ၾကည့္ျမင္တိုင္ၿမိဳ႕နယ္အတြင္း ကေလးကိုဓားေထာက္ ၿခိမ္းေျခာက္ေငြေတာင္း ယူသြားသူ ႏွစ္ပတ္ေက်ာ္သည့္တိုင္ လြတ္ေျမာက္ေနဆဲျဖစ္



ရန္ကုန္ ေမ ၁ဝ

ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ကရင္အမ်ဳိးသား ရပ္ကြက္ ဦးလူနီလမ္း၌ ဧၿပီ ၂၆ ရက္ နံနက္ ၉ နာရီခန္႔က ၿမိဳ႕နယ္ဆရာဝန္ႀကီး တစ္ဦးျဖစ္သူ ေဒါက္တာေရႊျပည္ မိသားစု အျပင္သြားရာမွ ျပန္ေရာက္လာၿပီး အသက္ ၁၃ ႏွစ္အရြယ္ သမီးငယ္က တုိက္ အေပၚထပ္သို႔ တက္ေရာက္သြားစဥ္ ဓားေထာက္ ၿခိမ္းေျခာက္၍ ေငြေတာင္းယူ သြားသူကို ရက္သတၱပတ္ ႏွစ္ပတ္ၾကာ သည့္တိုင္ ဖမ္းဆီးႏုိင္ျခင္းမရွိေသး ေၾကာင္း ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္းက သိရသည္။

ေငြမ်ားရၿပီးေသာ္လည္း တိုက္ေရွ႕ တြင္ လူမ်ားဝိုင္းအံုေရာက္လာသျဖင့္ မထြက္သာ၍ သမီးငယ္အား ဓားေထာက္ ဓားစာခံလုပ္ကာ ဖခင္ျဖစ္သူအား အိမ္ရွိ ကားျဖင့္ လႈိင္သာယာၿမိဳ႕နယ္သို႔ ပို႔ေဆာင္ေပးရန္ ထပ္မံေတာင္းဆို မႈ ေၾကာင့္ ဖခင္ဆရာဝန္ႀကီး ကိုယ္တိုင္ ကားကို ေမာင္းႏွင္ပို႔ေပးျခင္းျဖစ္သည္။

ရပ္ကြက္ျပည္သူမ်ား၏ ဝုိင္းဝန္း တားဆီးမႈအၾကားမွပင္ ဖခင္ျဖစ္သူ၏ ေျပာဆို ဟန္႔တားမႈစကားမ်ားႏွင့္ ကားကို အရိွန္ျပင္းစြာ ေမာင္းႏွင္ထြက္သြားမႈ ေၾကာင့္ ၾကည့္ျမင္တုိင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္အခ်ဳိ႕ ေရာက္ရွိလာေသာ္ လည္း ဖမ္းဆီးႏုိင္မႈမရွိဘဲ လြတ္ေျမာက္ သြားျခင္းျဖစ္သည္ဟု သိရသည္။

ယေန႔တုိင္ ေမ ၉ ရက္အထိ ျပစ္မႈ က်ဴးလြန္သူကို ဖမ္းဆီးရရွိႏုိင္မႈမရွိေသး ျခင္း အေပၚ ျပည္သူမ်ားက စိတ္ဝင္စား လ်က္ရွိၿပီး အမ်ဳိးမ်ဳိးေသာေဝဖန္မႈမ်ားကို ၾကားေနရသည္။

သို႔အတြက္ ျမန္မာ့အလင္းသတင္း အဖြဲ႕သည္ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ မွဴး ရဲမွဴး စိုးသင္ႏွင့္ ေတြ႕ဆံု၍ ျပစ္မႈ က်ဴးလြန္သူအား ဖမ္းဆီးရရွိေရး အတြက္ ေဆာင္ရြက္ေနမႈအေပၚ ေမးျမန္းခဲ့သည္။

ရဲမွဴး စိုးသင္က ရွင္းျပရာတြင္ ''ဒီအမႈကို ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္ရဲတပ္ ဖဲြ႕က အဓိကထားၿပီး တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၊ အေနာက္ပိုင္းခ႐ုိင္ ရဲတပ္ဖြဲ႕ ၊ ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕တိ႔ု ပူးေပါင္းကာ ေန႔စဥ္ စံုစမ္းရသမွ်ေတြအေပၚ မွာ ေဆာင္ရြက္ေနပါတယ္'' ဟု ဆုိသည္။

