ကျွန်းစုမြို့နယ် ၀န်တောင်ကျေးရွာအနီးရေပြင်တွင် သေဆုံးလျက်မျောနေသော အမျိုးသားတစ်ဦးအားတွေ့ရှိ


ကျွန်းစု မေလ ၁၁ ရက်



 ၎င်းအလောင်း အား ဆယ်ယူပြီး စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမှ မတွေ့ရှိရပဲ အလောင်းနှင့် ပေ(၃၀၀)အကွာတွင် အလျား(၇)တောင်ခန့်ရှိ ဟွန်ဒါစက်မြင်းကောင်ရေ(၁၃)ကောင် ဘေးချိတ်တပ် ဖိုင်ဘာလှေငယ်တစ်စီး နစ်မြှပ်နေ၍ ဆယ်ယူပြီး စစ်ဆေးရာတွင် လှေနှင့်တွဲလျက်ချည်ထားသော အ၀တ်အထည်ထည့်ပုံး ပလပ်စ တစ်ပုံးအားတွေ့ရှိ၍ ဖွင့်ကြည့်စစ်ဆေးရာ ဦးသန်းနိုင်(၄၆)နှစ်၊ (ဘ)ဦးထူးတင်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်ကျေးရွာပါ မှတ်ပုံတင်တစ်ခုတွေ့ရှိ၍ စုံစမ်းရာ သေဆုံးသူမှာ ဦးသန်းနိုင်ဖြစ်ကြောင်း သိရှိရကာ ၎င်းသေ ဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရှော်တောမော်နယ်မြေရဲစခန်းမှ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

Ko Kyun thar (facebook)
.......


ကျွန်းစု မေလ ၁၁ ရက်

ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ ၀န်တောင်ကျေးရွာအနီး ရေပြင်တွင် မေလ(၁၀)ရက်နေ့ နံနက် (၉း၃၀) အချိန်ခန့်က သေဆုံးလျက်မျောနေသော အလောင်းတစ်လောင်းအားတွေ့ရှိရာ အမျိုးသားတစ်ဦးဖြစ်နေ ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ ရှော်တောမော်နယ်မြေရဲစခန်းမှ ရဲအုပ်ဇင်မော်က စခန်းမှူးတာဝန် ထမ်းဆောင်နေစဉ် ၀န်တောင်ကျေးရွာအနီးရေပြင်၌ အလောင်းတစ်လောင်းမျောနေကြောင်း သတင်းအရ သက်သေများနှင့် သွားရောက်စစ်ဆေးရာ အမျိုးသားတစ်ဦး၏အလာင်းဖြစ်ကြောင်း သိရှိရသည်။

 ၎င်းအလောင်း အား ဆယ်ယူပြီး စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမှ မတွေ့ရှိရပဲ အလောင်းနှင့် ပေ(၃၀၀)အကွာတွင် အလျား(၇)တောင်ခန့်ရှိိ ဟွန်ဒါစက်မြင်းကောင်ရေ(၁၃)ကောင် ဘေးချိတ်တပ် ဖိုင်ဘာလှေငယ်တစ်စီး နစ်မြှပ်နေ၍ ဆယ်ယူပြီး စစ်ဆေးရာတွင် လှေနှင့်တွဲလျက်ချည်ထားသော အဝတ်အထည်ထည့်ပုံး ပလပ်စ တစ်ပုံးအားတွေ့ရှိ၍ ဖွင့်ကြည့်စစ်ဆေးရာ ဦးသန်းနိုင်(၄၆)နှစ်၊ (ဘ)ဦးထူးတင်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်ကျေးရွာပါ မှတ်ပုံတင်တစ်ခုတွေ့ရှိ၍ စုံစမ်းရာ သေဆုံးသူမှာ ဦးသန်းနိုင်ဖြစ်ကြောင်း သိရှိရကာ ၎င်းသေ ဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရှော်တောမော်နယ်မြေရဲစခန်းမှ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။


Ko Kyun thar (facebook)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)