၄ လအတြင္း ေရးၿမိဳ႕နယ္လူသတ္မွု (၄) မွုအနက္ ပင္လယ္ျပင္၌ (၃) မွုျဖစ္ပြားခဲ့

အေဘာ္က်းတန္း တံငါသည္တန္းလ်ား(MNA)
၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ လူသတ္မွု (၄) ခုျဖစ္ပြားခဲ့ရာ အေဘာ္က်ားတန္းရြာ ပင္လယ္ျပင္၌ လူသတ္မွု (၃) ခု ျဖစ္ပြားသည္ဟု ေရးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

ေရးၿမိဳ႕နယ္၊ ၿမိဳ႕နယ္ရဲမွုးျမင့္ေသာ္ က “ဒီပင္လယ္ျပင္မွာ လူသတ္မွု ၃ ခုေတာင္ျဖစ္ပြားတယ္။ အခ်င္းခ်င္းရန္ျဖစ္ တယ္။ တခ်ိဳ႕က အခ်င္ခ်င္ စကားမ်ားရာက နားလည္မွုလြဲမွားၿပီးေတာ့ ထိုးႀကိတ္တယ္။ ေရထဲပစ္ခ်တယ္။ ဒါအျပင္ ဒီမွာက သက္ငယ္သားမယားက်င့္မွုလည္း တစ္ခုျဖစ္ပြားခဲ့တယ္” ဟု ဆိုသည္။

၂၀၁၆ ဇန္နဝါရီလကေန ယခုလအထိ ေရးၿမိဳ႕နယ္တြင္ ေသမွုေသခင္း ၁၆ ခုျဖစ္ပြားခဲ့ရာ တစ္လ ၄ မွုႏွုန္း ျဖစ္ပြားေၾကာင္း၊ အဆိုပါေသဆုံးမွုတြင္ ေဖာင္လုပ္သားမ်ားသာ ျဖစ္မ်ားၿပီး ပင္လယ္ျပင္တြင္ ေသဆုံးမွု၊ ေဆး႐ုံမေရာက္မီ လမ္းတြင္ေသဆုံးမွု၊ အစာေရစာငတ္ျပတ္္ ေသဆုံးမွု ႏွင့္ အျခားနည္းျဖင့္ ေသဆုံးမွုမ်ား ရွိခဲ့ေၾကာင္း ရဲမွုးျမင့္ေသာ္က ဆိုသည္။

တံငါအလုပ္လုပ္ကိုင္ၾကသည့္ ငါးဖမ္းေဖာင္လုပ္သားမ်ားသည္ ပင္လယ္ျပင္တြင္ ရက္ေပါင္း ၾကာျမင့္စြာေနထိုင္လုပ္ကိုင္ၾကရေသာေၾကာင့္ အခ်ိဳ႕လုပ္သားမ်ား က်န္မားေရးဆိုးဝါးစြာခံစားခဲ့ရသည္ဟု သိရသည္။

တံငါလုပ္ငန္းရွင္မ်ားအေနျဖင့္ အသက္ ၆၀ ေက်ာ္သူမ်ားအားအႏၲရာယ္ရွိေသာ ပင္လယ္ျပင္သို႔ မေစလႊတ္သင့္ေၾကာင္း၊ အသက္ႀကီးရင့္သူမ်ားအား ပင္လယ္ျပင္သို႔ လႊတ္ေသာေၾကာင့္ ေသဆုံးပါက ေသမွုေသခင္းႏွင့္ အမွုဖြင့္ရမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ေသမွုေသခင္း ျဖစ္ေပၚပါက လုပ္ငန္းရွင္မ်ားအေနျဖင့္ အလုပ္ရွုပ္မည္ျဖစ္သကဲ့သို႔ ရဲတပ္ဖြဲ႕အေနျဖင့္ မွုခင္းတိုးပြားလာေၾကာင္း၊ မွုခင္းျဖစ္ေပၚမွုက်ဆင္းေစရန္ လုပ္ငန္းရွင္မ်ား ပူးေပါင္ပါဝင္ေစလိုေၾကာင္း ရဲမွူး ျမင့္ေသာ္က ဆက္ေျပာသည္။

အေဘာ္က်ားတန္း ေရလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွူး ဦးျမင့္သန္း က “က်ေနာ္တို႔မွာက ဒီပင္လယ္ ျပင္မွာ ေသဆုံးတာရွိပါတယ္။ ရြာေရာက္ၿပီးေသဆုံးတာလည္းရွိတယ္။ ျဖစ္ပြားသြားတဲ့ လူသတ္မွုကေတာ့ ဘယ္မွာ ျဖစ္ပြားခဲ့တာ ကိုေတာ့ မသိရဘူး” ဟု ဆိုသည္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလထိ ၄ အတြင္း အမွုေပါင္း ၉၈ ခု ျဖစ္ပြားၿပီး ၎အမွုထဲတြင္ အမွုႀကီး ၁၀ မ်ိဳးမွ လူသတ္မွု ၄ ခု၊ ေသမွုေသခင္း ၁၆ မွု၊ လုယက္မွု ၁ မွုႏွင့္ မုဒိန္းမွု ၂ မွုျဖစ္ပြားခဲ့ၿပီး အျခားအမွု ၃၄ ခုႏွင့္ ႀကိဳတင္ကာကြယ္မွု ၄၁ ခုျဖစ္ပြားခဲ့သည္ဟု ရဲမွတ္တမ္းအရ သိရသည္။

၂၀၁၅ ရဲမွတ္တမ္း မွုခင္းစာရင္းအရ ေရးၿမိဳ႕နယ္ရွိ ေရးၿမိဳ႕မရဲစခန္းအပိုင္နယ္ေျမအတြင္း မွုခင္း ၂၂၅ မွု၊ လမိုင္း ၄၄ မွုႏွင့္ ေခါဇာ ၃၃ မွု စုစုေပါင္း မွုခင္းႀကီးငယ္ ၃၃၂ မွု ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။

ေရးသားသူ: မြန္ေထာ
http://burmese.monnews.org
...........

