လွစ္ျပီး ရဲအုပ္စိန္လြင္မွ ဆက္လက္စစ္ေဆးေဆာင္ရြက္ေနေႀကာင္းသိရွိရပါသည္။

ေဇာ္ရွင္း(ဥႆာ)
သတင္း - ဓာတ္ပံု - Zaw Shinn - Facebook
https://www.facebook.com/zaw.shinn.779
...........

ပဲခူးမြို့  မဇင်းရပ်ကွက် မဟာစေတီ လမ်းမတန်းနေ ဒေါ်တင်ရွှေ(၇၀)နှစ်၏ ခြံဝင်းအတွင်း ယနေ့ (မေ ၁၅)  နံနက် ၀၈း၃၀ အချိန်ခန် ့က ရေတွင်းဆယ်သည့် အမျိုးသားလေးဦးအနက် သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့သည်။



အဆိုပါ ခြံဝင်းအတွင်း နေအိမ်ရှေ ့ရှိ ရေတွင်းအား အမှိုက်ဆယ်ယူရန်အတွက် သူဋ္ဌေးကုန်းရပ်ကွက်နေ ဦးဖိုးဆောင်း(၄၅)နှစ်နှင့် သားဖြစ်သူမောင်မြင့်မြတ်သူတို့အား ဆောင်ရွက်မှု ပြုစေခဲ့ရာ ပထမရေတွင်းထဲသို့သားဖြစ်သူမောင်မြင့်မြတ်သူ ကြိုးကွင်းဖြင့် ဆင်းရာမှ ရေပြင်နှင့် ၃ပေအကွာသို့ အရောက်တွင် ကြိုးကွင်းပြုတ်ကျခဲ့သဖြင့် ဖခင်ဖြစ်သူဦးဖိုးဆောင်းမှ ရေတွင်းထဲသို့ ထပ်မံဆင်းခဲ့ရာ အောက်အရောက်တွင်း အောက်ဆီဂျင်ပြတ်သည့် လက္ခဏာများဖြစ်ပေါ်နေသည်ကို ပန်ရံလုပ်သားကိုသန်းလွင်မှ မြင်တွေ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကိုအကြောင်းကြားခဲ့ပါတယ်။



ပဲခူးမြိ့ု အမှတ်(၂)နယ်မြေရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်နိုင်ဝင်း နယ်ထိန်းအဖွဲ ့ခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ဝင်းနှင့် ရဲတပ်ဖွဲ ့ဝင်များ ပဲခူးမြိ့ုနယ်မီးသတ်တပ်ဖွဲ ့ဦးစီးမှူး ဦးစန်းဦးနှင့် မီးသတ်တပ်ဖွဲ ့ဝင်များ ရောက်ရှိလာပြီး ကယ်တင်ဆောင်ရွက်ခြင်းများ အချိန်မှီပြုလုပ်ပေခဲ့ကြသော်လည်း ရေတွင်းအပေါ်သို့ ဆယ်တင်ခဲ့ရာ အပေါ်အရောက်တွင် သားအဖနှစ်ဦးလုံး သေဆုံးနေပြီ ဖြစ်သည်ကိုတွေ့ရှိခဲ့ရပါသည်။

ပဲခူးဆေးရုံကြီးသို့ ဆေးစာနှင့်အတူ ဆေးစစ်ချက်ရယူနိုင်ရန်ပို ့ဆောင်ပေးပြီး ဒုရဲအုပ်နိုင်ဝင်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးပေးပါရန် တရားလိုပြုတိုင်တန်းချက်အရ အမှတ်(၂)နယ်မြေရဲစခန်းမှသေမှုသေခင်း အမှတ်စဉ်၁၀/၂၀၁၆ဖြင့် ဖွင့်လှစ်ပြီး ရဲအုပ်စိန်လွင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရပါသည်။

ဇော်ရှင်း(ဥဿာ)
သတင်း - ဓာတ်ပုံ - Zaw Shinn - Facebook
https://www.facebook.com/zaw.shinn.779
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)