ေတာင္ႀကီး ထီသိမ္ေရေလွာင္ကန္(ရုရွားကန္)တြင္ အမ်ဳိးသားႏွစ္ဦး ေရနစ္ေသဆံုး


(ေတာင္ႀကီး၊ ေမ ၁၇)

ေတာင္ႀကီးၿမဳိ႕ရွိ ထီသိမ္ေရေလွာင္ကန္(ရုရွားကန္)တြင္ ေမလ ၁၅ ရက္ ညေန ၄ နာရီခဲြခန္႔တြင္ အမ်ဳိးသား ၂ ဦး ေရနစ္ေသဆံုးသြားခဲ့ၿပီး အေလာင္းမ်ားအား ၂ ရက္ၾကာမွသာ ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

ေတာင္ႀကီးၿမဳိ႕၊ ဘုရားျဖဴရပ္ကြက္ေန ကို -----၊ ၃၄ ႏွစ္၊ ပအို၀္း/ဗုဒၶႏွင့္ ေညာင္ေရႊေဟာ္ကုန္းရပ္ကြက္ေန ေမာင္ ----၊ ၁၈ ႏွစ္၊ ဗမာ/ဗုဒၶတို႔သည္ ေမလ ၁၅ ရက္ ညေနပိုင္းတြင္ ထီသိမ္ေရေလွာင္(ရုရွားကန္)သို႔ ေရာက္ရွိလာၿပီး ေမာင္ --- (၁၈)ႏွစ္မွ ေရဆင္းကူးစဥ္ေရလယ္သို႔ အေရာက္၌ ေရနစ္ခဲ့သျဖင့္ ကို ---- ၊ (၃၄)ႏွစ္မွ သြားေရာက္ ဆယ္ယူရာမွ ၂ ဦးလံုး ေရနစ္ေသဆံုးခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေရနစ္ေသဆံုးသူမ်ားအား ေဒသခံမ်ားမွ ေမလ ၁၅ ရက္ ညေနပိုင္းတြင္ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေတြ႕ရွိျခင္းမရွိခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔တြင္ မီးသတ္တပ္ဖဲြ႕၀င္မ်ားႏွင့္ ေရငုပ္ကၽြမ္းက်င္သူမ်ားမွ ထပ္မံရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္လည္း ေတြ႕ရွိျခင္း မရွိပဲ ေမလ ၁၇ ရက္ နံနက္ပိုင္းတြင္ အေလာင္းမ်ား ေပၚလာေသာေၾကာင့္ တာ၀န္ရွိသူမ်ားမွ ေတြ႕ရွိ၍ အေလာင္းမ်ားအား ဆယ္ယူကာ ေတာင္ႀကီးၿမဳိ႕၊ စ၀္စံထြန္းေဆးရံုသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ ဒီ ထီသိမ္ကန္မွာ ေရနစ္ေသဆံုးၾကတာ ဒီ ၂ ေယာက္နဲ႔ဆိုရင္ လူ႔အသက္ေပါင္း ၅၀ ေက်ာ္ေလာက္ ဆံုးရႈံးသြားပါၿပီ။ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ကမွ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးခဲ့ပါေသးတယ္။ ဒီေရကန္ဟာ ကန္႔သတ္ထားတဲ့ နယ္ေျမတစ္ခုပါ။ မိမိတို႔ရဲ႕ အသက္နဲ႔ခႏၶာကိုယ္ေတြ ထပ္ၿပီး မဆံုးရႈံးၾကရေလေအာင္ ဒီကန္ကို မလာေစခ်င္ပါဘူး ” ဟု ေတာင္ႀကီးၿမဳိ႕၊ ဘုရားျဖဴရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ နယ္ေျမမွဴး ဦးခြန္ေအာင္လြင္က ကေမၻာဇတိုင္းသတင္းဂ်ာနယ္သို႔ ေျပာၾကားခဲ့သည္။

အဆိုပါ ထီသိမ္ေရေလွာင္ကန္(ရုရွားကန္)သည္ ေတာင္ႀကီးၿမဳိ႕၊ ဘုရားျဖဴရပ္ကြက္အတြင္း၌ တည္ရွိၿပီး ေရကန္ပတ္လည္တြင္ သံဆူးႀကဳိးမ်ားျဖင့္ ကာရံထားရွိၿပီး ျပည္သူမ်ားအေနျဖင့္ လာေရာက္ျခင္း မျပဳလုပ္ရန္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားမွ ပိတ္ပင္တားျမစ္မႈမ်ား ျပဳလုပ္ထားေၾကာင္း သိရွိရသည္။

ဖိုးျပည့္
ကေမၻာဇတိုင္းသတင္းဂ်ာနယ္
https://www.facebook.com/kanbawzatai/
.........


(တောင်ကြီး၊ မေ ၁၇)

တောင်ကြီးမြို့ရှိ ထီသိမ်ရေလှောင်ကန်(ရုရှားကန်)တွင် မေလ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် အမျိုးသား ၂ ဦး ရေနစ်သေဆုံးသွားခဲ့ပြီး အလောင်းများအား ၂ ရက်ကြာမှသာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။


တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ကို -----၊ ၃၄ နှစ်၊ ပအိုဝ်း/ဗုဒ္ဓနှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ မောင် ----၊ ၁၈ နှစ်၊ ဗမာ/ဗုဒ္ဓတို့သည် မေလ ၁၅ ရက် ညနေပိုင်းတွင် ထီသိမ်ရေလှောင်(ရုရှားကန်)သို့ ရောက်ရှိလာပြီး မောင် --- (၁၈)နှစ်မှ ရေဆင်းကူးစဉ်ရေလယ်သို့ အရောက်၌ ရေနစ်ခဲ့သဖြင့် ကို ---- ၊ (၃၄)နှစ်မှ သွားရောက် ဆယ်ယူရာမှ ၂ ဦးလုံး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရေနစ်သေဆုံးသူများအား ဒေသခံများမှ မေလ ၁၅ ရက် ညနေပိုင်းတွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေငုပ်ကျွမ်းကျင်သူများမှ ထပ်မံရှာဖွေမှုများ ပြုလုပ်ရာတွင်လည်း တွေ့ရှိခြင်း မရှိပဲ မေလ ၁၇ ရက် နံနက်ပိုင်းတွင် အလောင်းများ ပေါ်လာသောကြောင့် တာဝန်ရှိသူများမှ တွေ့ရှိ၍ အလောင်းများအား ဆယ်ယူကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


“ ဒီ ထီသိမ်ကန်မှာ ရေနစ်သေဆုံးကြတာ ဒီ ၂ ယောက်နဲ့ဆိုရင် လူ့အသက်ပေါင်း ၅၀ ကျော်လောက် ဆုံးရှုံးသွားပါပြီ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ ဒီရေကန်ဟာ ကန့်သတ်ထားတဲ့ နယ်မြေတစ်ခုပါ။ မိမိတို့ရဲ့ အသက်နဲ့ခန္ဓာကိုယ်တွေ ထပ်ပြီး မဆုံးရှုံးကြရလေအောင် ဒီကန်ကို မလာစေချင်ပါဘူး ” ဟု တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ နယ်မြေမှူး ဦးခွန်အောင်လွင်က ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ထီသိမ်ရေလှောင်ကန်(ရုရှားကန်)သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အတွင်း၌ တည်ရှိပြီး ရေကန်ပတ်လည်တွင် သံဆူးကြိုးများဖြင့် ကာရံထားရှိပြီး ပြည်သူများအနေဖြင့် လာရောက်ခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

ဖိုးပြည့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)