ေဆာင္ရြက္မႈအေနျဖင့္ ဇန္နဝါရီလ အတြင္းမွ ဧၿပီလအတြင္း အသက္ ၂၅ ႏွစ္မွ အသက္ ၃ဝ အရြယ္ ခုိး ဆိုး လုယက္ မႈမ်ားျဖင့္ ျပစ္ဒဏ္က် ခံၿပီး သူမ်ား၏ ဓာတ္ပံုမ်ားကို ဆရာဝန္ႀကီးထံျပသ၍ ျပစ္မႈက်ဴးလြန္သူ ဟုတ္ မဟုတ္ အတည္ ျပဳခ်က္ေတာင္းခံခဲ့ေသာ္လည္း ထိုသူမ်ား မဟုတ္ေၾကာင္း ဆရာဝန္ ႀကီးထံမွ အေျဖ သာရရွိခဲ့သည္ဟု ဆိုသည္။

ထပ္မံ၍ အခင္းျဖစ္ပြားရာႏွင့္ နီးစပ္ သည့္ စမ္းေခ်ာင္းၿမိဳ႕နယ္ ေအာင္ခ်မ္းသာ ရပ္ကြက္အတြင္းရွိ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားမွ ၎အသက္အရြယ္ရွိ လူ ၄ဝ ခန္႔ကို ဓာတ္ပံု႐ိုက္၍ ျပသခဲ့ေသာ္ လည္း ထူးျခားမႈမရွိခဲ့ေၾကာင္း ရဲမွဴး စိုးသင္္က ရွင္းျပသည္။

ထုိ႔အျပင္ ၿမိဳ႕နယ္အတြင္း လႈိင္ျမစ္ တစ္ဖက္ကမ္းမွ ခိုးမႈ ၊ လုယက္မႈက်ဴးလြန္ ခဲ့ဖူးသူမ်ား၏ ရႏုိင္သမွ်ေသာ ဓာတ္ပံုမ်ား ကို ရယူျပသခဲ့ေသာ္လည္း ျပဳလုပ္ သြား ေသာသူ မဟုတ္ေၾကာင္းသာ သိခဲ့ရသည္။

ထို႔အျပင္ ၿမိဳ႕နယ္၌ ဆယ္ႏွစ္ သက္တမ္းအတြင္း ခုိးမႈ၊ လုယက္မႈတို႔ျဖင့္ ျပစ္ ဒဏ္က်ခံခ့ဲရၿပီး လြတ္လာသူတို႔အား စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ဓာတ္ပုံ မ်ားကို ျပသေပး၍ ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ႏုိင္ေရးအတြက္ ႀကိဳးစား ခဲ့ ေၾကာင္း သိရသည္။

ရဲမွဴး စိုးသင္က ''ေနာက္တစ္ခါ ပန္းလႈိင္ဘူတာမွ အင္းစိန္ဘူတာအထိ ၊ ေနာက္ၿပီးေတာ့ ပန္းလႈိင္ဘူတာကေန ရန္ကုန္ဘူတာႀကီးအထိ ဘူတာစဥ္ တစ္ေလွ်ာက္မွာ အေျခခ်ေနထုိင္သူ ေတြနဲ႔ပါ ေတြ႕ဆံုၿပီး ပံုပန္းသၭာန္ ကို ေျပာျပၿပီး စံုစမ္းခဲ့ပါတယ္၊ ထူးျခား မႈေတာ့မရွိခဲ့ပါဘူး '' ဟု ဆုိသည္။

