ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ပုလဲ မေ ၁၀



ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာတွင် မေ ၁၀ရက်၊ နံနက် ၈း၁၄နာရီက ဦးချစ်ကို (ဘ) ဦးလှသော်(၄၀)နှစ်၏ နေအိမ် မီးဖိုမှ စတင်၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ထရံကာ၊ ထန်းလက်မိုး ( ၃ပင်×၃ပင် ) မြေစိုက် နေအိမ် (၁)လုံးနှင့် ဒေါ်သန်းဆင့် (ဘ) ဦးညိမ်းမောင် (၄၅) နှစ်၏ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး (၄ပင်×၃ပင်) တစ်ထပ် နေအိမ် (၁)လုံး မီးလောင်းကျွမ်းခဲ့ပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် ( ၁ ) စီးနှင့်အတူ ကျေးရွာသူ/ ကျေးရွာသားများက ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နံနက် ၈နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။


MOI Webportal Myanmar
.........

ပုလဲ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာတွင် မေ ၁၀ရက် နံနက် ၈နာရီ ၁၄ မိနစ်တွင် မီးဖိုမှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၂) လုံးပျက်စီး၍ ၀က် နှစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာတွင် မေ ၁၀ရက်၊ နံနက် ၈း၁၄နာရီက ဦးချစ်ကို (ဘ) ဦးလှသော်(၄၀)နှစ်၏ နေအိမ် မီးဖိုမှ စတင်၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ထရံကာ၊ ထန်းလက်မိုး ( ၃ပင်×၃ပင် ) မြေစိုက် နေအိမ် (၁)လုံးနှင့် ဒေါ်သန်းဆင့် (ဘ) ဦးညိမ်းမောင် (၄၅) နှစ်၏ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး (၄ပင်×၃ပင်) တစ်ထပ် နေအိမ် (၁)လုံး မီးလောင်းကျွမ်းခဲ့ပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် ( ၁ ) စီးနှင့်အတူ ကျေးရွာသူ/ ကျေးရွာသားများက ၀ုိင်းဝန်း ငြိမ်းသတ်မှုကြောင့် နံနက် ၈နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနေ အိမ်ရှင် ဦးချစ်ကိုအား ပုလဲမြို့မ ရဲစခန်း တွင် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

မင်းခန့်စိုး ( ဇေယျာမြေ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)