ေရမေဆးေက်ာက္ ရွာသူမ်ားေတြ႔သည့္ ေက်ာက္စိမ္းတုံး တပ္မေတာ္ သိမ္းယူဟုဆုိ

ဖားကန္႔ၿမိဳ႕နယ္ ဆိတ္မူေက်းရြာအုပ္စု နန္႔ေမာ္၌ ေမ ၂၇ ရက္ ညေန ၄ နာရီခန္႔က ေျမစာပုံထဲမွရသည့္ ပိႆာ ၂ဝဝ ခန္႔ရွိ ေက်ာက္စိမ္းတံုး တစ္လုံးကုိ ကန္သုံးေထာင္ တပ္စခန္းက သိမ္းယူသြားေၾကာင္း ယင္းေက်ာက္စိမ္းတုံး ေတြ႔႐ွိသူမ်ားထံမွ သိရသည္။

အဆုိပါေဒသသည္ ကန္သာဦး ကုမၸဏီ၏ ေျမစာသြန္ခ်ရာ ေျမစာပုံျဖစ္ၿပီး မုိးရြာသြန္းမႈေၾကာင့္ ေရစီးေခ်ာင္းျဖစ္ေပၚခဲ့ရာမွ ပိႆာခ်ိန္ ၂ဝဝ ခန္႔ရွိ ယင္းေက်ာက္စိမ္းတုံးကုိ ေရမေဆးသမားမ်ား ေတြ႔႐ွိခဲ့ျခင္းျဖစ္ေၾကာင္း ဆိတ္မူေက်းရြာ NLD ပါတီ ဥကၠ႒ ဦးေရႊသိန္းက ေျပာၾကားသည္။

"ေဒသခံေတြက ေရမေဆးရွာရင္း ေတြ႔တာ။ ေဒသခံေတြက ႐ုိးသားေတာ့ သယ္ယူဖုိ႔ဆိုၿပီး အနီးနားမွာ႐ွိတဲ့ ကန္သုံးေထာင္ စစ္စခန္းကုိ အေၾကာင္းၾကားတယ္။ အဲဒီမွာတင္ ေသနတ္နဲ႔ခ်ိန္ၿပီး တပ္ၾကပ္တစ္ေယာက္က လာသိမ္းသြားတာ"ဟု ေရမေဆးေက်ာက္ ရွာေဖြသူမ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ၎က ရွင္းျပသည္။

အဆုိပါ ကန္သုံးေထာင္ တပ္စခန္းသည္ အမွတ္ (၄၂၅) ေျချမန္တပ္ရင္းမွ တပ္ခြဲမွဴး ဗိုလ္ႀကီးမုိးသူေအာင္ ဦးစီးသည့္စခန္းျဖစ္ၿပိီး တပ္ၾကပ္တစ္ဦးက သယ္ေဆာင္ခြင့္ျပဳခဲ့ေသာ္လည္း အျခားတစ္ဦးက သိမ္းယူသြားျခင္းျဖစ္ေၾကာင္း ေက်ာက္စိမ္းတုံးေတြ႔ရွိသည့္ ေရမေဆးသမား တစ္ဦးက ေျပာဆိုသည္။

ယင္းေက်ာက္စိမ္းတုံးကုိ ကုမၸဏီ သုိ႔မဟုတ္ ႏုိင္ငံေတာ္ အစိုးရထံ အပ္မည္ဟုဆုိကာ သိမ္းယူသြားျခင္းျဖစ္ေၾကာင္း၊ သုိ႔ေသာ္ လက္ရွိ အခ်ိန္အထိ ကုမၸဏီထံသုိ႔ လာေရာက္အပ္ႏွံျခင္း မ႐ွိေၾကာင္း ကန္သာဦး ကုမၸဏီ တာဝန္ခံ ကုိတူးက ေျပာဆိုသည္။
The Voice Weekly
........
ရေမဆေးကျောက် ရှာသူများတွေ့သည့် ကျောက်စိမ်းတုံး တပ်မတော် သိမ်းယူဟုဆို

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု နန့်မော်၌ မေ ၂၇ ရက် ညနေ ၄ နာရီခန့်က မြေစာပုံထဲမှရသည့် ပိဿာ ၂ဝဝ ခန့်ရှိ ကျောက်စိမ်းတုံး တစ်လုံးကို ကန်သုံးထောင် တပ်စခန်းက သိမ်းယူသွားကြောင်း ယင်းကျောက်စိမ်းတုံး တွေ့ရှိသူများထံမှ သိရသည်။

အဆိုပါဒေသသည် ကန်သာဦး ကုမ္ပဏီ၏ မြေစာသွန်ချရာ မြေစာပုံဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ရေစီးချောင်းဖြစ်ပေါ်ခဲ့ရာမှ ပိဿာချိန် ၂ဝဝ ခန့်ရှိ ယင်းကျောက်စိမ်းတုံးကို ရေမဆေးသမားများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိတ်မူကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

"ဒေသခံတွေက ရေမဆေးရှာရင်း တွေ့တာ။ ဒေသခံတွေက ရိုးသားတော့ သယ်ယူဖို့ဆိုပြီး အနီးနားမှာရှိတဲ့ ကန်သုံးထောင် စစ်စခန်းကို အကြောင်းကြားတယ်။ အဲဒီမှာတင် သေနတ်နဲ့ချိန်ပြီး တပ်ကြပ်တစ်ယောက်က လာသိမ်းသွားတာ"ဟု ရေမဆေးကျောက် ရှာဖွေသူများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ရှင်းပြသည်။

အဆိုပါ ကန်သုံးထောင် တပ်စခန်းသည် အမှတ် (၄၂၅) ခြေမြန်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးမိုးသူအောင် ဦးစီးသည့်စခန်းဖြစ်ပြိီး တပ်ကြပ်တစ်ဦးက သယ်ဆောင်ခွင့်ပြုခဲ့သော်လည်း အခြားတစ်ဦးက သိမ်းယူသွားခြင်းဖြစ်ကြောင်း ကျောက်စိမ်းတုံးတွေ့ရှိသည့် ရေမဆေးသမား တစ်ဦးက ပြောဆိုသည်။

ယင်းကျောက်စိမ်းတုံးကို ကုမ္ပဏီ သို့မဟုတ် နိုင်ငံတော် အစိုးရထံ အပ်မည်ဟုဆိုကာ သိမ်းယူသွားခြင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိ အချိန်အထိ ကုမ္ပဏီထံသို့ လာရောက်အပ်နှံခြင်း မရှိကြောင်း ကန်သာဦး ကုမ္ပဏီ တာဝန်ခံ ကိုတူးက ပြောဆိုသည်။
The Voice Weekly


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)