စစ်ကိုင်းအသက် ၂၂ နှစ်အောက်ဖလား ဘောလုံးပွဲတွင် ပရိတ်သတ်များရန်ဖြစ်






သတင်း - ကိုရဲ
.....

စစ်ကိုင်းမြို့ မြို့မကွင်းတွင် ယနေ့ မေ ၃၀ ရက်က ကျင်းပသော အသက် ၂၂ နှစ်အောက်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သည့် အနောက်လူငယ်အသင်းနှင့်မွန်ကလပ်အသင်းတို့ယှဉ်ပြိုင်ရာ ပွဲပြီးဆုံးချိန်တွင် ၂ ဖက်ပရိတ်သတ်များ ရန်ပွဲဖြစ်ပွားခဲ့ကြသည်။



အနောက်လူငယ်အသင်းက မွန်လူငယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ၍ ပွဲပြီးဆုံးသည့်အခါ ကွင်းထဲသို့ ဂဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ကွင်းပြင်ပတွင်လည်း ထပ်မံ၍ ရန်ပွဲဖြစ်ပွားသဖြင့် ရဲများမှဝင်ရောက်ထိန်းသိမ်းပေးခဲ့ရသည်။


အနောက်လူငယ်အသင်းက မွန်လူငယ်အသင်းကို အနိုင်ရရှိခဲ့သဖြင့် ဖိုင်နယ်သို့တက်ရောက်သွားပြီဖြစ်သည်။

သတင်း - ကိုရဲ

Myanmar Citizen News Agency
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)