အမြန်လမ်း မိုင်တိုင်အမှတ်၂၇၈ အနီး၌ ယာဉ်တိမ်းမှောက်၊ ကိုးဦးဒဏ်ရာရ


မိတ္ထီလာ မေ ၉

မိတ္ထီလာမြို့နယ် နွားစားငုတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၂၇၈/၁ နှင့် ၂၇၈/၂ ကြားတွင် မေ ၉ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ( Hi-Ace) တစ်စီး တိမ်းမှောက်၍ လူကိုးဦးဒဏ်ရရှိခဲ့ကြောင်း ၂၈၅ မိုင် သီးကုန်း အမြန်လမ်းမကြီးရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''မော်တော်ယာဉ်ရဲ့  ယာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်တာပါ။ မော်တော်ယာဉ် ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ကိုးဦး ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့အနေ ထားတော့ မဟုတ်ပါဘူး'' ဟု သီးကုန်း ၂၈၅ မိုင် အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယင်းမော်တော်ယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ သီးကုန်း ၂၈၅ မိုင် အရေးပေါ်ရှေးဦးပြုစုခြင်းစခန်း တာဝန်ခံကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဦးက ''မော်တော်ယာဉ် ယာဘက်နောက်ဘီး ပေါက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်တဲ့ သဘောရှိတယ်။ ယာဉ် ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုး သား နှစ်ဦး ၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁ဝ ဦးလိုက်ပါလာပါတယ်'' ဟု ပြော သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်းဖြစ်သူ ဦးဆန်ပေါ ( ၅ဝ နှစ်) မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းက အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ချမ်းသာ(မိတ္ထီလာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)