၄င္းကပင္ ''ေျမာက္ပိုင္းခ႐ိုင္ အတြင္းက လႈိင္သာယာၿမိ႕နယ္၊ ေရႊျပည္ သာၿမိဳ႕နယ္က အမာခံအဖြဲ႕ေတြနဲ႔ ဆက္သြယ္ၿပီး ျပစ္မႈက်ဴးလြန္တတ္သူ ေတြရဲ႕ သြားလာေနထုိင္မႈ၊ ေငြေၾကးသံုးစြဲ မႈေတြပါ ေစာင့္ၾကည့္ေနခဲ့ပါတယ္'' ဟု ဆိုသက့ဲသို႔ ''ေနာက္တစ္ဆင့္အေနနဲ႔ တိုက္ထဲကိုဝင္ခဲ့တဲ့သူက အဲဒီေန႔မွာ ဖိနပ္စီးတဲ့ အသြင္သၭာန္ မေတြ႕ရတဲ့ အတြက္ အဲဒီေန႔က ေထာင္ကလြတ္တဲ့ သူ ေတြ၊ ရဲဘက္စခန္းက လြတ္တဲ့သူေတြရဲ႕ စာရင္းပါ ေတာင္းခံၿပီး ျဖစ္ႏုိင္ေျခ ရွိတဲ့ သူမ်ားကိုပါ စံုစမ္းမႈေတြျပဳလုပ္ေနပါ တယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ျပစ္မႈ က်ဴးလြန္သူကို ဖမ္းမိႏုိင္ေရးအတြက္ အေနာက္ပိုင္းခ႐ိုင္ ရဲတပ္ဖဲ႕ြမွဴး ဒုတိယ ရဲမွဴးႀကီး ေက်ာ္ထြဋ္ ဦးစီးၿပီး အရွိန္ျမႇင့္ ေဆာင္ရြက္ေနပါတယ္'' ဟု ရွင္းလင္း ေျပာၾကားခဲ့သည္။

အခင္းျဖစ္ပြားခ်ိန္၌ ကိုယ္တိုင္ပါဝင္ ၿပီး ဖမ္းဆီးေရးအတြက္ ေဆာင္ရြက္ခဲ့သူ နယ္ထိန္းအရာရွိ ရဲအုပ္ၿဖိဳးေဝမင္းက ''ဆရာဝန္ႀကီးရဲ႕ ကားေမာင္းခ်က္က အံ့ၾသစရာ ေကာင္းေလာက္ေအာင္ ျမန္လြန္းေနတယ္။ သမီးေဇာေၾကာင့္ ေနာက္ကလုိက္လာသူေတြ မီလာမွာကို စိုးရိမ္ေနပံုရ ပါတယ္။ ဗားကရာေခ်ာက္ မွာ လမ္းေၾကာင္းလြဲသြားခ့ဲတယ္။ ဆရာဝန္ႀကီးက အိမ္က ဇနီးဆီကို လမ္းက ေန ဖုန္းဆက္လာတယ္။

လူႀကီးေရာ ကေလးပါ အၲရာယ္ကင္းသြားၿပီတဲ့၊ လုိက္လာတဲ့သူကိုလည္း ၾကည့္ျမင္တုိင္ ဘူတာ မွာခ်ေပးလုိက္ၿပီလုိ႔ ဆက္လာတဲ့ အတြက္ ကြၽန္ေတာ္တို႔ အဖြ႕ဲေတြ ၾကည့္ျမင္ တုိင္ဘူတာတစ္ဝိုက္နဲ႔ စမ္းေခ်ာင္းပိုင္းကို ပါ ပိတ္ဆုိ႔မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပ မယ့္ မဟုတ္ဘူး၊ ဆင္းသြားတာက ဟံသာ ဝတီ ဘူတာနားမွာဆိုေတာ့ အဲဒီမွာတင္ အခ်ိန္ေတြအလဟႆျဖစ္ၿပီး လမ္း ေၾကာင္းေတြ လြဲသြားခဲ့ရတယ္။ ျပစ္မႈ က်ဴးလြန္သူ လြတ္ေျမာက္ဖုိ႔ အတြက္ အခြင့္အလမ္းေတြ အမ်ားႀကီးရသြားခဲ့ တယ္''ဟု ထပ္မံရွင္းျပ မႈေၾကာင့္ သိခဲ့ ရသည္။

