ကျေးရွာပေါင်း ၇၀၀ မှာ ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ် ၁၃၀ နီးပါးထဲမှာပါဝင်တဲ့ ကျေးရွာပေါင်း ၇၀၀ ကျော်မှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။


ပဲခူးတိုင်းဒေသကြီးထဲက ရေရှားပါးနေတဲ့ ကျေးရွာပေါင်း တစ်ရာကျော်ထဲမှာ ဝေါ၊ က၀၊ သနပ်ပင်၊ ပန်းတောင်းနဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာ အဆိုးဆုံး ကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လကနေ မေလကုန်အထိ တစ်နိုင်ငံလုံးမှာ မြို့နယ် ပေါင်း ၁၇၀ ကျော်က ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။


RFA Burmese
........


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ် ၁၃၀ နီးပါးထဲမှာပါ၀င်တဲ့ ကျေးရွာပေါင်း ရ၀၀ ကျော်မှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။

အဲ့ဒီအထဲက မန္တလေးတိုင်းဒေသကြီးက ကျေးရွာတွေမှာ ရေပြတ်လပ်မှု အဆိုးဆုံးဖြစ်နေကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူအောင် က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက ရေရှားပါးနေတဲ့ ကျေးရွာပေါင်း တစ်ရာကျော်ထဲမှာ ဝေါ၊ ကဝ၊ သနပ်ပင်၊ ပန်းတောင်းနဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာ အဆိုးဆုံး ကြံုတွေ့နေရတယ်လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လကနေ မေလကုန်အထိ တစ်နိုင်ငံလုံးမှာ မြို့နယ် ပေါင်း ၁၇၀ ကျော်က ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြံုတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ မြို့နယ် ၅၉ မြို့နယ်က ကျေးရွာပေါင်း ၄၆၄ ရွာမှာ ရေပြတ်လပ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)