ရန်ကုန်-မန္တလေး လမ်းဟောင်း ကားလမ်းဘေးတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ


ပဲခူးမြို့နယ် ဘုရားကြီးမြို့တောင်ဘက် ရိုးရှည်တံတားအနီး ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်၅၈/၁နှင့်၅၈/၂အကြား ကားလမ်းဘေးတွင် ယနေ့  မေလ(၁၀)ရက်နေ့နေ့လည် ၂ နာရီ ၃၀မိနစ် အချိန်ခန့်က  ဒဏ်ရာများနှင့် အလောင်းတွေ့ရှိ ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အလောင်းအား ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့မှုအရ ဘုရားကြီးမြို့ နယ်မြေရဲစခန်းမှ
ရဲအုပ်ချစ်ကြည်နှင့် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ လမ်း၏အနောက်ဘက် ၇ပေခန့်အကွာ မြေသားပေါ်တွင် အသက်(၃၀)နှစ်ခန့်အမည်၊ နေရပ်မသိ အမျိုးသားအလောင်းအား အင်္ကျီလက်ရှည်ဖြူပြာစင်း ဝတ်ဆင်ပြီး အနီ ရောင်ကွက်စိတ် ပုဆိုးကျွတ်လျှက် ပက်လက်အနေအထားဖြင့် ဦးခေါင်းဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်မောင်းရိုးကျိုးကြေဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ၊ ခါးပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

စစ်ဆေးတွေ့ရှိရသည့် ဒဏ်ရာများနှင့် အလောင်းပတ်ဝန်းကျင်  သက်သေခံတွေ့ရှိချက်များအပေါ် အခြေခံ၍ အခြားတနေရာတွင်  ယာဉ်ဖြင့်တိုက်မိပြီး သေဆုံးသွားသဖြင့် ယခုနေရာသို့လာရောက်စွန့်ပစ်သွားသည်ဟုယူဆသဖြင့် ဘုရားကြီးနယ်မြေ ရဲစခန်းတာဝန်မှူး ရဲအုပ်ဇာနည်လင်းမှ ယာဉ်(ပ)၂၂/၂၀၁၆ပြစ်မှူ
ဥပဒေပုဒ်မ၃၀၄-က/၂၀၂အရ အမှူဖွင့် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

သီဟရာဇာ(ဘုရားကြီး)

Mg Myit Tar (facebook)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)