သာသနာရေးဝန်ကြီး သူရဦးအောင်ကို ပြောကြားချက် မမှန်ကန်ဟု အင်ကလီကန်ဘုန်းတော်ကြီးပြောဆို

 မေ - ၄ - ၂၀၁၆
သတင်းကရင်အမျိုးသား မီဒီယာ
ဓာတ်ပုံ - မူရင်းဓာတ်ပုံပညာရှင်

လတ်တလောဖြစ်ပွားနေသည့် ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ကွမ်းတောကျေးရွာရှိ အင်ကလီကန်ဘုရားကျောင်းပြသာနာသည် သာသာနာရေးဝန်ကြီးသူရဦးအောင်ကိုပြောသကဲ့သို့ မြေယာအငြင်းပွားမှုကိစ္စများ ပါရှိသည်ဟု ပြောဆိုခြင်းမှာ မှန်ကန်ခြင်းမရှိဟု ဘားအံသာသနာနယ်၏ ဘုန်းတော်ကြီးစတိုင်လို - Bishop Stylo က ယနေ့တုန့်ပြန်ပြောဆိုလိုက်သည်။

၎င်းက " ဒီဘုရားကျောင်းကို ၁၉၆၂ ခုနှစ်ကတည်ပြီး ၁၉၆၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ တည်ထားမှုပြီးစီးခဲ့ပါတယ် ဘုရာကျောင်းနဲ့ပတ်သက်တဲ့ သာသနာပိုင်မြေအဖြစ် မြို့ နယ်မြေစာရင်းဌာနမှာလည်း မြေဂရံတွေရှိပါတယ် သာသနာရေးဝန်ကြီးပြောသလိုတော့ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ဘာပြသာနာမှမရှိပါဘူး " ဟု ကရင်အမျိုးသား မီဒီယာကို ယနေ့တွင် ပြောဆိုခဲ့သည်။

သာသနာရေးဝန်ကြီးဖြစ်သည့် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို က ကွမ်းတော ဘုရားကျောင်းအရးနှင့်ပတ်သက်၍ မီဒီယာသမားများကို ယနေ့နံနက်က ပြောကြားခဲ့ရာတွင် မြေယာကိစ္စ အငြင်းပွားမှုကိစ္စပြသနာပါရှိနေသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဘုန်းတော်ကြီးစတိုင်လိုက "အရင်လကတည်တဲ့ စေတီနားမှာဘဲ မနေ့က နောက်ထပ်စေတီတဆူထပ်တည်တာပြီးသွားပြီး အဲဒီစေတီနှစ်ဆူကြားမှာ သိမ်တဆောင်ထပ်ဆောက်ဘို့လုပ်နေကြပါတယ် ကျနော်တို့ကတော့ တာဝန်ရှိသူတွေအားလုံးကို တာဆီးပေးဘို့ မေတ္တာရပ်ခံထားပါတယ် အခုထိတော့ ထူးခြားလာတာတွေမရှိသေးဘူး "ဟု လည်း ဖြည့်စွက်ပြောဆိုသည်။

ကရင်ပြည်နယ်ဘားအံအခြေစိုက် ရပ်မိရပ်ဖတဦးက " ဒီကိစ္စကို အသေအချာမကိုင်တွယ်နိုင်ရင်တော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မှာကို တကယ်ဘဲ စိုးရိမ်မိတယ် " ဟု ၎င်း၏ စိုးရိမ်မှုကို ပြောဆိုသည်။

ကရင့်အရေး လေ့လာသူတဦးက ကရင်အမျိုးသားများ ကိုယ့်ကိုကိုယ် ကရင်မှန်းသိရှိရန် အချိန်တန်ပြီးဟုလည်း သုံးသပ်ပြောဆိုသည်။

ပုံစာ - ယခုရက်ပိုင်းအတွင်းက တွေ့ရသည့် ကွမ်းတောဘုရားကျောင်း ။
ကရင်အမျိုးသား မီဒီယာ





Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)