ထုိအခ်ိန္က ၿမိဳ႕နယ္အတြင္းလူမ်ား ၏ ေဝဖန္သံုးသပ္မႈမ်ားကလည္း ခ်က္ခ်င္း ဆိုသကဲ့သို႔ ပ်ံ႕ႏွံ႕သြားခဲ့သည္။ ''ဆရာဝန္ႀကီးအေနနဲ႔ သမီးနဲ႔အတူ ျပစ္မႈက်ဴး လြန္သူရွိစဥ္က သမီးအတြက္ စိုးရိမ္ပူပန္မႈရွိေနတာ မွန္ပါတယ္။ ဒါေပမယ့္ ကားေပၚကဆင္းသြားအၿပီးမွာ ေဘးကလူေတြကိုေအာ္ၿပီး အကူအညီ ေတာင္း သင့္တယ္၊ အဲဒီအခ်ိန္က ေဘးမွာ ကားေတြရွိတယ္၊ ကားေတြေပၚမွာ လူေတြ အမ်ားႀကီးရွိတယ္၊ ဘူတာမွာလည္း ရထားေစာင့္ေနတဲ့သူေတြ ရွိတယ္၊ ဘယ္လိုမွ လြတ္လမ္းမရွိႏုိင္ပါဘူး''ဟု ေဝဖန္သံုးသပ္မႈရွိခဲ့သည္။

သို႔ေသာ္ ျပစ္မႈက်ဴးလြန္သူမွာ ယေန႔တိုင္ လြတ္ေျမာက္ေနဆဲျဖစ္သည္။ ''ရာဇဝတ္ေဘး ေျပးမလြတ္''ဟု ဆိုသည့္ စကား အတိမ္အနက္တို႔ျဖင့္ ျပည္သူ အမ်ားက ဤအမႈအေပၚ ေစာင့္ၾကည့္ ေနၾကၿပီျဖစ္သည္။

သတင္း - တင္ဝင္းေလး(ၾကည့္ျမင္တုိင္)
ဓာတ္ပုံ - ျမင့္ေအာင္(စက္မႈေဆးဝါး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

..........................................




ရန်ကုန် မေ ၁ဝ

ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသား ရပ်ကွက် ဦးလူနီလမ်း၌ ဧပြီ ၂၆ ရက် နံနက် ၉ နာရီခန့်က မြို့နယ်ဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာရွှေပြည် မိသားစု အပြင်သွားရာမှ ပြန်ရောက်လာပြီး အသက် ၁၃ နှစ်အရွယ် သမီးငယ်က တိုက် အပေါ်ထပ်သို့ တက်ရောက်သွားစဉ် ဓားထောက် ခြိမ်းခြောက်၍ ငွေတောင်းယူ သွားသူကို ရက်သတ္တပတ် နှစ်ပတ်ကြာ သည့်တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေး ကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းက သိရသည်။

ငွေများရပြီးသော်လည်း တိုက်ရှေ့ တွင် လူများဝိုင်းအုံရောက်လာသဖြင့် မထွက်သာ၍ သမီးငယ်အား ဓားထောက် ဓားစာခံလုပ်ကာ ဖခင်ဖြစ်သူအား အိမ်ရှိ ကားဖြင့် လှိုင်သာယာမြို့နယ်သို့ ပို့ဆောင်ပေးရန် ထပ်မံတောင်းဆို မှု ကြောင့် ဖခင်ဆရာဝန်ကြီး ကိုယ်တိုင် ကားကို မောင်းနှင်ပို့ပေးခြင်းဖြစ်သည်။

ရပ်ကွက်ပြည်သူများ၏ ဝိုင်းဝန်း တားဆီးမှုအကြားမှပင် ဖခင်ဖြစ်သူ၏ ပြောဆို ဟန့်တားမှုစကားများနှင့် ကားကို အရှိန်ပြင်းစွာ မောင်းနှင်ထွက်သွားမှု ကြောင့် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာသော် လည်း ဖမ်းဆီးနိုင်မှုမရှိဘဲ လွတ်မြောက် သွားခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့တိုင် မေ ၉ ရက်အထိ ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးရရှိနိုင်မှုမရှိသေး ခြင်း အပေါ် ပြည်သူများက စိတ်ဝင်စား လျက်ရှိပြီး အမျိုးမျိုးသောဝေဖန်မှုများကို ကြားနေရသည်။

သို့အတွက် မြန်မာ့အလင်းသတင်း အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး စိုးသင်နှင့် တွေ့ဆုံ၍ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရရှိရေး အတွက် ဆောင်ရွက်နေမှုအပေါ် မေးမြန်းခဲ့သည်။

