အီရန္စစ္ဘက္အႀကံေပး ၁၃ ဦး ဆီးရီးယားတြင္ ေသဆုံး


တီဟီရန္ ေမ ၈

မၾကာေသးမီက ျဖစ္ပြားေသာ ဆီးရီးယားပဋိပကၡမ်ားအတြင္း အီရန္ႏုိင္ငံသား စစ္ဘက္အႀကံေပး ၁၃ ဦးသည္ ေသဆုံးသြားေၾကာင္း အီရန္တပ္မေတာ္က စေနေန႔တြင္ ေျပာၾကားသည္။

ဆီးရီးယားပဋိပကၡအတြင္း အျခား ၂၁ ဦးလည္း ဒဏ္ရာရရွိခဲ့ေၾကာင္း အီရန္ တပ္ဖဲြ႕၏ ေၾကညာခ်က္တြင္ ေဖာ္ျပသည္။ ယင္းတုိ႔သည္ ဆီးရီးယား အလက္ပုိျပည္နယ္ ေတာင္ဘက္ ခမ္းထူမန္းၿမိဳ႕၌ ဒဏ္ရာရေသဆုံးခဲ့ျခင္းျဖစ္သည္။

အလက္ပုိၿမိဳ႕သည္ ဆီးရီးယားႏုိင္ငံ၏ စီးပြားေရးအရ ဒုတိယအႀကီးဆုံး ၿမိဳ႕ႀကီး ျဖစ္သည္။ ၿမိဳ႕အေနာက္ပုိင္းတြင္ အစုိးရတပ္မ်ား ထိန္းခ်ဳပ္ထားၿပီး အေရွ႕ဘက္တြင္ သူပုန္မ်ားက ထိန္းခ်ဳပ္ထားသည္။

အီရန္ႏုိင္ငံသည္ စစ္ေသြးၾကြအုပ္စုမ်ားကုိ တုိက္ခုိက္ရာတြင္ ဆီးရီးယား အစုိးရတပ္မ်ားအား အဓိကကူညီေထာက္ပံ့ေပးေနေသာ ႏုိင္ငံျဖစ္သည္။ အီရန္က ဆီးရီးယားတြင္ ၎၏ စစ္ဘက္အႀကံေပးတပ္ဖဲြ႕ဝင္မ်ား ေစလႊတ္ထားသည္။

(ဆင္ဟြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

...............................


တီဟီရန် မေ ၈

မကြာသေးမီက ဖြစ်ပွားသော ဆီးရီးယားပဋိပက္ခများအတွင်း အီရန်နိုင်ငံသား စစ်ဘက်အကြံပေး ၁၃ ဦးသည် သေဆုံးသွားကြောင်း အီရန်တပ်မတော်က စနေနေ့တွင် ပြောကြားသည်။

ဆီးရီးယားပဋိပက္ခအတွင်း အခြား ၂၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အီရန် တပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။ ယင်းတို့သည် ဆီးရီးယား အလက်ပိုပြည်နယ် တောင်ဘက် ခမ်းထူမန်းမြို့၌ ဒဏ်ရာရသေဆုံးခဲ့ခြင်းဖြစ်သည်။

အလက်ပိုမြို့သည် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးအရ ဒုတိယအကြီးဆုံး မြို့ကြီး ဖြစ်သည်။ မြို့အနောက်ပိုင်းတွင် အစိုးရတပ်များ ထိန်းချုပ်ထားပြီး အရှေ့ဘက်တွင် သူပုန်များက ထိန်းချုပ်ထားသည်။

အီရန်နိုင်ငံသည် စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရာတွင် ဆီးရီးယား အစိုးရတပ်များအား အဓိကကူညီထောက်ပံ့ပေးနေသော နိုင်ငံဖြစ်သည်။ အီရန်က ဆီးရီးယားတွင် ၎င်း၏ စစ်ဘက်အကြံပေးတပ်ဖွဲ့ဝင်များ စေလွှတ်ထားသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)