အဘော်ကျးတန်း တံငါသည်တန်းလျား(MNA)
၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူသတ်မှု (၄) ခုဖြစ်ပွားခဲ့ရာ အဘော်ကျားတန်းရွာ ပင်လယ်ပြင်၌ လူသတ်မှု (၃) ခု ဖြစ်ပွားသည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ရေးမြို့နယ်၊ မြို့နယ်ရဲမှုးမြင့်သော် က “ဒီပင်လယ်ပြင်မှာ လူသတ်မှု ၃ ခုတောင်ဖြစ်ပွားတယ်။ အချင်းချင်းရန်ဖြစ် တယ်။ တချို့က အချင်ချင် စကားများရာက နားလည်မှုလွဲမှားပြီးတော့ ထိုးကြိတ်တယ်။ ရေထဲပစ်ချတယ်။ ဒါအပြင် ဒီမှာက သက်ငယ်သားမယားကျင့်မှုလည်း တစ်ခုဖြစ်ပွားခဲ့တယ်” ဟု ဆိုသည်။

၂၀၁၆ ဇန်နဝါရီလကနေ ယခုလအထိ ရေးမြို့နယ်တွင် သေမှုသေခင်း ၁၆ ခုဖြစ်ပွားခဲ့ရာ တစ်လ ၄ မှုနှုန်း ဖြစ်ပွားကြောင်း၊ အဆိုပါသေဆုံးမှုတွင် ဖောင်လုပ်သားများသာ ဖြစ်များပြီး ပင်လယ်ပြင်တွင် သေဆုံးမှု၊ ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးမှု၊ အစာရေစာငတ်ပြတ်် သေဆုံးမှု နှင့် အခြားနည်းဖြင့် သေဆုံးမှုများ ရှိခဲ့ကြောင်း ရဲမှုးမြင့်သော်က ဆိုသည်။

တံငါအလုပ်လုပ်ကိုင်ကြသည့် ငါးဖမ်းဖောင်လုပ်သားများသည် ပင်လယ်ပြင်တွင် ရက်ပေါင်း ကြာမြင့်စွာနေထိုင်လုပ်ကိုင်ကြရသောကြောင့် အချို့လုပ်သားများ ကျန်မားရေးဆိုးဝါးစွာခံစားခဲ့ရသည်ဟု သိရသည်။

တံငါလုပ်ငန်းရှင်များအနေဖြင့် အသက် ၆၀ ကျော်သူများအားအန္တရာယ်ရှိသော ပင်လယ်ပြင်သို့ မစေလွှတ်သင့်ကြောင်း၊ အသက်ကြီးရင့်သူများအား ပင်လယ်ပြင်သို့ လွှတ်သောကြောင့် သေဆုံးပါက သေမှုသေခင်းနှင့် အမှုဖွင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့သေမှုသေခင်း ဖြစ်ပေါ်ပါက လုပ်ငန်းရှင်များအနေဖြင့် အလုပ်ရှုပ်မည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းတိုးပွားလာကြောင်း၊ မှုခင်းဖြစ်ပေါ်မှုကျဆင်းစေရန် လုပ်ငန်းရှင်များ ပူးပေါင်ပါဝင်စေလိုကြောင်း ရဲမှူး မြင့်သော်က ဆက်ပြောသည်။

အဘော်ကျားတန်း ရေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်သန်း က “ကျနော်တို့မှာက ဒီပင်လယ် ပြင်မှာ သေဆုံးတာရှိပါတယ်။ ရွာရောက်ပြီးသေဆုံးတာလည်းရှိတယ်။ ဖြစ်ပွားသွားတဲ့ လူသတ်မှုကတော့ ဘယ်မှာ ဖြစ်ပွားခဲ့တာ ကိုတော့ မသိရဘူး” ဟု ဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ ၄ အတွင်း အမှုပေါင်း ၉၈ ခု ဖြစ်ပွားပြီး ၎င်းအမှုထဲတွင် အမှုကြီး ၁၀ မျိုးမှ လူသတ်မှု ၄ ခု၊ သေမှုသေခင်း ၁၆ မှု၊ လုယက်မှု ၁ မှုနှင့် မုဒိန်းမှု ၂ မှုဖြစ်ပွားခဲ့ပြီး အခြားအမှု ၃၄ ခုနှင့် ကြိုတင်ကာကွယ်မှု ၄၁ ခုဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

၂၀၁၅ ရဲမှတ်တမ်း မှုခင်းစာရင်းအရ ရေးမြို့နယ်ရှိ ရေးမြို့မရဲစခန်းအပိုင်နယ်မြေအတွင်း မှုခင်း ၂၂၅ မှု၊ လမိုင်း ၄၄ မှုနှင့် ခေါဇာ ၃၃ မှု စုစုပေါင်း မှုခင်းကြီးငယ် ၃၃၂ မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ရေးသားသူ: မွန်ထော
http://burmese.monnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)