ရဲမှူး စိုးသင်က ရှင်းပြရာတွင် ''ဒီအမှုကို ကျွန်တော်တို့ မြို့နယ်ရဲတပ် ဖွဲ့က အဓိကထားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ နေ့စဉ် စုံစမ်းရသမျှတွေအပေါ် မှာ ဆောင်ရွက်နေပါတယ်'' ဟု ဆိုသည်။

ဆောင်ရွက်မှုအနေဖြင့် ဇန်နဝါရီလ အတွင်းမှ ဧပြီလအတွင်း အသက် ၂၅ နှစ်မှ အသက် ၃ဝ အရွယ် ခိုး ဆိုး လုယက် မှုများဖြင့် ပြစ်ဒဏ်ကျ ခံပြီး သူများ၏ ဓာတ်ပုံများကို ဆရာဝန်ကြီးထံပြသ၍ ပြစ်မှုကျူးလွန်သူ ဟုတ် မဟုတ် အတည် ပြုချက်တောင်းခံခဲ့သော်လည်း ထိုသူများ မဟုတ်ကြောင်း ဆရာဝန် ကြီးထံမှ အဖြေ သာရရှိခဲ့သည်ဟု ဆိုသည်။

ထပ်မံ၍ အခင်းဖြစ်ပွားရာနှင့် နီးစပ် သည့် စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများမှ ၎င်းအသက်အရွယ်ရှိ လူ ၄ဝ ခန့်ကို ဓာတ်ပုံရိုက်၍ ပြသခဲ့သော် လည်း ထူးခြားမှုမရှိခဲ့ကြောင်း ရဲမှူး စိုးသင််က ရှင်းပြသည်။

ထို့အပြင် မြို့နယ်အတွင်း လှိုင်မြစ် တစ်ဖက်ကမ်းမှ ခိုးမှု ၊ လုယက်မှုကျူးလွန် ခဲ့ဖူးသူများ၏ ရနိုင်သမျှသော ဓာတ်ပုံများ ကို ရယူပြသခဲ့သော်လည်း ပြုလုပ် သွား သောသူ မဟုတ်ကြောင်းသာ သိခဲ့ရသည်။

ထို့အပြင် မြို့နယ်၌ ဆယ်နှစ် သက်တမ်းအတွင်း ခိုးမှု၊ လုယက်မှုတို့ဖြင့် ပြစ် ဒဏ်ကျခံခဲ့ရပြီး လွတ်လာသူတို့အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဓာတ်ပုံ များကို ပြသပေး၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရေးအတွက် ကြိုးစား ခဲ့ ကြောင်း သိရသည်။

ရဲမှူး စိုးသင်က ''နောက်တစ်ခါ ပန်းလှိုင်ဘူတာမှ အင်းစိန်ဘူတာအထိ ၊ နောက်ပြီးတော့ ပန်းလှိုင်ဘူတာကနေ ရန်ကုန်ဘူတာကြီးအထိ ဘူတာစဉ် တစ်လျှောက်မှာ အခြေချနေထိုင်သူ တွေနဲ့ပါ တွေ့ဆုံပြီး ပုံပန်းသ္ဌာန် ကို ပြောပြပြီး စုံစမ်းခဲ့ပါတယ်၊ ထူးခြား မှုတော့မရှိခဲ့ပါဘူး '' ဟု ဆိုသည်။

