ေျခာက္ႏွစ္အရြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္သူ ဖမ္းမိ


ေျမာက္ဥကၠလာပၿမိဳ႕နယ္ (၁) ရပ္ကြက္တြင္ ေနအိမ္အတြင္း အိပ္ေပ်ာ္ေနသည့္ ေျခာက္ႏွစ္အရြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့ေသာ အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ေမလ ၁၉ ရက္ ည ၁၂ နာရီခန္႔က ဖမ္းမိခဲ့ေၾကာင္း ယင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။
အဆိုပါ ဖမ္းမိခဲ့ေသာ အမ်ိဳးသားမွာ (၁) ရပ္ကြက္ သုမိတၱာ ၉ လမ္းထိပ္တြင္ ေနထိုင္သူ ကိုႏိုင္ထြန္းျဖစ္ၿပီး ယင္းည ၁၁ နာရီခန္႔က သုမိတၱာလမ္းမႀကီးေဘးရွိ တံတားေလးမီးရထားဘူတာဝင္းမွ ေနအိမ္တစ္လံုးတြင္ တစ္ဦးတည္းအိပ္ေပ်ာ္ေနေသာ ေျခာက္ႏွစ္အရြယ္ မိန္းကေလးငယ္ကို ခ်ဳပ္ေႏွာင္၍ အဓမၼျပဳက်င့္ခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္မ်ားအရ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။
ယင္းအဓမၼျပဳက်င့္ခဲ့သူ အမ်ိဳးသားကို ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွ (ပ) ၅၅၂/၁၆၊ ျပစ္မႈပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။
The Voice
.......
ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူ ဖမ်းမိ
------------------------------------
မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက်တွင် နေအိမ်အတွင်း အိပ်ပျော်နေသည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို မေလ ၁၉ ရက် ည ၁၂ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖမ်းမိခဲ့သော အမျိုးသားမှာ (၁) ရပ်ကွက် သုမိတ္တာ ၉ လမ်းထိပ်တွင် နေထိုင်သူ ကိုနိုင်ထွန်းဖြစ်ပြီး ယင်းည ၁၁ နာရီခန့်က သုမိတ္တာလမ်းမကြီးဘေးရှိ တံတားလေးမီးရထားဘူတာဝင်းမှ နေအိမ်တစ်လုံးတွင် တစ်ဦးတည်းအိပ်ပျော်နေသော ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို ချုပ်နှောင်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းအဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ) ၅၅၂/၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)