၄င်းကပင် ''မြောက်ပိုင်းခရိုင် အတွင်းက လှိုင်သာယာမြိ့နယ်၊ ရွှေပြည် သာမြို့နယ်က အမာခံအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ပြစ်မှုကျူးလွန်တတ်သူ တွေရဲ့ သွားလာနေထိုင်မှု၊ ငွေကြေးသုံးစွဲ မှုတွေပါ စောင့်ကြည့်နေခဲ့ပါတယ်'' ဟု ဆိုသကဲ့သို့ ''နောက်တစ်ဆင့်အနေနဲ့ တိုက်ထဲကိုဝင်ခဲ့တဲ့သူက အဲဒီနေ့မှာ ဖိနပ်စီးတဲ့ အသွင်သ္ဌာန် မတွေ့ရတဲ့ အတွက် အဲဒီနေ့က ထောင်ကလွတ်တဲ့ သူ တွေ၊ ရဲဘက်စခန်းက လွတ်တဲ့သူတွေရဲ့ စာရင်းပါ တောင်းခံပြီး ဖြစ်နိုင်ခြေ ရှိတဲ့ သူများကိုပါ စုံစမ်းမှုတွေပြုလုပ်နေပါ တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းမိနိုင်ရေးအတွက် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ထွဋ် ဦးစီးပြီး အရှိန်မြှင့် ဆောင်ရွက်နေပါတယ်'' ဟု ရှင်းလင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားချိန်၌ ကိုယ်တိုင်ပါဝင် ပြီး ဖမ်းဆီးရေးအတွက် ဆောင်ရွက်ခဲ့သူ နယ်ထိန်းအရာရှိ ရဲအုပ်ဖြိုးဝေမင်းက ''ဆရာဝန်ကြီးရဲ့ ကားမောင်းချက်က အံ့သြစရာ ကောင်းလောက်အောင် မြန်လွန်းနေတယ်။ သမီးဇောကြောင့် နောက်ကလိုက်လာသူတွေ မီလာမှာကို စိုးရိမ်နေပုံရ ပါတယ်။ ဗားကရာချောက် မှာ လမ်းကြောင်းလွဲသွားခဲ့တယ်။ ဆရာဝန်ကြီးက အိမ်က ဇနီးဆီကို လမ်းက နေ ဖုန်းဆက်လာတယ်။

လူကြီးရော ကလေးပါ အ္တရာယ်ကင်းသွားပြီတဲ့၊ လိုက်လာတဲ့သူကိုလည်း ကြည့်မြင်တိုင် ဘူတာ မှာချပေးလိုက်ပြီလို့ ဆက်လာတဲ့ အတွက် ကျွန်တော်တို့ အဖွဲ့တွေ ကြည့်မြင် တိုင်ဘူတာတစ်ဝိုက်နဲ့ စမ်းချောင်းပိုင်းကို ပါ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေ မယ့် မဟုတ်ဘူး၊ ဆင်းသွားတာက ဟံသာ ဝတီ ဘူတာနားမှာဆိုတော့ အဲဒီမှာတင် အချိန်တွေအလဟဿဖြစ်ပြီး လမ်း ကြောင်းတွေ လွဲသွားခဲ့ရတယ်။ ပြစ်မှု ကျူးလွန်သူ လွတ်မြောက်ဖို့ အတွက် အခွင့်အလမ်းတွေ အများကြီးရသွားခဲ့ တယ်''ဟု ထပ်မံရှင်းပြ မှုကြောင့် သိခဲ့ ရသည်။

ထိုအချိန်က မြို့နယ်အတွင်းလူများ ၏ ဝေဖန်သုံးသပ်မှုများကလည်း ချက်ချင်း ဆိုသကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ''ဆရာဝန်ကြီးအနေနဲ့ သမီးနဲ့အတူ ပြစ်မှုကျူး လွန်သူရှိစဉ်က သမီးအတွက် စိုးရိမ်ပူပန်မှုရှိနေတာ မှန်ပါတယ်။ ဒါပေမယ့် ကားပေါ်ကဆင်းသွားအပြီးမှာ ဘေးကလူတွေကိုအော်ပြီး အကူအညီ တောင်း သင့်တယ်၊ အဲဒီအချိန်က ဘေးမှာ ကားတွေရှိတယ်၊ ကားတွေပေါ်မှာ လူတွေ အများကြီးရှိတယ်၊ ဘူတာမှာလည်း ရထားစောင့်နေတဲ့သူတွေ ရှိတယ်၊ ဘယ်လိုမှ လွတ်လမ်းမရှိနိုင်ပါဘူး''ဟု ဝေဖန်သုံးသပ်မှုရှိခဲ့သည်။

သို့သော် ပြစ်မှုကျူးလွန်သူမှာ ယနေ့တိုင် လွတ်မြောက်နေဆဲဖြစ်သည်။ ''ရာဇဝတ်ဘေး ပြေးမလွတ်''ဟု ဆိုသည့် စကား အတိမ်အနက်တို့ဖြင့် ပြည်သူ အများက ဤအမှုအပေါ် စောင့်ကြည့် နေကြပြီဖြစ်သည်။

သတင်း - တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ - မြင့်အောင်(စက်မှုဆေးဝါး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)